NEWS

အလုပ်သမားအဖွဲ့စည်းများ လွတ်လပ်စွာ ဖွဲ့စည်း နိုင်တယ်လို့ စစ်ကော်မရှင်ရဲ့ အလုပ်သမားဝန်ကြီးပြော

CoverLogo
202 Views
 
ပြည်တွင်း ရှိ စက်ရုံ အလုပ်ရုံ လုပ်ငန်း တွေမှာ အလုပ်ရှင်၊ အလုပ်သမားကြားဆက်ဆံရေးကောင်းမွန်စေ ဖို့ အလုပ်သမား အဖွဲ့စည်းတွေ လွတ်လပ်စွာ ဖွဲ့စည်းဆောင်ရွက်နိုင်တယ်လို့ စစ်ကော်မရှင်ရဲ့အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးက ပြောပါတယ်။
 
နိုဝင်ဘာ ၁၄ ရက်က ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်ရှိ အထည်ချုပ်စက်ရုံ တွေက အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ် တွေနဲ့ တွေ့ဆုံ ရာမှာ ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
 
၂၀၁၁ ခုနှစ်၊ အလုပ်သမားအဖွဲ့ အစည်းဥပဒေနှင့်အညီ အဖွဲ့အစည်းအဆင့်ဆင့် ဖွဲ့စည်းနိုင်ရေး ကို ဦးစီးဌာနမှ လိုအပ်တဲ့ ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးမယ်လို့ လည်း ၎င်းကပြောကြားခဲ့ပါတယ်။
 
လက်ရှိမြေပြင်မှာတော့ပြည်တွင်း အလုပ်သမားအဖွဲ့စည်းတွေမှ ခေါင်းဆောင်သူတွေနဲ့ အဖွဲ့ဝင်တွေ ကို ဖမ်းဆီး အရေးယူ ပြီး အကျဉ်းချ ထားခံရတာ တွေ ရှိတဲ့အပြင် အလုပ်သမားအခွင့်ရေးတွေကိုလည်း ထိရောက်စွာတောင်းဆိုနိုင်ခွင့် မရှိဘူးလို့ အလုပ်သမားအရေး လုပ်ဆောင်သူတွေ ကပြောပါတယ်။
 
အခုလို အလုပ်သမားအရေး လှုပ်ရှားသူတွေကို ဖမ်းဆီးထောင်ချတာတွေကြောင့် ILOနဲ့ ပြည်တွင်း ပြည်ပ အဖွဲ့ တွေက ကန့်ကွက် တာတွေ ပြုလုပ်တဲ့အတွက် ပြီးခဲ့အောက်တိုဘာလ ၂၀ ရက် မှာ ဖမ်းဆီးထိမ်းသိမ်းခံထားရတဲ့ အလုပ်သမားအရေး လှုပ်ရှားသူ မြန်မာနိုင်ငံစက်မှု လက်မှုနှင့်ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် MICS-TUsFရဲ့ အထွေထွေအတွင်းရေးမှုးချုပ် ကိုသက်နှင်းအောင်၊ သွေးစည်းညီညွတ်သောသမဂ္ဂများ အဖွဲ့ချုပ်(STUM)ဒေါ်မျိုးမျိုးအေး တို့ကို ပြန်လည် လွှတ်ပေးပေမယ့် STUMအဖွဲ့ ဝင် ၉ ဦးအပါအဝင် အလုပ်သမားအရေးလှုပ်ရှားသူအချို့ကို လက်ရှိအချိန်ထိ ဖမ်းဆီး ထားကြောင်း သိရပါတယ်။
 
စစ်ကော်မရှင်ရဲ့ အလုပ်သမားဝန်ကြီးဌာနက ပြည်တွင်းမှာ အလုပ်ရှင်၊အလုပ်သမားအဖွဲ့စည်းပေါင်း ၃၀၀၀ ကျော် မှတ်ပုံတင်ခွင့်ပေးထားတယ်လို့၂၀၂၅ခုနှစ် ဇန်နဝါရီ ၂၃ ရက်က ထုတ်ပြန်ထားပါတယ်။

Related posts

Cover
General Textile (Myanmar) Apparel အထည်ချုပ် ပြည်တောင်စုနေ အလုပ်ဆင်းခိုင်း
Feb 09, 2026
Cover
Dishang Fashion (Myanmar) အထည်ချုပ်အလုပ်သမားများအား ဝန်ထမ်းတချို့ မှ ခွဲခြားဆက်ဆံ
Feb 09, 2026
Cover
Myanmar Zxi Xin အထည်ချုပ် စက်ရုံ အချိန်ပို အလွန်အကျွံခေါ်
Feb 08, 2026
Cover
Sudey အောစူပါက တရုံလုံး သူ အမိုက်ရိုင်းဆုံးလို့ ပြောပြီး ခြိမ်းခြောက်
Feb 08, 2026
Cover
Myanmar Ming Fan မနက်မိုးအလင်း အချိန်ပိုခိုင်းပြီး ပြန်ခွင့်မပေး
Feb 07, 2026
Cover
အထည်ချုပ်အမျိုးသမီးတွေကို တရုတ်အငှားမယား အဖြစ် စည်းရုံးသိမ်းသွင်းပေးနေတဲ့ Jafon (ဂျက်ပွန်လက်ကိုင်အိတ်ကုမ္ပဏီလီမီတက်ရဲ့ အချက်အလက်များ
Feb 07, 2026
Cover
အထည်ချုပ်အမျိုးသမီးအလုပ်သမားတွေ တရုတ်အငှားမယား (သို့မဟုတ်) ငွေပေးကျွန်ဝယ်မှုများ၏ သားကောင်ဖြစ်လာ
Feb 06, 2026
Cover
Glary Jun Xing Garment ခွဲခြားဆက်ဆံပြီး အောလင်း၊ အောနိုက် အချိန်ပိုများ ခိုင်းစေနေ
Feb 06, 2026