NEWS

ထိုင်းနိုင်ငံမှာ နှစ်ရှည် နေထိုင်နေတဲ့  ရွှေ့ပြောင်း နေထိုင်သူ ၅ သိန်းခန့်ကို ထိုင်းနိုင်ငံသား ဖြစ်ခွင့်ပေးမယ်လို့ဆို

CoverLogo
461 Views

ထိုင်းနိုင်ငံအတွင်း နှစ်ရှည်လများနေထိုင် နေတဲ့​ရွှေ့ပြောင်း နေထိုင်သူ နိုင်ငံခြားသား ၅ သိန်းခန့်ကို ထိုင်းနိုင်ငံသား ဖြစ်ခွင့်ပေးဖို့   ထိုင်းအစိုးရက  သဘောတူခွင့်ပြုလိုက်တယ်လို့ ထိုင်းမီဒီယာတွေက ဖော်ပြထားပါတယ်။ 

အောက်တိုဘာလ ၂၉ ရက်က ကျင်းပတဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ နိုင်ငံခြားသား ၄၈၃,၀၀၀ ဦးကို ထိုင်းနိုင်ငံသားအဖြစ် အသိအမှတ်ပြုလက်ခံမယ်လို့  ဆိုပါတယ်။ 

ထိုင်းလူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနရဲ့ စစ်ဆေးချက် စာရင်းများအရ ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေတဲ့ တောင်ပေါ်တိုင်းရင်းသားလူမျိုးစုနဲ့သူတို့က မွေးဖွားလာသူတွေ၊ ထိုင်းနိုင်ငံမှာ မွေးဖွားတဲ့ နိုင်ငံမဲ့သူအရေ အတွက်ဟာ (၄၈၃၀၀၀)ရှိနေတယ်လို့သိရပါတယ်။ 

"နှစ်ရှည်နေထိုင်နေတဲ့ နိုင်ငံခြားသား တွေ ကို နိုင်ငံသား ဖြစ်ခွင့် ပေးမယ်လို့တော့ ထိုင်းအစိုးရ က ပြောတာပဲ ဘယ်တော့လဲ ဆိုတာ မသိသေးဘူး
သူတို့က ပြောတာဘဲ ရှိတာ အခုထိ ပန်းရောင် ဘတ် ကိစ္စ ​တောင် ဘယ်တော့လုပ်ပေးမယ်မသိသေးဘူး 
တကယ်လို့ နိုင်ငံသား ဖြစ်ခွင့် ရမယ်ဆိုလဲ  အောက်ခြေ အလုပ်သမားတွေ အတွက်က မျှော်လင့်ချက်နည်းပါတယ်""လို့ ထိုင်းရောက် မြန်မာနိုင်ငံသားတစ်ဦးက မှတ်ချက်ပြုပါတယ်။ 

နိုင်ငံသားအဖြစ် အသိအမှတ်ပြုမယ့်လုပ်ငန်းစဥ်နဲ့ပတ်သက်လို့ အသေးစိတ်ကို လာမယ့် တစ်လ ဒါမှမဟုတ် နှစ်လအတွင်း ထုတ်ပြန်ကြေညာပေးမယ်လို့ သိရပါတယ်။

၁၉၈၄ ခုနှစ်ကနေ ၁၉၉၉ ခုနှစ်အထိ ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းနေထိုင်သူ ၁၂၀,၀၀၀ ဦးခန့်၊ ၂၀၀၀ ပြည့်နှစ်ကနေ ၂၀၁၁ ခုနှစ်အထိ ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းနေထိုင်သူ ၂၁၅,၀၀၀ ဦးခန့်၊ ထိုင်းနိုင်ငံမှာ မွေးဖွားကြီးပြင်းတဲ့ တိုင်းရင်းသားမျိုးနွယ် ကလေးငယ် ၂၉,၀၀၀ ဦးခန့်၊ နေထိုင်ခွင့်အထောက်အထားမရှိပေမယ့် ထိုင်းနိုင်ငံမှာ မွေးဖွားလာတဲ့ ကလေးငယ် ၁၁၃,၀၀၀ ဦးခန့်၊ စုစုပေါင်း ၄၈၃,၀၀၀ ဦးခန့်ကို ထိုင်းနိုင်ငံသားအဖြစ် အသိအမှတ်ပြုပေးဖို့ အစိုးရအဖွဲ့က ဆုံးဖြတ်ခဲ့တာလို့ သိရပါတယ်။ 

 


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026