NEWS

လာအို Honor Home စက်ရုံ တခြား အလုပ်ရုံတွင် လုပ်ကိုင်ခိုင်း၊ မလုပ်ပါက နေရပ်ပြန်ရန် ပြော

CoverLogo
197 Views
 
ကျွန်တော်က လာအိုနိုင်ငံမှာ တရားဝင် အလုပ်လုပ်နေတာပါ။ မြန်မာ အေဂျင်စီ AR HTAN Company က လွှတ်လိုက်တာ ပါ။
စက်ရုံက Honor home မွှေ့ယာစက်ရုံပါ။ လာအို နိုင်ငံ ဗီယန်ကျင်းမြို့မှာပါ။
အခု၊ ကျွန်တော်တိုစက်ရုံမှာ အခွန်ကိစ္စကြောင့် အလုပ်တွေ သိပ်မရှိဘူး၊ မလုပ်ရဘူး ။ အဲလို ဖြစ်တာ့ အလုပ်သမားတွေကို စက်ရုံက နစ်နာကြေးမပေးဘဲ အလုပ်ထုတ်တာတွေ ရှိနေတယ်။
 
တချို့ အလုပ်သမားတွေလည်း စိတ်ညစ်မခံချင်တော့လို့ ကိုယ်တိုင်ပဲ အလုပ်က ထွက်သွားကြတယ်။ အခုဆို အလုပ်သမား လေးရာကျော်ကနေ တစ်ရာကျော်ကျော်ပဲ ကျန်တော့တယ်။
 
လက်ရှိ စက်ရုံက လစာ မှန်မှန်ပေး ပါတယ်။
နိုင်ငံကူးလက်မှတ် (Passport) တွေလဲ ရောက်ကတည်းက သိမ်းထားတယ်။ ဒီစက်ရုံမှာ တစ်နှစ်ခွဲကျော် အလုပ်လုပ်နေတာ Passport ကို ဆေးစစ်လို့ ခနလေးပဲ ပြန်မြင်ဖူးတယ်။
 
စက်ရုံမှာ အလုပ်တွေပါးနေတော့ တခြားစက်ရုံမှာ ညဆိုင်းသွားပြီး လုပ်ပေးရမယ်လို့ ပြောနေပါတယ်။ ဆယ်ရက်လောက် သွားလုပ်ပေးရမယ်တဲ့ ။
အဲလို ခိုင်းလို့ရရင် နောက်ထပ်လဲခိုင်းတောမှာပါ။
 
အရင်က ယောကျ်ားလေးတွေ လေးငါယောက်လောက် ကုန်တင်ကုန်ချ သွားလုပ်ပေးရတာတွေ ရှိတယ်။ အဲ့ဒီ အလုပ်သမားတွေက ကုန်တင်ကုန်ချ အလုပ်သမားလည်း မဟုတ်ဘူးသွား။ သူတို့တွေက ပါကင် ဌာနက အလုပ်သမားတွေပါ။
အခု ညဆိုင်းသွားလုပ်ဖို့ လူရှစ်ဆယ်လောက်သွားရမယ် ပြောပါတယ်။ မသွားချင်ဘူးလို့ တစ်ယောက် ထပြောတော့၊ မသွားဘူးဆို မြန်မာနိုင်ငံ ပြန်ရမယ်လို့ ပြောပါတယ်။
 
အခုက အလုပ်ပါးလို့ ကိုယ်ဘာသာကိုယ် ထိုင်းတက်သွားတဲ့သူနဲ့ ၊ စက်ရုံကလည်း ထွက်မယ်ဆို ခွင့်ပြုတယ်။
ထိုင်းသွားမယ်ဆိုလည်း ခွင့်ပြုတယ်။ စက်ရုံပြောင်းချင်လည်း ခွင့်ပြုတယ် ။
ဒါပေမဲ့ စက်ရုံလည်း မပြောင်းချင်ဘူး ၊ မြန်မာနိုင်ငံလည်း မပြန်ချင်ကြဘူးဆို စက်ရုံက ဘာနစ်နာကြေးမှ မပေးဘဲ အလုပ်ထုပ်မှာ ...။
 
ကျွန်တော်တို့က လာအိုကို ငွေကြေး အကုန်အကျခံပြီး လာခဲ့ရတာပါ။ နစ်နာပါတယ်။ ဒါတွေကို ဘယ်လိုတိုင်ရမှန်း မသိဘူး။ ဒါကြောင့်ပဲ အလုပ်ကနေ ထွက်သွားကြတာ။
အခု ကျန်နေတဲ့ အလုပ်သမားတွေက ဒီစက်ရုံရောက်ပြီးကတည်းက ဘာပြစ်ချက်မှ မရှိတော့ စက်ရုံက အလုပ်ထုတ်ဖို့ ခက်နေတယ် ထင်ပါတယ်။
 
အလုပ်မပေးနိုင်ရင်လည်း နစ်နာကြေးပေးဖို့ လိုပါတယ်။
(Honor Home မွေ့ယာစက်ရုံက HONOR HOME (LAOS) SOLE CO., LTD. ပိုင် စက်ရုံလို့သိရပြီး လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့ (Vientiane) Saysettha Development Zone မှာ တည်ရှိပါတယ်။
 
ဖောင်းမွေ့ယာ (Foam Mattress) နဲ့ ဟိုက်ဘရစ်မွေ့ယာ (Hybrid Mattress) တွေ ထုတ်လုပ်နေပြီး အမေရိကန်နဲ့ ကနေဒါနိုင်ငံတွေကို အဓိက တင်ပို့ရောင်းချနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ရန်ကုန်မြို့၊ လှိုင်သာယာစက်မှုဇုန်က စက်ရုံ တရုံနဲ့ ဆက်စပ်မှု လည်း ရှိတာကို တွေ့ရပါတယ်၊)

Related posts

Cover
Precol Myanmar စက်ရုံ မန်နေဂျာ ကျင့်ဝတ်မညီမှု အမျိုးသမီးအလုပ်သမားများ ထိခိုက်နေ
Mar 02, 2026
Cover
Chuan Qi အထည်ချုပ် စုပေါင်းတောင်ဆိုမှု ပြုလုပ်
Mar 02, 2026
Cover
Tough Way Garment အချိန်ပို တပတ် ၂၀ နာရီကျော် ခိုင်းစေပြီး၊ တနင်္ဂနွေ နားရက် အလုပ်ဆင်းခိုင်း
Mar 02, 2026
Cover
Nay Shwe Win အထည်ချုပ် အချိန်ပိုအလွန်အကျွံခေါ်
Mar 02, 2026
Cover
Delo Myanmar garment စက်ရုံ စူပါများ လစာအစွန်းထွက် ဖြတ်ယူနေ
Feb 27, 2026
Cover
Shein Lee အထည်ချုပ် အချိန်ပိုမဆင်းလို့ ဆဲဆို
Feb 27, 2026
Cover
G & F Myanmar ခွင့်ယူလို့ လိုင်းစူပါက ဆူပူ၊ ကိုယ်ထိလက်ရောက် ကျူးလွန်
Feb 27, 2026
Cover
Titan Tree Myanmar (Tha Shu) အထည်ချုပ် လစာတိုးမြှင့်ပေးရေး တောင်းဆိုမှု ညှိနှိုင်း ပြီးဆုံး
Feb 27, 2026