ထားဝယ်ခရိုင်၊ ကံပေါက်ဒေသ ဖားချောင်းကျေးရွာမှ မြန်မာရှင်တဘီ ကျေးရွာသို့ဒီကနေ့ နေ့လည် ၁ နာရီဝန်းကျင်ခန့်အချိန်မှစ၍ စစ်ကြောင်းထိုးလာနေတယ်လို့ ကနဦးသိရပါတယ်။
အကြမ်းဖက်စစ်ကောင်စီအင်အား လေးဆယ်ဝန်းကျင်ပါတယ်လို့ ကနဦးသိရပါတယ်။
စစ်ကောင်စီတပ်တွေဟာ နိုဝင်ဘာလ ၁၈ ရက်က
မြေခဲတောင်နှင့် ဆယ်အိမ်စုရွာကြားမှာ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၄ဦးသေပြီး ၄ ဦးထက်မနည်းဒဏ်ရာရရှိခဲ့ပါတယ်။
နိုဝင်ဘာလ ၁၉ ရက်နေ့မှာတော့ တောင်ရင်းအင်းရွာနှင့်ဖားချောင်းရွာများသို့စစ်ကောင်စီတပ်တွေဟာအင်အား ၁၀၈ ဦးခန့် ရောက်လာကြပြီး လမ်းကြောင်းတစ်လျှောက်ကင်းပုန်းများချထားကာနေရာယူထားကြောင်းသိရပါသည်။
နိုဝင်ဘာလ ၁၈ ရက်က မိုင်းဆွဲတိုက်ခိုက်ခံရပြီး ရွာသားတွေကို ဖမ်းဆီးစစ်ဆေးတာတွေ၊ ဧည့်စာရင်းစစ်တာတွေလုပ်ဆောင်ခဲ့လို့ ဒေသခံတွေဟာ၎င်းတို့၏တောင်ယာ ခြံများအတွင်းထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ဒေသခံတွေကပြောပါတယ်။
နိုဝင်ဘာလ ၂၀ ရက်နေ့မှာတော့ထွက်ပြေးတိမ်းရှောင်နေတဲ့ရွာသားတစ်ချို့ကိုမိမိတို့၏နေအိမ်များ၌လာရောက်နေထိုင်ကြဖို့စစ်ကောင်စီတပ်များကဖိအားပေးခြိမ်းခြောက်လို့ ၎င်းတို့၏အိမ်များတွင်မနေချင်ပေမဲ့လည်းလာရောက်နေနေခဲ့ရကြောင်းဆိုပါတယ်။
အခုဆိုရင်"တောင်ယာတွေထဲခြံတွေထဲမှာ အိမ်မွေးတိရစ္ဆာန်ကျွဲ နွားများအစရှိသည်တို့ကိုသွားယူခြင်သော်လည်း ရွာသားများကကြောက်၍သွားမယူရဲသေးကြောင်း"ပြောကြပါတယ်။
စစ်ကောင်စီတပ်များဟာ ဖားချောင်းရွာဘုန်းကြီးကျောင်းနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးနဲ့ စာသင်ကျောင်းတို့တွင်တပ်စွဲထားကြောင်းဒေသခံများကပြောဆိုပါတယ်။
ဒေသခံများ၏ပြောကြားချက်အရ စစ်ကောင်စီတပ်ဖွဲ့ဝင်များဟာဖားချောင်းရွာနှင့် တောင်ရင်းအင်းရွာတို့တွင် ၇ ရက်ခန့်တပ်စွဲပြီး စစ်ကြောင်းထိုးမယ်လို့သိရပါတယ်။
စစ်ကြောင်းထိုးသွားတဲ့တပ်တွေပြောနေတာကတော့နှမ်းကျဲ ဧကနိ အကုန်ဝိုင်းထားတယ်လို့ ပြောနေကြကြောင်း ဒေသခံတွေကဆိုပါတယ်။
ဒေသခံရွာသားတွေအနေနဲ့ နောက်ဆက်တွဲဖြစ်လာမှာတွေကို စိုးရိမ်ပူပန်နေရတယ်လို့ ဆိုပါတယ်။

ကံပေါက်CJ