NEWS

ကော်စေ့စက်ရုံမီးလောင်မှု ၈နာရီကျော်ကြာအထိ မီးငြှိမ်းသတ်ခဲ့ရ

CoverLogo
265 Views

ဒီဇင်ဘာ ၅ရက်နေ့ ည ၇ အချိန်ခန့်က  ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊  ဒဂုံအရှေ့စက်မှုဇုန်၊ ပြင်စည်မင်းသားကြီးလမ်းရှိ ကော်စေ့စက်ရုံ မီးလောင်မှုဖြစ်ပွားခဲ့ရာ ဒီဇင်ဘာ ၆ရက် နံနက် ၃နာရီ၄၁မိနစ်အထိ မီးလောင်မှုကို ၈ နာရီကျော်ကြာ မီးငြှိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။ 

"၆.၁၂.၂၀၂၄ ရက်နေ့၊ ၀၃:၄၁ အချိန်တွင် မီးငြိမ်းပါသည်" လို့ နာကူရန်ကုန်သီးသန့်မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ 

အဆိုပါမီးလောင်မှုကို မီးစတင်လောင်ကျွမ်းချိန် ဒီဇင်ဘာ ၅ ရက်နေ့ ၆ :၅၇ အချိန်ခန့်က ဌာနချုပ်ရဲ့ညွှန်ကြားချက် Level (၁) ယာဉ်အုပ်စုများနှင့်အတူ အရံမီးသတ်တပ်ဖွဲ့ခွဲမီးသတ်ယာဉ်များ ပရဟိတအသင်းအဖွဲ့များဖြင့် ငြှိမ်းသတ်ခဲ့ပြီး ည ၉:၃၂ အချိန်တွင် ဌာနချုပ်ညွှန်ကြားမှု Level (၂) ယာဉ်အုပ်စုများ ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ဒီဇင်ဘာ ၆ ရက်နေ့နံနက် ၀၃:၄၁ အချိန်အထိ နာရီပေါင်း ၈ နာရီနဲ့မိနစ် ၄၀ကြာသည်အထိ မီးသတ်ခဲ့ရတာဖြစ်ပါတယ်။ 

မီးစတင်လောင်ကျွမ်းရတဲ့အကြောင်းအရင်းနဲ့ မီးလောင်ပျက်စီးသွားတဲ့ တန်ဖိုးတွေကိုတော့ မသိရသေးပါဘူး။

အဆိုပါစက်ရုံဟာ ပေ၂၀၀ ပေ ၆၀၀ အကျယ်အဝန်းရှိတဲ့စက်ရုံဖြစ်ကာ ကော်စေ့သိုလှောင်ရုံဂိုထောင်စက်ရုံဖြစ် ပြီး  တစ်ညလုံးနီးပါးမီးလောင်ကျွမ်းခဲ့တာကြောင့် မီးသတ်တပ်ဖွဲ့ဝင်များနဲ့ ပရဟိတအသင်းအဖွဲ့ဝင်များလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တာတွေရှိခဲ့ပြီး တစ်ဦးဟာအပြင်းအထန်ဒဏ်ရာရထားတယ်လို့လည်း သိရပါတယ်။ 

"တစ်ညလုံးမှာ မီးသတ်သမားက၃ယောက်။ ပရဟိတသမားက ၄ယောက် ဒဏ်ရာရတယ်။ အဲအထဲမှာမီးသတ်သမားတစ်ယောက်က တော်တော်များတယ်။ တစ်ကိုယ်လုံးလောင်ခံရတာ။ ကော်ပုံပေါ်တက်မီးငြှိမ်းတာ။ ကော်ပုံကအောက်ကနေလှိုက်ပြီးလောင်လာတော့ ကော်ပုံပြိုကျပြီးမီးနဲ့ကပ်သွားတာ။မနည်းဆွဲထုတ်ယူကြရတယ်။ သူကဒဏ်ရာများတယ်။ တစ်ကိုယ်လုံးနီးပါးပဲ"လို့ မြေပြင်ရောက်ရှိကူညီခဲ့တဲ့ ပရဟိတလူမှုကူညီရေးအသင်းတစ်ခုက ဆိုပါတယ်။

အဆိုပါစက်ရုံ ည ၆နာရီမိနစ်၅၀ခန့်ကစတင်လောင်ကျွမ်းခဲ့ပြီး  ယနေ့နံနက်၃နာရီခွဲကျော်သည်အထိ မီးငြိမ်းသတ်ရာနေရာမှာ  ရန်ကုန်တိုင်းအတွင်းကလူမှုကူညီရေးအသင်းများ မြေပြင်ဆင်းသက်ကူညီရသလို သောက်ရေသန့်အကူအညီနဲ့ ဓာတ်ဆီအကူညီလိုအပ်မှုတွေပါရှိခဲ့တယ်လို့ သိရပါတယ်။


Related posts

Cover
ငလျင်လှုပ်ခတ်ပြီးနောက် ကုန်ပစ္စည်းတချို့ ဈေးနှုန်းမြင့်တက်လာ
Mar 31, 2025
Cover
ငလျင်ဒဏ်ကြောင့် လျှပ်စစ်မီးအချိန်ကြာမြင့်စွာပြတ်တောက်ပြီး ရန်ကုန်မြို့နေပြည်သူတွေ သုံးရေ အခက်ကြုံနေ
Mar 31, 2025
Cover
ရန်ကုန်မြို့တွင် ၄ နာရီ အလှည့်ကျ လျှပ်စစ်မီးဖြန့်ဝေပေမဲ့ မိနစ် အနည်းအငယ်သာ သုံးခွင့်ရ
Mar 31, 2025
Cover
ငလျင်ကြောင့် မန္တလေး တက္ကသိုလ်  ပြိုကျပြီး မီးလောင်မှု ဖြစ်ပွားနေ
Mar 28, 2025
Cover
မြန်မာနိုင်ငံတစ်ဝှမ်း အင်အားပြင်း ငလျင် လှုပ်ခတ်မှုဖြစ်ပွား  ပျက်စီးဆုံးရှုံးမှု များပြားနိုင်
Mar 28, 2025
Cover
ရန်ကုန်တွင် လျှပ်စစ်မီးကို ၄ နာရီလာ ၈ နာရီပျက် စနစ်ဖြင့် ဓာတ်အား  ဖြန့်ဖြူးမှု ပြန်လည်လုပ်ဆောင်
Mar 25, 2025
Cover
ဇွဲကပင်တောင်ခြေ တောမီးလောင်မှု အခြေ အနေ ထိန်းထားနိုင်ပြီဟုဆို
Mar 25, 2025
Cover
၂ လအတွင်း စပါးတင်းပေါင်းသိန်း ၁၅၀ နှင့်ဧည့်မထ ဆန်အိတ်(၄)သိန်းထိ ဆန်စပါးအသင်းချုပ် ဝယ်ယူမည်ဟုဆို
Mar 23, 2025