NEWS

YUHUA အထည်ချုပ်စက်ရုံ အပြောင်းအလဲမရှိဘဲ အချိန်ပိုခေါ်ခိုင်းလို့ တလ နှစ်ရက်သာ အနားရ

CoverLogo
468 Views

YUHUA အထည်ချုပ်စက်ရုံမှာ ကြီးကြပ်ရေးမှူးတွေက အလုပ်သမားတွေရဲ့ လုပ်ခလစာ ဖြတ်တောက် ရယူ တာတွေ ဆက်ရှိနေပြီး အချိန်ပို ဆက်တိုက် ခေါ်ခိုင်းနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ် ။ တစ်ကတ်ကြေး၊ ဒေးကြေး နှစ်မျိုးနဲ့  လုပ်ခလစာကို စက်ရုံဘက် သတ်မှတ်ပေးထားပေမဲ့ တစ်ကတ်ကြေးရဲ့ ပမာဏာက ရှင်းရှင်းလင်းလင်း မသိရသလို အောစူပါနဲ့ စူပါလောက်ကလည်း အလုပ်သမားတွေရဲ့ လုပ်ခလစာ အစွန်းတွက် ရယူနေတာတွေက မပြောင်းလဲဘဲ ရှိနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ 

“ပြီးခဲ့ နှစ်ကလည်း အလုပ်သမားရုံးက လာမစစ်ဘူး။  စက်ရုံမှာတော့ အောစူပါနဲ့  ဆဲတာတွေ ငြိမ်သွားတယ်။ နောက်တော့ ပုံမှန််တိုင်း ပြန်ဆဲတာပါပဲ။ ဖြတ်တာတွေကလည်း ဖြတ်နေတုန်းပဲ။  အခုတော့ အချိန်ပိုတွေ မဆင်းမနေရ ဖြစ်နေပြီ။ အလုပ်သမားတွေလည်း ပင်ပန်းတယ်။ အချိန်ပို  လုပ်ရတာများတော့ မိသားစုတွေက မယုံတော့ဘူး” လို့ အမျိုးသမီးလုပ်သားတဦး က ပြောပါတယ်။ 

၂၀၂၅  ဇန်နဝါလက လုပ်ငန်းခွင်ထဲမှာ တစ်ကတ်ကြေးနဲ့ လုပ်ခလစာအတွက် တောင်းဆိုမှုတွေ ဖြစ်ပွားခဲ့ပြီး နောက်မှာ ၏ လုပ်ခလစာ တိုးမြှင့်ရခဲ့ပေမဲ့၊ တစ်ကတ်ကြေး ဘယ်လောက်ဆိုတာ မသိရဘူးလို့ ပြောပါတယ်။ 
လုပ်ခလစာ တိုးမြှင့်ရရှိခဲ့တာကို အကြောင်းပြုပြီး အချိန်ပိုတွေ ဆက်တိုက်လုပ်ကိုင် ခိုင်းရာမှာ တလ နှစ်ရက် တည်းသာ အနားရခဲ့တယ်လို့ အလုပ်သမားတဦးက ပြောပါတယ်။ 

“ အချိန်ပိုတွေက တနင်္ဂနွေပါ လုပ်ခိုင်းတယ်။ ပြီးခဲ့လမှာ လွတ်လပ်ရေးနေ့နဲ့ နောက်တရက်ပိတ်တယ်။ ကျန်တဲ့ နားရက်မှန်သမျှ အကုန်ဆင်းရတယ်။ တရုတ်နှစ်ကူးပိတ်ရက်တောင် နားခွင့်မရဘူး ။ ဒီလို ခေါ်ခိုင်းတာက ပြီးခဲ့တဲ့ သီတင်းကျွတ်လောက်ကတည်းက။ ပိတ်ရမယ်ဆိုရင်တောင် အောနိုက်တွေ ခေါ်ခိုင်းတာ။ နိုင်ငံရေး အခြေအနေက အမျိုးသမီးတွေအတွက် မကောင်းတော့ မဆင်းချင်ကြဘူး ”  လို့ အမျိုးသမီး အလုပ်သမားတဦးက ပြောပါတယ်။ 

ညနက် နေအိမ်ပြန်ချိန် ကြိုဖို့ယာဉ်တွေ စစ်ဆေးခံရတာ၊ အလုပ်သမားတွေကိုယ်တိုင် စစ်ဆေးခံရတာကြောင့် အချိန်တွေ လုပ်ကိုင်လိုတာ မရှိဘူးလို့ ပြောပါတယ်။ အလုပ်ချိန် မနက် ၈ နာရီက‌နေ ညနေ ၄ နာရီခွဲအထိ ဖြစ်ပေမဲ့ အချိန်ပို ၇ နာရီအထိ  နားချိန်မရဘဲ နေ့စဉ်လုပ်ကိုင်ရတယ်လို့ ပြောပါတယ်။

“အနားပေးချိန်က ပေးကို မပေးတာ။ ၇ နာရီအထိပဲ ဖြစ်ဖြစ်၊ ၉ နာရီပဲ ဖြစ်ဖြစ်၊ အောင်လင်းအောနိုက် ဖြစ်ဖြစ် နားချိန်သီးသန့်မပေးဘူး။ စက်ရုံက စားချင်တာ ကျွေးတယ်။ နားချိန်တော့မပေးဘူး။ လုပ်ငန်းခွင်မှာပဲ ဖြစ်သလို စားရတယ်။ အခုတော့ အိမ်ကိုပဲ ထည့်ပေးတော့တယ်။ ဖြစ်သလို စားဖို့တောင် အချိန်မပေးတော့ဘူး။ လစာမှာ အချိန်လုပ်ခကို ၆ ခွဲအထိပဲ တည့်တွက်ပေးတယ်။ နာရီဝတ်စာကို တပတ်တခါ ရှင်းပေး တယ်။ ဒါက အချိန်ပို လုပ်ခတွေမှန်သမျှ အဲလိုပဲ ရှင်းပေးတယ်။” လို့ အမျိုးသမီး အလုပ်သမားတစ်ဦးက ပြောပါတယ်။ 

အချိန်ပိုတွေ ဆက်တိုက်ခိုင်းစေဖို့ စီစဉ်နေပြီး ဒီတလတွင်း တနင်္ဂနွေနဲ့ ပြည်တောင်စုနေ့လို့ ပိတ််ရက်တွေမှာပါ ဆက်တိုက်ဆင်းခိုင်းဖို့ စက်ရုံဘက်က ပြင်ဆင်နေတယ်လို့ အလုပ်သမားတွေက ဆက်ပြောပါတယ်။ အလုပ်သမား တွေ လုပ်ငန်းပြီးစီးပါက စက်ရုံဘက်က တခြားအလုပ်တွေကိုလည်း လုပ်ကိုင်ခိုင်းတယ်လို့လည်းပြောပါတယ်။ 

“စက်လိုင်းတလိုင်းမှာ အလုပ်ပြီးလို့ အနားမရဘူး။ တခြား ဌာနကို သွားလုပ်ပေးရတယ်။ လုပ်ရတော့လည်း ကျွမ်းကျင်မှုမရှိတော့ လိုအပ်တဲ့ အရေအတွက်မရဘူး။ ထိုင်လုပ်တဲ့သူက မတ်တပ်ရပ်လုပ်ပေးတာ ၊ ပိုပင်ပန်း ရတယ်။” လို့ အလုပ်သမားတစ်ဦးက ပြောပါတယ်။

YUHUA အထည်ချုပ်စက်ရုံကို တရုတ်အမျိုးသားတဦးပိုင်ဆိုင်ပြီး လုပ်ငန်းခွင်ညှိနှိုင်းဖြန်ဖြေရေးကော်မတီ (WCC) ကတော့ ပြီးခဲ့တဲ့နှစ်ကမှ ဖွဲ့စည်းထားပါတယ်။ လက်ရှိ စက်ရုံက တရုတ်ထည်တွေကို အလုပ်သမား ၃၀၀ ဝန်းကျင်နဲ့ ချုပ်လုပ်နေတယ်လို့  Myanmar Labour News ကို အလုပ်သမား တွေက ပြောကြားထားပါတယ်။


Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026