NEWS

ဂျပန်​ရောက်မြန်မာနိုင်ငံသား​တွေ PASSPORT သက်တမ်းတိုးရာမှာ အ​ထောက်အထားမပြည့်စုံသူထက်ဝက်​ကျော်ရှိ​နေတယ်လို့ဆို

CoverLogo
706 Views

ဂျပန် နိုင်ငံ မှာ ရောက်ရှိနေတဲ့ မြန်မာအလုပ်သမားတွေ အနေနဲ့  နိုင်ငံကူးလက်မှတ်သက်တမ်း တိုးဖို့ စာတိုက်ကနေ လျှောက်ထားရာမှာ လျှောက်ထားသူရဲ့ ထက်ဝက်ခန့် မှာ အချက်အလက်မပြည့်စုံ တာတွေ ဖြစ်နေတယ်လို့ တိုကျိုမြို့ရှိ  မြန်မာသံရုံးက ထုတ်ပြန်ပါတယ်။ 

နိုင်ငံကူးလက်မှတ်သက်တမ်းတိုး လျှောက်ထားရန်အတွက် လိုအပ်တဲ့ စာရွက်စာတမ်းတွေ  လျှောက်ထားနိုင်တဲ့  နည်းလမ်းတွေ ကို မြန်မာသံရုံး၊ တိုကျိုမြို့ရဲ့ မှာ အပြည့်အစုံ ဖော်ပြထားရှိတယ်လို့ ဆိုပါတယ်။ 

ပြီးခဲ့တဲ့ လအတွင်းက  မြန်မာသံရုံးသို့ စာတိုက်က  တစ်ဆင့်ပေးပို့ကာ  နိုင်ငံကူးလက်မှတ် သက်တမ်း တိုးလျှောက်ထားသူ ၅၀၀ ကျော်ရှိခဲ့တာမှာ  ၂၀၀ နီးပါးဟာ အချက်အလက်ပြည့်စုံခြင်း မရှိတာ တွေ့ရတယ်လို့ မြန်မာသံရုံးက ထုတ်ပြန်ထားပါတယ်။ 

ဒါကြောင့် အချက်အလက် ပြည့်စုံခြင်းမရှိ တဲ့  စာအိတ် တွေ ကို သံရုံး မှ  တစ်ဦးချင်းအလိုက် ဆက်သွယ်အကြောင်းကြား ပေးလျက်ရှိပေမယ့် အချို့မှာ  အဆက်အသွယ် မရရှိတဲ့ အတွက် နိုင်ငံကူးလက်မှတ် သက်တမ်းတိုး ဖို့ လုပ်ဆောင်မရဖြစ်ကာ  မလိုလားအပ်တဲ့ ကြန့်ကြာမှုတွေ ဖြစ်နေရတယ်လို့ ဆိုပါတယ်။ 

ဒါကြောင့်    ကြန့်ကြာမှု  မရှိစေဖို့ အတွက်  နိုဝင်ဘာ ၁ရက်က စကာ  စာတိုက်မှ ပေးပို့လျှောက်ထားပြီး စာရွက်စာတမ်း၊ အချက်အလက်မပြည့်စုံတဲ့  နိုင်ငံကူးလက်မှတ် လျှောက်ထားသူတွေ ကို လိုအပ်နေတဲ့  စာရွက်စာတမ်း အား  သံရုံးမှစိစစ်ဖေါ်ပြပြီး  သက်ဆိုင်ရာ စာအိတ်ပါလိပ်စာ အတိုင်း ပြန်လည် ပေးပို့သွားမည်ဖြစ်ကာ ကာယကံရှင်မှ လိုအပ်ချက်များပြည့်စုံစွာဖြည့်စွက်ပြီးပါက သံရုံးသို့  ပြန်လည်ပေးပို့ကြ ဖို့ ထုတ်ပြန်ထားပါတယ်။ 

 


Related posts

Cover
ပုလိပ်ဖြင့်ဖမ်းခိုင်းမည်ဟုခြိမ်းခြောက်ပြီး လုပ်အားခမပေးဘဲ အလုပ်လုပ်ခိုင်း
Aug 26, 2025
Cover
နယ်စပ်ဖြတ်ကျော်လာပြီး တောထဲတွင် ပုန်းအောင်းနေသည့် မြန်မာလုပ်သား ၁၀၀ ဦးအဖမ်းခံရ
Aug 26, 2025
Cover
ဖူးခက် လ၀က အချုပ်ခန်းတွင် မြန်မာအမျိုးသမီးတစ်ဦး ကြိုးဆွဲချသေဆုံး
Aug 22, 2025
Cover
ပြည်ပရောက်မြန်မာနိုင်ငံသားတွေ ကြိုတင်မဲ ပေးလိုပါက ကိုယ်ရေးအချက်အလက် အပြည့်စုံ ဖေါ်ပြပြီး မြန်မာသံရုံး ကိုပေးပို့ တောင်းဆိုနိုင်ဟုဆို
Aug 22, 2025
Cover
ပြည်ပရောက်အလုပ်သမားရဲ့ မိသားစုထံလွှဲပို့ငွေအတွက် အေဂျင်စီတွေကို နေပြည်တော်ခေါ်ယူစိစစ်မည်
Aug 21, 2025
Cover
အထောက်အထားမဲ့ နယ်စပ်ဖြတ်ကျော်လာသည့် မြန်မာနိုင်ငံသား ၅၀ ကျော် အဖမ်းခံရ
Aug 21, 2025
Cover
အလုပ်ပြောင်း၊ သူဌေးပြောင်း မည့် လုပ်သားများ အလုပ်ပြောင်းစာ ဘိုင်ကျန့်အော် ထုတ်စရာမလိုတော့ဟု ထိုင်းအလုပ်သမားဝန်ကြီးဌာနထုတ်ပြန်
Aug 21, 2025
Cover
အထောက်ထားမပြည့်စုံတဲ့ ရွှေ့ပြောင်းလုပ်သားတွေကို ထိုင်းအစိုးရက ဘတ်အသစ်ရိုက်ပေးပြီး အလုပ်လုပ်ခွင့်ပြု
Aug 20, 2025