NEWS

Myanmar Guotai Huasheng နှစ်ကြီး အလုပ်သမားများအား မှတ်ပုံတင်လုပ်ခိုင်းပြီး လုပ်သက် ဖြတ်တောက်

CoverLogo
507 Views
Myanmar Guotai Huasheng Glory Fashion Co.,Ltd ပိုင် အထည်ချုပ်စက်ရုံက နှစ်ကြီးအလုပ်သမားတွေကို မှတ်ပုံတင် ပြုလုပ်ခိုင်းပြီး အလုပ်သမားအသစ်အဖြစ် ပြန်လည်ခန့်ထားမယ်ဆိုပြီး ပြောဆိုတယ်လို့ မြန်မာနိုင်ငံကုန်ထုတ်နှင့်စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ် (IWFM) ထံကသိရပါတယ်။
 
“ဒီလ ၁၈ရက်က မှတ်ပုံတင်အတု နဲ့ အလုပ်ဝင်ထားသူတွေ၊ အသက် မပြည့်လို့ အလုပ်ထုတ်မဲ့ အလုပ်သမား တွေနဲ့ ဆို စုစုပေါင်း ၇၀ ကျော်တယ်။ ဒီလကုန် ၃၀ရက်နေ့မှာ နောက်ဆုံးလုပ်။ ပြီးရင် မှတ်ပုံတင် ပြန်လုပ်ပေါ့ ။ အဲ့အတွက် ခွင့်လည်း မပေးဘူး။ လုပ်ပြီးရင် လုပ်သက်တစ် နှစ်ကျော် နှစ်နှစ်သမားတွေကို လူသစ်အနေနဲ့ အလုပ်ခန့်မယ်။ အလုပ်ပြန်ခန့်မှာ လူဟောင်းလို မဟုတ်တော့ဘူး။ လုပ်သက်တွေ နစ်နာတယ်။” လို့ အလုပ်သမားက ပြောပါတယ်။
 
အသက်မပြည့်လို့ အလုပ်ထုတ်မဲ့ အလုပ်သမားတွေမှာ လုပ်သက်ရင့် နှစ်ကြီးအလုပ်သမားတွေ ဖြစ်ပြီး EC စာချုပ် ချုပ်ဆိုထားတဲ့ အလုပ်သမားတွေ ဖြစ်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
လုပ်ငန်းခွင်အတွင်း ဖိအားပေး အထည်စံချိန်တောင်းပြီး စိတ်ပိုင်းဆိုင်ရင် ထိခိုက်တဲ့ အထိ ဆဲဆို ပြောဆိုတယ်လို့လည်း သိရပါတယ်။
 
"အလုပ်သမား ၂၅ ယောက်ကို တနာရီ လိုင်းပေါက်အထည် ၁၅၀ကျော် ပေးရတယ်။ အထည်စံချိန်မပြည့်တာနဲ့ အောစူပါနဲ့ စူပါတွေ က ဆဲတော့တာပဲ။ ဆဲတဲ့ စကားလုံးတွေအပြင် ထမင်းစား ကြီးတာလား -ျီးစားတာလား ပြောခံရတယ်၊ နောက် နိုင်ငံခြားသားတရုတ်တွေနဲ့ ပေးစားတဲ့စကား​တွေအ​ပြော ခံရပါတယ်။” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
အလုပ်သမားတွေ ဥပဒေအရ ခံစားခွင့်ရှိတဲ့ ရှောင်တခင်ခွင့်၊ ဆေးခွင့် နဲ့ ခွင့်ခံစားခွင့် တွေ မရဘဲ့ အလုပ်တစ်ရက်ပျက်ပါက ၅၀၀၀၀ ကျော် အဖြတ်ခံရတယ်လို့လည်း ဆိုပါတယ်။
လုပ်ငန်းခွင်အတွင်း ‌သောက်ရေနဲ့ သန့်စင်ခန်းတွေက ကျန်းမာရေးနဲ့ ညီညွတ်မှု မရှိဘူးလို့လည်း အလုပ်သမားတွေက ပြောပါတယ်။
 
"ရက်ပျက်တာနဲ့ ဒေးကြေး ၁၁၅၀၀ ၊ ရက်မှန်ကြေး ၄၀၀၀၀ အကုန်ဖြတ်ပါတယ်။ သောက် ရေက အဆင်မပြေတဲ့ အပြင် ရေပြတ်တဲ့ နေ့တွေရှိတယ်။ အိမ်သာကနည်း အလုပ်သမားကများ၊ နောက် အိမ်သာတွေက မလုံဘူး။ ဆိုးတာက ယောက်ကျားလေးနဲ့ မိန်းကလေး တွေကို အိမ်သာ ပေါင်းထားပေးတယ်။” လို့ ပြောဆိုပါတယ်။
 
Myanmar Guotai Huasheng Glory Fashion Co.,Ltd အထည်ချုပ်စက်ရုံက မြစိမ်းရောင်စက်မှုဇုန်၊ ၆၁ဂိတ်အနား၊ လှိုင်သာယာမြို့နယ်မှာ ဖွင့်လှစ်ပြီး အလုပ်သမား ၁၀၀၀ကျော် လုပ်ကိုင်နေပါတယ်။ စက်ရုံကို တရုတ်နိုင်ငံသားပိုင်ဆိုင်ပြီး Lcw vision, Xside, အမှတ်တံဆိပ် အထည်တွေ ချုပ်လုပ်နေတယ်လို့ အလုပ်သမားတွေက ပြောဆိုထားပါတယ်။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026