ပြည်သူတွေအပေါ်အကြမ်းဖက်ဖိနှိပ်ပြီး ရပ်ရွာလူနေအိမ်များနှင့် မြို့ပြတွေပေါ်အထိ တိုက်လေယာဥ်များဖြင့် ဗုံးကျဲတိုက်ခိုက်နေမှုကို ရပ်တန့်ပေးရန် လက်ပံတောင်းတောင်ဒေသသပိတ်အင်အားစုက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်တိုက်ပွဲကနေ တောင်းဆိုလှုပ်ရှားမှုကို ယနေ့ အောက်တိုဘာ ၃၁ ရက်နေ့မှာပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ပြည်သူလူထုအပေါ် စစ်ရာဇဝတ်မှုတွေကို အဆုံးသတ်ဖို့ “Airbus: End investment in AVIC” ခေါင်းစဥ်နဲ့ လှုပ်ရှားခဲ့ကြပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးကြွေးကြော်သံများနဲ့ ချီတက်သပိတ်ပြုလုပ်ခဲ့ကြပါတယ်။