အခြေခံလူတန်းစားတွေအများဆုံးအသုံးပြုတဲ့ဘေးတွဲဆိုင်ကယ်တွေဟာလက်ရှိမှာခရီးသည်ရရှိမှုနည်းလာကြောင့်စားဝတ်နေရေးအခက်အခဲတွေရှိနေပါတယ်။
စစ်အာဏာာသိမ်းထားတဲ့ကာလကြာလာတာနဲ့အမျှပြည်သူတွေဟာစားဝတ်နေရေးပိုမိုခက်ခဲလာတာဖြစ်ပြီး ဘေးတွဲဆိုင်ကယ်မောင်းတာဟာအရင်ကဝင်ငွေကောင်းတဲ့အလုပ်တစ်ခုဖြစ်ခဲ့ပေမယ့်အခုချိန်မှာတော့ဆက်လက်ရပ်တည်ဖို့ခက်ခဲလာတာဖြစ်ပါတယ်။
"အများစုကအသက် ၃၅ အထက်တွေမောင်းကြတာ။ကျွန်တော်တို့အသက်အရွယ်နဲ့ဘယ်အလုပ်ဝင်လို့ရမှာလဲ။အရင်ကတော့ဖောက်သည်ရှိရင်ရှိသလိုရတယ်။အခုကျစီးနေကျဖောက်သည်တွေကတောင်လမ်းလျှောက်တာများလာတယ်။အခုကတော့ကျောင်းလပေးဆွဲတာလေးတွေရှိသေးတယ်။ကျောင်းတွေပိတ်ရင်ပိုဆိုးမှာလို့"ဘေးတွဲကယ်ရီသမားတစ်ဦးကပြောပါတယ်။
လက်ရှိမှာစက်သုံးဆီဈေးနှုန်း မြင့်တက်နေသလိုပြင်ဆင်စရိတ်တွေဟာကြီးမြင့်နေတာကြောင့် စီးနင်းခကိုလည်းလျှော့ပေးဖို့အခက်အခဲရှိနေတယ်လို့သိရပါတယ် ။
"အခုကဂိတ်ထိုးရင်လည်းလတိုင်းပေးရတာရှိတယ်။ကုန်ဈေးနှုန်းကလည်းတက်နေတယ်။ကိုယ်လိုထိုင်နေရတဲ့သူတွေကလည်းအများကြီးပဲ။ဒါပေမယ့်ဈေးကအရင်လိုမခေါ်တာတောင်အရမ်းလျှော့လို့မရတော့ဘူး။ခရီးသည်ကလည်းစက်ဘီးနဲ့သွားကြတယ်။လိုင်းကားစောင့်စီးတယ်။အခုဆိုဂိတ်ထိုးလည်းအခြေအနေမကောင်းဘူး။အရင်တစ်မနက်လောက်ရတဲ့ငွေကအခုတစ်ရက်လောက်ရှာရတယ်"လို့ဘေးတွဲကယ်ရီသမားတစ်ဦးကပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက်မှာဘေးတွဲဆိုင်ကယ်မောင်းသူတွေကိုမူဝါဒအမျိုးမျိုးထုတ်ပြန်ကာအကြပ်ကိုင်နေပြီးလက်ရှိမှာတော့အမိုးမတပ်ဖို့၊ ဆိုင်ကယ်စီးဦးထုပ်ဆောင်းဖို့၊ ဂိတ်တည်နေရာသားထားတဲ့အင်္ကျီဝတ်ဆင်ဖို့ညွှန်ကြားထားတယ်လို့သိရပါတယ်။
စစ်ကောင်စီဟာဘေးတွဲဆိုင်ကယ်မောင်းသူတွေဆီက ဆက်ကြေးကိုလစဉ်တောင်းခံသလိုလူအင်အားအသုံးပြုဖို့လိုအပ်တဲ့နေရာတွေမှာလည်းခေါ်ယူအသုံးပြုနေတာဖြစ်ပါ