NEWS

အပိုထောက်ပံ့ကြေး ၁၀၀၀ကျပ် မပေးသဖြင့်တိုင်ကြားခံရသည့် True Green City စက်ရုံ အလုပ်ရှင်၊ အလုပ်သမား ညှိနှိုင်းပြေလည်မှုရရှိ

CoverLogo
112 Views
ရန်ကုန်တိုင်းဒေသကြီး၊ရွှေပြည်သာမြို့နယ် ဝါးတရာစက်မှုဇုန်မှာ ဖွင့်လှစ်ထားတဲ့ True Green City Co.,Ltd (ကော်စေ့စက်ရုံ) ဟာ စစ်ကော်မရှင်ရဲ့ အလုပ်သမားဝန်ကြီးဌာနက သတ်မှတ်ထားသော အပိုထောက်ပံကြေး ၁၀၀၀ ကျပ် မပေးတဲ့ အတွက် တိုင်ကြားခံခဲ့ရကာ နိုဝင်ဘာ ၂၀ရက်မှာတော့ အပိုထောက်ပံ့ကြေး ၁၀၀၀ ကျပ် ပြန်လည်ပေးတဲ့ အတွက် အလုပ်ရှင်၊ အလုပ်သမားပြေလည်မှု ရရှိခဲ့တယ်လို့ သွေးစည်ညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်(STUM)က ထုတ်ပြန်ထားပါတယ်။
 
၎င်း True Green City စက်ရုံမှာ ၂၀၂၅ခုနှစ် အောက်တိုဘာ ၁ရက် နေ့မှစတင် သတ်မှတ်ထားတဲ့ အပိုထောက်ပံ့ကြေး (၁,၀၀၀)ကျပ် ပေးချေခြင်းမရှိတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အလုပ်သမားများမှ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့် အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနသို့ တိုင်ကြားခဲ့တယ်လို့ ဆိုပါတယ်။
 
အခုလို တိုင်ကြားတဲ့ အတွက် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနရုံးတွင် နိုဝင်ဘာ ၁၃ရက်၊ ၁၈ရက်နဲ့ ၂၀ရက် တို့မှာ အလုပ်ရှင်၊ အလုပ်သမား နှစ်ဦးနှစ်ဘက်အားခေါ်ယူ တွေ့ဆုံဖြေရှင်းပေးရာ ပြေလည်မှု ရရှိပြီး နှစ်ဘက်သဘောတူညီစာချုပ်နိုင်ခဲ့တယ်လို့သိရပါတယ်။
 
သဘောတူစာချုပ်တွင် အောက်တိုဘာလ က ပေးချေရမည့် အပိုထောက်ပံကြေး ၁၀၀၀ ကျပ်ကို ၁၉၅၁ ခုနှစ် ခွင့်ရက်နှင့်ပိတ်ရက် ဥပဒေနှင့်အညီ တွက်ချက်၍ နိုဝင်ဘာလ ရဲ့ လုပ်ခလစာထဲတွင် ထည့်သွင်းပေးရမှာဖြစ်သလို အခြေခံလစာ ၄၈၀ဝ ကျပ် နဲ့အစိုးရထောက်ပံ့ကြေး ၃၀၀ဝ ကျပ် ကို နိုဝင်ဘာ လမှစကာ ခံစားခွင့်ရရှိမယ်လို့ သဘောတူညီမှု ရရှိခဲ့ကြောင်း သိရပါတယ်။
 

Related posts

Cover
Myanmar Guotai Huasheng နှစ်ကြီး အလုပ်သမားများအား မှတ်ပုံတင်လုပ်ခိုင်းပြီး လုပ်သက် ဖြတ်တောက်
Nov 30, 2025
Cover
လာအို Honor Home စက်ရုံ တခြား အလုပ်ရုံတွင် လုပ်ကိုင်ခိုင်း၊ မလုပ်ပါက နေရပ်ပြန်ရန် ပြော
Nov 30, 2025
Cover
သမဂ္ဂဖွဲ့ရန် ကြိုးပမ်းသည့် SHENG TAI စက်ရုံလုပ်သားများ အလုပ်ထုတ်ခံရပြီး ခွဲခြားဆက်ဆံမှုများ ကြုံတွေ့ရ
Nov 22, 2025
Cover
DAMEI စက်ရုံတွင် အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရပြီး အရွယ်မရောက်သူများပါ အလွန်အကျွံ ခိုင်းစေခံရ
Nov 21, 2025
Cover
ပြည်ပအလုပ်အကိုင်အတွက် EC စာချုပ် ချုပ်ပြီး တစ်နှစ်နီးပါးအထိ ထွက်ခွာခွင့်မရတဲ့အလုပ်သမားတွေ အခက်ကြုံနေ
Nov 21, 2025
Cover
အလုပ်သမားအဖွဲ့စည်းများ လွတ်လပ်စွာ ဖွဲ့စည်း နိုင်တယ်လို့ စစ်ကော်မရှင်ရဲ့ အလုပ်သမားဝန်ကြီးပြော
Nov 21, 2025
Cover
Myanmar Bestfortune Garment တစ်ပတ် ၇ ရက်နီးပါး အချိန်ပို ဖိအားပေးစေခိုင်း
Nov 21, 2025
Cover
Myanmar Huasheng Golden Fashion အလုပ်သမား ၂၀၀ နီးပါးအား အလုပ်ထုတ်
Nov 15, 2025