NEWS

မန္တ​လေးမြို့မှာ အ​ခြေချပြီး တရုတ်မယားအဖြစ်လုပ်ကိုင်ရန်  စည်းရုံးခံရတဲ့အမျိုးသမီး ငယ် ၁၄ ဦး ကို ကယ်တင်ပြီး လူကုန်ကူးသူ​တွေကိုဖမ်းမိဟုဆို

CoverLogo
409 Views

မန္တလေး တွင် အ​ခြေချလာပြီး တရုတ်နိုင်ငံကို ပို့ဆောင်ကာ တရုတ်မယား ပြုလုပ် ဖို့ အတွက်  Facebook, TikTok ကတစ်ဆင့် စည်းရုံး ခံရသူ အမျိုးသမီးငယ် ၁၄ဦး ကို ကယ်တင်နိုင်ခဲ့ပြီး လူကုန်ကူးသူတွေ ကို ဖမ်းမိ ခဲ့တယ်လို့ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။ 

ဖြစ်စဉ်မှာ အမှတ် (၁၁) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (မန္တလေး) နဲ့ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် တာဝန်ကျတပ်ဖွဲ့ဝင် တွေ က  အောက်တိုဘာ ၂၄ ရက် နံနက် ၇ နာရီခွဲ မှာ  ပြည်ပထွက်ခွာသူတွေ ကို  ပူးပေါင်းစစ်ဆေးစဉ် ထိုင်းနိုင်ငံ Suvarnabhumi လေဆိပ်သို့  MAI လေကြောင်းလိုင်းဖြင့်ထွက်ခွာမယ့် တရုတ်နိုင်ငံသား GAO FENGYING (ကောင်းဖိန်းရင်) နှင့် အမျိုးသမီးငယ်သုံးဦးတို့ကို မသင်္ကာဖွယ်တွေ့ရှိသဖြင့် တပ်ဖွဲ့စုရုံးသို့ ခေါ်ယူစစ်မေးခဲ့ရာ အဆိုပါအမျိုးသမီးငယ်သုံးဦးမှာ လူမှုကွန်ရက် Facebook, TikTok အသုံးပြုဆက်သွယ် ပြီး တရုတ်နိုင်ငံသို့ တရုတ်မယားပြုလုပ်ရန် စည်းရုံးစုစည်းခေါ်ဆောင်ခံရသူတွေ ဖြစ်ကာ ၎င်းတို့ နဲ့ အတူ အမျိုးသမီးငယ် ၁၁ ဦးကို မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ၆၄ ဒီ လမ်း၊ ၁၁၅ x ၁၁၆ လမ်းကြားရှိ နေရာ မှာ  စုစည်းထိန်းချုပ်ထားတယ်လို့ သိခဲ့ရပါတယ်။ 

၎င်း  အမျိုးသမီးငယ် ၁၁ ဦးကို လည်း ကယ်တင်နိုင်ခဲ့  ကာ စစ်ဆေးမေးမြန်းချက်အရ  တရုတ်ယောကျ်ားနှင့် လက်ထပ်ရန်အတွက် ဂိုဏ်းဖွဲ့ကာ စည်းရုံးဆောင်ရွက်ခဲ့သူ ဒေါ်နန်းဆိုင်ခမ်း (ခ) မားမားအား ဖမ်းဆီးရမိခဲ့ပြီး ၎င်းမှာ ယခင်က ရွှေလီမြို့ရှိ တရုတ်နိုင်ငံသားပိုင်ကုမ္ပဏီ မှာ  တရုတ်ယောကျ်ားယူရန် အမျိုးသမီးငယ်များအား ပို့ဆောင်ပေးခဲ့ပေမယ့်  ခွဲတမ်းနည်းတဲ့ အတွက် ၎င်းကိုယ်တိုင် တရုတ်မယားပြုလုပ်မည့် မိန်းကလေး များရှာဖွေရန် wechat group မှတစ်ဆင့် မြန်မာနိုင်ငံအတွင်းမှ တစ်ဆင့်ခံ လူပွဲစား မမေထက်နိုင်ဦး (ခ) မထက်၊ မောင်ချစ်ထူး၊ မဖြိုးဖြိုးဝေတို့နှင့် ချိတ်ဆက်ဆောင်ရွက်ရန်  မန္တလေးမြို့မှာ  အခြေချနေထိုင်ဖို့  ၈၆ လမ်း၊ ကန်တော်ကြီးပတ်လမ်းအနီးရှိ ၃ ထပ်တိုက်တစ်လုံးနှင့် ပြည်ကြီးတံခွန်မြို့နယ်၊ ၆၄ ဒီ လမ်း၊ ၁၁၅ x ၁၁၆ လမ်းကြား နေအိမ် ကို ငှားရမ်းခဲ့ကာ အမျိုးသမီးငယ် တွေ ကို စည်းရုံးကာ  လူကုန်ကူးမှုလုပ်ငန်းများ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။ 

ဖြစ်စဉ်ဖော်ထုတ်သိရှိချက်အရ အမျိုးသမီးငယ်များမှာ မိမိတို့ဘဝ အလုပ်အကိုင်ရရှိရေးအတွက် လူမှုကွန်ရက် Facebook, TikTok များမှတစ်ဆင့် အလုပ်ရှာဖွေရာမှ တရုတ်မယားပြုလုပ်ရန် စည်းရုံးခံရသူတွေ ဖြစ်ကြပြီး  ပို့ဆောင်မယ့် လမ်းကြောင်းမှာ တရုတ်မယားပြုလုပ်နိုင်ရန်အတွက် ယခင်က နယ်စပ်ဒေသမှတစ်ဆင့် စည်းရုံးခေါ်ယူပို့ဆောင်နေရာမှ ယခုအခါ ပြည်ပနိုင်ငံတစ်ခုဖြစ်တဲ့  ထိုင်းနိုင်ငံမှတစ်ဆင့် တရုတ်နိုင်ငံသို့ ပို့ဆောင်နေကြောင်း စုံစမ်းသိရှိရတယ်လို့ဆိုပါတယ်။ 

ဒါကြောင့် မန္တလေးမြို့မှာ အခြေချပြီး လူကုန်ကူးမှုဂိုဏ်းဖွဲ့ကျူးလွန်ခဲ့သူ ဒေါ်နန်းဆိုင်ခမ်း (ခ) မားမား (ဖမ်းဆီးရမိ)၊ မမေထက်နိုင်ဦး (ခ) မထက် (တိမ်းရှောင်)၊ မဇင်သူခိုင် (တိမ်းရှောင်)၊ ချစ်ထူး (ဖမ်းဆီးရမိ)၊ မဖြိုးဖြိုးဝေ (ဖမ်းဆီးရမိ)၊ တရုတ်နိုင်ငံသား GAO FENGYING (ကောင်းဖိန်းရင်) (ဖမ်းဆီးရမိ)၊ တရုတ်နိုင်ငံသား LIN JIAN နှင့် ၎င်း၏မိခင်ဖြစ်သူ LI MANFEN (ဖမ်းဆီးရမိ)တို့ ရှစ်ဦးအား သက်ဆိုင်ရာ ရဲစခန်းများဖြစ်သည့် တံတားဦးမြို့နယ် လေဆိပ်နယ်မြေရဲစခန်း (ပ) ၂၃/၂၀၂၄၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၈ (က)/၄၄ ဖြင့်လည်းကောင်း၊ တံတားဦး မြို့နယ်လေဆိပ်နယ်မြေရဲစခန်း (ပ) ၂၄/၂၀၂၄၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က)/၄၄ ဖြင့်လည်းကောင်း၊ ပြည်ကြီးတံခွန်မြို့မရဲစခန်း (ပ) ၂၆၀/၂၀၂၄၊ လူကုန်ကူးမှုတားဆီး နှိမ်နင်းရေး ဥပဒေပုဒ်မ ၃၈(က)/၄၄ ဖြင့်လည်းကောင်း၊ ပြည်ကြီးတံခွန်မြို့မရဲစခန်း (ပ) ၂၆၁/၂၀၂၄၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က)/ ၄၄ ဖြင့်လည်းကောင်း အမှုဖွင့်အရေးယူ ထားရှိကြောင်း သိရပါတယ်။ 

 


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026