NEWS

Myanmar Bestfortune Garment တစ်ပတ် ၇ ရက်နီးပါး အချိန်ပို ဖိအားပေးစေခိုင်း

CoverLogo
412 Views
 
Myanmar Bestfortune Garment Co.,Ltd ပိုင် အထည်ချုပ်စက်ရုံမှာ မြန်မာ့အလုပ်သမားဥပဒေတွေကို ကျော်လွန်ပြီး ခိုင်းစေနေတယ်လို့ မြန်မာနိုင်ငံကုန်ထုန်နှင့်စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ် IWFM ကို အလုပ်သမားတွေက ပြောပါတယ်။
 
ဥပဒေမှာ သတ်မှတ်ထားတဲ့ အလုပ်ချိန်၊ အနားယူချိန်နဲ့ လုပ်ခလစာဆိုင်ရာ ပြဋ္ဌာန်းချက်တွေကို ကျော်လွန် ချိုးဖောက်စေခိုင်းနေတယ်လို့ ပြောဆိုပါတယ်။
 
"အချိန်ပိုကို ပိတ်ရက်မရှိသလောက် လုပ်ရတယ်။ သီတင်းကျွတ် ပိတ်ရက် သုံးရက်မှာတောင် အချိန်ပို ဆင်း ပေးရတယ်။ ညတိုင်း အချိန်ပိုကို အလုပ်သမား ၂၀၀ ကနေ ၃၀၀ ကြား ည ၉ နာရီထိ လုပ်ပေးရတယ်။ စနေနေ့ ဆို ည ၁၂ အထိ လုပ်ပေးရတယ်။ တနင်္ဂနွေပိတ်ရက်ဆို နှစ်ပတ်တစ်ခါ အချိန်ပို ဆင်းခိုင်းလို့ ဆင်းရတယ်” လို့ အမျိုးသမီးစက်ရုံ အလုပ်သမားတဦး ပြောပါတယ်။
 
အများပြည်သူ အလုပ်ပိတ်ရက်တွေမှာ အချိန်ပိုခိုင်းစေပေမဲ့ လုပ်ခလစာကို ဥပဒေရ သတ်မှတ်ထားသလို (၂) ဆ တွက်ချက်ပေးခြင်းမရှိဘဲ ပုံမှန်နှုန်းထားအတိုင်းသာ ပေးချေနေတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
 
အလုပ်ချိန်များပြီး နားရက်နားပါးတာလို့ အလုပ်သမားတွေမှာ အော့အန်တာ၊ ခေါင်းမူးတာ၊ ရင်ပြည့် ရင်ကယ် ဖြစ်တာနဲ့ ဖျားနာတာတွေပါ နေ့စဉ်ကြုံတွေ့နေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်မှာ အပိုထောက်ပံ့ကြေး (၁,၀၀၀ ကျပ်) တိုးပေးမယ်လို့ စက်ရုံဘက်က ကြေညာခဲ့ပေမဲ့ သတ်မှတ် တစ်ရက် လုပ်ခ ၁၂,၀၀၀ ကျပ်ထဲမှာပဲ ခေါင်းစဉ်ပြောင်းပေးခဲ့လို့ အမှန်တကယ် တိုးပေးတာမရှိဘူး အလုပ်သမားတွေက ပြောပါတယ်။
 
"တိုးပေးတာမရှိဘဲ ပေးထားလစာထဲကနေပဲ ခေါင်းစည်တိုင်ပြောင်း ထည့်ပေးပါသည်။ စက်ရုံဘက်က ခေါင်းပုံ ဖြတ်တာပါ။"
 
အလုပ်သမား ၈၀၀ ကျော်အ အသုံးပြုဖို့ သတ်မှတ်ထားတဲ့ ကြိုပို့ကားအရေအတွက်က အလုပ်သမားတွေအတွက် မလုံလောက်လို့ နေ့စဉ် တိုးကြိတ် စီးနင်းနေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ဒါ့အပြင် လစာ ထုတ်ရက်တွေ မှာလည်း အလုပ်ပြီးချိန်မှ လစာထုတ်ပေးလို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
"ကားတစ်စီးကို လူ ၃၀ လောက်ပဲ စီးရလျှင် လူ ၅၀ တက်စီးခိုင်းပါသည်။ ကားလည်းတိုးမပေးဘူး၊ လမ်းကြောင်း တိုးမပေးဘူး။ အလုပ်သမားတွေက တွဲပြီး လိုက်ရတယ်။ လစာထုတ်လည်း အလုပ်ချိန်ပြီးမှသာ ထုတ်ပေးတော့ အလုပ်သမားတွေ ဖယ်ရီကားမီဖို့အတွက် ပြေးလွှားယူရတယ်။ မစစ်နိုင်ဘူး ၊ လစာကွာတော့ စက်ရုံဘက်က ပြန်မပေးတော့ဘူး” လို့ ပြောပါတယ်။
 
စက်ရုံအလုပ်ချိန်က မနက် ၇ ခွဲ ဆိုပေမဲ့ အလုပ်ချိန်မစမီ ၁၅ မိနစ် ကြိုပြီး အလုပ်ဝင်ခိုင်းပြီး အစည်းအဝေး တက်ရလို့ အ နားချိန်အပြည့်အဝ မရ ဖြစ်နေတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံအတွင်း WCC အဖွဲ့ရှိပေမဲ့ အခုလို ဥပဒေ ချိုးဖောက်မှုတွေကို ဖြေရှင်းမပေးလို့ နစ်နာနေရ တယ်လို့ ပြောပါတယ်။
 
"အလုပ်ချိန်မစခင် အစည်းဝေးက အလုပ်သမားတွေရဲ့ နားအချိန်မှာ လုပ်တယ်။ နောက်ကျတော့ အပြောအဆို၊ အဆဲအဆို ခံနေရပါသည်။ WCC က စက်ရုံဖွဲ့ထားတာ။ အခုအလုပ်သမားတွေမှာ ဥပဒေချိုးဖောက်ခံရတယ်၊ မေးမြန်းတာ ဖြေရှင်းဆောင်ရွက်ပေးတာ မရှိဘူး.” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
Myanmar Bestfortune Garment Co.,Ltd စက်ရုံက အလုပ်သမား (၈၀၀) ကျော် လုပ်ကိုင်နေတဲ့ အထည်ချုပ် စက်ရုံဖြစ်ပြီး ဟန်ဆန်း (၂) လို့လူသိများတယ်။ စက်ရုံက ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်၊ ကျောက်စိမ်းလမ်းမှာ ဖွင့်လှစ်ထားပြီး တရုတ်နိုင်ငံသားပိုင် စက်ရုံလို့ သိထားပါတယ်။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026