ရန်ကုန်မြို၊လှိုင်သာယာမြို့နယ် ၊ ရွှေလင်ပန်းစက်မှုဇူန် ၊ဗန်းမော်အတွင်းဝင်လမ်းက Sen.Yu Myanmar အထည်ချုပ်စက်ရုံမှာ အလုပ်သမားတွေက အလုပ်ရပ် စုပေါင်း တောင်းဆိုမူပြုလုပ်နေတယ်လို့ သိရပါတယ်။ ဒီတောင်းဆိုမှုမှာ စက်ရုံလုပ်သား ၁၀၀၀ နီးပါဝင်ပြီး အလုပ်ဆင်းရက်နဲ့ အလုပ်ပိတ်ရက်တွေမှာ ဒေးကြေးတန်းတူပေးဖို့တောင်းဆိုနေတာလို့ အလုပ်သမားတွေကမြန်မာနိုင်ငံ အထွေထွေ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် - FGWM ကို ပြောဆိုထားပါတယ်။
“ ညီမတို့တောင်းဆိုမှုလုပ်နေတာ မနေ့က (ဧပြီ၂၃) ကစတယ် ၊ အလုပ်သမားတွေ အကုန်နီးပါး လုပ်ငန်းခွင်ထဲ မှာပဲ အလုပ်ရပ်တောင်းဆိုနေတာပါ။ အလုပ်ပိတ်ရက်မှာဒေးကြေး ၆၈၀၀ကျပ်ပဲ ပေးတာ၊ အလုပ်ဆင်းရတဲ့ရက်မှာတော့ ဒေးကြေး ၈၈၀၀ကျပ်ပေးပါတယ်။အဲဒါကို အလုပ်ပိတ်ရက်ရော အလုပ်ဆင်းရက်ရော ဒေးကြေး ၈၈၀၀ကျပ်ပေးဖို့ တောင်းဆိုတာ ပါ။ ဒေးကြေးတိုးပေးဖို့၊ OT ကြေးတိုးပေးဖို့ ၊ ရက်မှန် ကြေးတိုးပေးဖို့ ၊ ဂရိတ်ကြေးတိုးပေးဖို့နဲ့ ပုံမှန် ညနေ ၆နာရီခွဲကို အလုပ်ဆင်းပေးဖို့စတဲ့ အချက်တွေလည်း ထောင်းဆို ဖို့ ရှိပါတယ်”လို့ အလုပ်သမားတွေက ပြောပါတယ်။
SEN YU အထည်ချုပ် စက်ရုံကို တရုတ်နိုင်ငံသားပိုင်ဆိုင် REDTAPE , NAUTICA စတဲ့ တံဆိပ်တွေချုပ်လုပ်နေပါတယ်။