NEWS

DAMEI စက်ရုံတွင် အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရပြီး အရွယ်မရောက်သူများပါ အလွန်အကျွံ ခိုင်းစေခံရ

CoverLogo
376 Views
DA MEI Myanmar Co.,Ltd ပိုင် အထည်ချုပ်စက်ရုံမှာ အလုပ်သမား ၁၀၀၀ ကျော် အခွင့်အရေး ချိုးဖောက်ခံရပြီး အရွယ်မရောက်သူများပါ အလွန်အကျွံ ခိုင်းစေခံနေရတယ်လို့ မြန်မာနိုင်ငံ ကုန်ထုတ်နှင့်စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) ထံကသိရပါတယ်။
 
DA MEI Myanmar Co.,Ltd အထည်ချုပ် စက်ရုံက ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ စက်မှူဇုန် ၅ စံပယ်လမ်းမှာ ဖွင့်လှစ်ထားပြီး အလုပ်သမား ၁၀၀၀ ဝန်းကျင် လုပ်ကိုင်နေတယ်လို့ ပြောပါတယ်။
 
“စက်ရုံက ကြီးကြပ်ရေးမှူးတွေက အလုပ်သမားတွေ မချုပ်နိုင် အထည် စံချိန်တွေ တောင်းတယ်။ အလုပ်သမား ၄၀ ဝန်းကျင်ကို တစ်နာရီ အထည် ၁၅၀ အနည်းဆုံး တောင်းတယ်။ အသက်မပြည့်တဲ့ ကလေးတွေလည်း လူကြီး အလုပ်သမားတွေနဲ့ အတူ တန်းတူလုပ်ရတယ်။ စံချိန်ပြည့်အောင်ချုပ်ပေးဖို့ ထမင်းစားချိန်ကိုတောင် အပြည့်အဝ မနားရဘူး ။” လို့ အလုပ်သမားကပြောပါတယ်။
 
တောင်းခံတဲ့ အထည်အရေအတွက် များပြားတာကြောင့် ထမင်းစားနားချိန် နာရီဝက်ကိုပဲ အပြည့်အဝ အနား မရဘဲချုပ်လုပ်ပေးရသလို ရက်ပျက်လို့ဆိုပြီး ကြီးကြပ်သူတွေရဲ့ ဆဲဆိုမှုတွေကိုပါ ခံစားနေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“အလုပ်ပျက်လို့ကတော့ စူပါတွေ လီတာတွေက ဆဲဆိုပြီး အလုပ် က မထွက် ထွက်အောင် ဖိအားပေးပြီး ဆဲဆိုနေတာ။ ဆဲလွန်းလို့ အလုပ်ထွက်သော အလုပ်သမားများလည်း အများကြီး ရှိတယ်။ HR က စူပါများ လီတာတွေ ခိုင်းတဲ့အတိုင်း လုပ်ပေးနေရတာ ၊ စူပါက အလုပ်ထုတ်ပေးဆို ထုတ်လိုက်တာပဲ။” လို့ ပြောပါတယ်။
 
ဆေးခွင့်၊ ရှောင်တခင်ခွင့်ရက်နဲ့ ခွင့်ခံစားခွင့်တွေ မရဘဲ ၊ ဖူလုံရေးဆေးခန်းက ဆေးခွင့်ပေးတာကို စက်ရုံက ပယ်ဖျက်ပြီး ခွင့်မဲ့အဖြစ် သတ်မှတ်ပြီး ဒေးကြေး ကျပ် ၁၁၀၀၀နဲ့ ရက်မှန်ကြေး ကျပ်၂၅၀၀၀ ဖြတ်တောက်တယ်ရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“လုပ်ငန်းခွင်မှာ အလုပ်သမား ၁၀၀ လောက်က အသက်၁၄၊ ၁၅၊ ၁၆ အရွယ်တွေ။ အဲ့ကလေးတွေကို အလုပ်ခန့်တော ဆရာဝန်ထောက်ခံစာချက်မပါဘူး။ ပြီးတော့ လူကြီးအလုပ်သမားတွေနဲ့ တန်းတူခိုင်း တာ။ တခြား နေ့စားအလုပ်သမားတွေကိုဆို လုပ်သက် ၃လ ပြည့်လည်း အတည်ခန့်တာမရှိဘူး။ ခွင့်ရက်တွေ၊ ဆေးခွင့်နဲ့ ကုသဖို့ အခွင့်အရေး ရှုံးနေကြတာပေါ့၊ တခြားအလုပ်သမားတွေနဲ့ တန်းတူလုပ်ရပြီး အခွင့်အရေးတော့ အတူမရဘူး” လို့ ပြော ပါတယ်။
 
စက်ရုံကို စစ်ကောင်စီတပ်က အရာရှိနဲ့ အရာရှိကတော်တွေ တစ်လ တစ်ကြိမ် လစဉ် လာရောက်ကြလို့ အလုပ်သမားမှာ လုံခြုံရေးအရ တိုင်တန်းဖို့ ခက်ခဲနေတာလို့ ပြောပါတယ်။
 
လုပ်ငန်းခွင် ဆေးခန်းမှာ အခြေခံ ဆေးဝါး လုံလောက်စွာ မထားဘဲ ဆေးကုသမှု ခံယူဖို့ကို တစ်နာရီဝန်းကျင် စောင့်ဆိုင်းရလို့ အလုပ်သမားတွေမှာ ကျန်းမာရေးအရ အခက်အခဲ ကြုံတွေ့ရတယ်လို့ ပြောဆိုကြပါတယ်။
တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပြီး Amisu တံဆိပ် အထည်တွေ ချုပ်နေတယ်လို့ သိရပါတယ်။

Related posts

Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026