ဒီကနေ့တနေ့တာကတော့ကလေး PDF တပ်စခန်းငယ်တခုစီးနင်းခံရပြီး အမျိုးသမီးဆေးစစ်သည် ၈ ဦးဖမ်းဆီးခံရတဲ့သတင်းအပြင် NUCC သတင်းစာရှင်းပွဲနဲ့ မုံရွာမှာတပ်တွင်းစတုဒီသာဝယ်ဖို့စျေးဝယ်ထွက်ရင်းပစ်သတ်ခံလိုက်ရတဲ့ဒုဗိုလ်မှူးအကြောင်းတွေပါ။
- ပြည်တွင်းခုခံတိုက်ခိုက်မှု့နဲ့ဒလန်ရှင်းလင်းမှု့
KNU တပ်မဟာ ၅ နယ်မြေအတွင်း ၂ ရက်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီမှ တပ်ရင်းမှူး၊ တပ်ခွဲမှူးများအပါအဝင် ၃၂ ဦးသေဆုံး၊ ၅၆ ဦး ဒဏ်ရာရသွားတယ်လို့မူတြော်ခရိုင်သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

ဒီ၂ ရက်အတွင်းမှာတော့ကရင်ကချက်ပေးတဲ့မုန့်ဟင်းခါးမှာပွဲကြီးပွဲသေးစုံတယ်လို့ပြောရမှာပါ။
အနယ်နယ်အရပ်ရပ်မှာမုန့်ဟင်းခါးစပါယ်ရှယ်ချက်ပေးနေသလိုဗမာပြည်အလယ်ပိုင်းမှာလဲကုန်ကြမ်းရရင်ရသလိုချက်ပါတယ်။
ဒီကနေ့မနက်ပိုင်း၁၀နာရီဝန်းကျင်မှာပဲစစ်ကိုင်း၊ မုံရွာမြို့ဘုရားကြီးရပ်ကွက်ရုပ်စုံကျောင်းအနီးမှာ
ဒုအရာခံဗိုလ်ကို အထူးဒေသတိုက်ခိုက်ရေးတပ်ဖွဲ့(မုံရွာ)ကပစ်သတ်လိုက်တယ်လို့သိရပါတယ်။
ဒုအရာခံဗိုလ်သည် မုံရွာအခြေစိုအသတ်ခံရသူဟာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှဖြစ်ပြီး တပ်အတွင်းစတုဒီသာ ကျွေးမွေးရန်အတွက်စျေးဝယ်ထွက်လာတာဖြစ်ပြီးတော့ စျေးဝယ်ထွက်လာသူ ဒုအရာခံဗိုလ်၂ဦးအနက် ဒုအရာခံဗိုလ်တစ်ဦးကို သေနတ်ဖြင့် ဦးခေါင်းတေ့ပစ်ခတ်ခဲ့သည်ဟု အထူးဒေသတိုက်ခိုက်ရေးတပ်ဖွဲ့(မုံရွာ) SRSF-MWAကပြောပါတယ်။
နောက်တခုကတော့မဂ်လာဒုံမြသီတာရပ်ကွက်
ကရာအိမ်မှူးဒေါ်ပူစူးတယောက် မနေ့ကအိမ်ထဲအထိသေနတ်နဲ့ ၅ ချက်ဝင်ပစ်တာမသေဘဲ ဒီကနေ့မှာရာအိမ်မှူးအဖြစ်ကနှုတ်ထွက်ကြောင်းကြေငြာလိုက်တယ်လို့ဆိုပါတယ်။
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် စစ်တပ်အမာခံထောက်ခံသူ ရေဂမိုးရွာမှ ထွန်းဦးသည် ယနေ့ နိုဝင်ဘာလ ၁၆ ရက်နေ့ တွင် ပစ်သတ်ခံလိုက်ရပါတယ်။
မန္တလေးတိုင်း၊ မိုးကုတ်မြို့ အရှေ့ပိုင်း မြို့မရပ်ကွက်အတွင်းရှိ ဘီယာဆိုင် တစ်ဆိုင်တွင် ယနေ့ မနက်ပိုင်း ( ၁၀ )နာရီဝန်းကျင်ခန့်က စစ်ကောင်စီသတင်းပေးဟု သတ်မှတ်ခံထားရသူ မင်းမင်းအောင် ပစ်ခတ်ခံရသော်လည်း သေဆုံးမှုတော့ မရှိဘူးလို့ သိရပါတယ်။
စစ်ကိုင်းမြို့နယ်၊ ဆင်မြေကျေးရွာမှ စစ်ကောင်စီသတင်းပေးလည်းဖြစ်၊ ပျူစောထီးအဖွဲ့ဝင်လည်းဖြစ်သူ သိန်းနိုင်စိုး ယမန်နေ့ နိုဝင်ဘာလ ၁၅ရက်နေ့၊ ည၈နာရီ ၄၀မိနစ်ဝန်းကျင်အချိန် အသတ်ခံလိုက်ရကြောင်း၊ စစ်ကောင်စီသတင်းပေး ပျူစောထီးအဖွဲ့ဝင် သိန်းနိုင်စိုး၏ ညီဖြစ်သူ စစ်တပ်မှ တပ်ကြပ်ကြီးတစ်ဦးဖြစ်ကြောင်း၊ ၎င်းကို ဇေယျာညီနောင်ပြောက်ကြားအဖွဲ့က သတ်ဖြတ်ခြင်းဖြစ်ကြောင်း သိရပါတယ်။
- အကြမ်းဖက်စစ်တပ်မှအပြစ်မဲ့ပြည်သူများကိုတရားလက်လွတ်သတ်ဖြတ်မှု့
အကြမ်းဖက်စစ်ကောင်စီတပ်များသည် မင်းကင်းမြို့နယ်တွင် ပြည်သူ ၄ ဦးကိုလည်းကောင်း၊ ရေဦးမြို့နယ်တွင် စိတ်ဝေဒနာရှင် တစ်ဦးကိုလည်းကောင်း၊ လပွတ္တာနှင့်ရွှေဘိုမြို့တို့တွင်လည်း ပြည်သူ ၂ ဦးကိုလည်းကောင်း စုစုပေါင်း ပြည်သူ ၇ ဦးကို ပစ်ခတ်သတ်ဖြတ်သွာတာကိုဒေသခံတွေကအတည်ပြုထားတဲ့သတင်းကိုပြည်တွင်းသတင်းဌာနတွေမှာဖော်ပြပါတယ်။ပျူစောထီးလက်နက်ကိုင်တွေနဲ့ပေါင်းသတ်တာလို့လဲဆိုကြပါတယ်။
အဲ့ဒီ့နောက်နိုဝင်ဘာ ၁၃ ရက်နေ့မှာပဲ
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်တွင် EPC ရုံး လက်လုပ်ဗုံးပစ်သွင်းမှုနှင့် ကျောက်ဖြူစာသင်ကျောင်းတွင် ဗုံးတွေ့သည်ဟု ဆိုသောကိစ္စများနှင့်ပက်သက်၍ စစ်တပ်က ကိုကျော်သူဝင်းကို ဖမ်းဆီးပြီး စစ်ကြောရေးတွင် သတ် ဖြတ်လိုက်ကြောင်း ဒီသတ်ဖြတ်မှု့ကိုအဓိကလုပ်ဆောင်တာကတော့ကျုံပျော်အခြေစိုက် ခမရ၃၆ တပ်ကလို့သိရပါတယ်။
နောက်တခုကတော့စစ်တပ်ကစိတ်ကျန်းမာရေးချို့တဲ့သူကိုပါမရှောင်ပစ်သတ်တဲ့သတင်းပါ။
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အနောက်ခြမ်းကြောင်းသို့ စစ်ကြောင်းချီတက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်များသည် ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်လျက်ရှိရာ ကွမ်းအုံကျေးရွာမှ စိတ်ဝေဒနာရှင် ကိုအောင်ကိုဝင်းကို ပစ်ခတ်သတ်ဖြတ်သွားတယ်လို့သိရပါတယ်။
- ပြည်တွင်းပြည်ပနိုင်ငံရေးလှုပ်ရှားမှု့များ
ပြည်တွင်းစစ်အာဏာရှင်စနစ်ပြုတ်ကျရေး ပြောက်ကျားသပိတ်တွေကတော့ ရန်ကုန်မန္တလေးနဲ့အနယ်နယ်အရပ်ရပ်တွေမှာအင်ပြည့်အားပြည့်ရှိနေဆဲပါ။
ဒီနေ့အတွက်ထူးခြားတာကအမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီရဲ့သတင်းစာရှင်းပွဲလုပ်တာပါ။
ဒီပွဲမှာကရင်၊ ကရင်နီနဲ့ချင်းကခေါင်းဆောင်တွေအပြင် NUCC မှာပူးပေါင်းလုပ်ဆောင်နေတဲ့ကိုမင်းကိုနိုင်၊ ကိုနန္ဒာစစ်အောင်တို့လိုအင်အားပြည့်တဲ့အာဏာရှင်ဆန့်ကျင်ရေး လူထုအလုပ်သမားနဲ့သပိတ်ခေါင်းဆောင်တွေပါဝင်တယ်လို့ဆိုရမှာပါ။
NUCC ကိစ္စအတိုချုပ်ပြောရရင်ဖက်ဒရယ်ဒီမိုကရေစီပဋိညာဥ်မူကြမ်းပြီးပါပြီ။မကြာခင်ပြည်သူ့ဆန္ဒခံယူပွဲနဲ့အတည်ပြုပြီးဖက်ဒရယ်ဒီမိုကရေစီနိုင်ငံအတွက် ဖက်ဒရယ်မူဘောင်တွေတည်ဆောက်အကောင်အထည်ဖော်တော့မှာပါ။
ကိုမင်းကိုနိုင်ကတော့"ကျွန်တော်တို့ဟာကမ္ဘာမှာ တလှည့်ခေါင်းမော့နိုင်ကြအုံးမှာပါ"လို့အားနဲ့မာန်နဲ့ပြောသွားတာပြည်သူတွေအတွက်အားတက်စရာပါပဲ။
ဒါကတော့နိုဝင်ဘာ ၁၆ ရက်နေ့တနေ့တာသတင်းအကျဥ်းချုပ်ပါ။လိုအပ်တဲ့အချက်အလက်အချို့ကိုပြည်တွင်းသတင်းဌာနတွေကနေမှီငြမ်းရေးသားပါတယ်။