NEWS

အိုမန်မှ ပေးစာ

CoverLogo
758 Views

ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းတွင်နေထိုင် သော မှတ်ပုံတင်အမှတ် ၁၄/ ညတန(နိုင်) -------- ကိုင်ဆောင်ထာသူ မသင်းမြတ်သူ မှ အစ်မ အဆက်အသွယ်ဖြင့် မြောက်ဒဂုံမြို့နယ်၊ ၃၉ ရပ်ကွက်၊ သစ္စာ ၆ လမ်း တွင်ရှိသော အေးဂျင့် မနိုင်ဖြင့် ဆက်သွယ်ကာ အိုမန်နိုင်ငံသွားရန် လုပ်ဆောင်ခဲ့ပါတယ်။ 

 

၎င်းအေးဂျင့်မှ  အိုမန်ကိုသွားရင် အကြွေးစနစ်ဖြင့်ပို့ပေးမည်၊ လစာက အိုမန်ငွေ ၁၁၀ ပေးမည်၊ Wifi သုံးခွင့်ရှိမည်၊ ၂ နှစ် အလုပ်လုပ်ပေးရမည်၊ ၃လပြတ်အကြွေးအကြေဆပ်ရမည်ပြောပါသည်၊ ၎င်းကိစ္စများနှင့် ပတ်သက်ပြီး  မည် သည့် စာရွက်စာတမ်းများပေါ်တွင် မှ စာချုပ်ချုပ်ခြင်း၊ လက်မှတ်ရေးထိုးခြင်း လုံးဝမလုပ်ခဲ့ခြင်းဖြစ်ပါသည်၊ 

 

အေးဂျင့်ဖြင့်စကားပြောအပြီးတွင် ရန်ကုန်မှ ၂၀၂၄ ခုနစ် ၁၀လပိုင်း ၁၉ရက်နေ့တွင် စတင်ထွက်လာပြီး  အိုမန်ရောက်ရှိပါသည်။ 

 

၁၀ လပိုင်း၂၂ ရက်နေ့မှာ ကျွန်မသည်အိမ်တစ်အိမ်တွင် အလုပ်စတင်ဝင်လုပ်ရပါသည်။ 

 

ပထမဦးဆုံး အိမ်မှာတော့ မိသားစုကလူ ၄ ယောက်ပဲရှိတယ်ဆိုပြီး ၎င်းအိမ်ကိုထည့်ပေးပြီး အဲ့အိမ်ကိုရောက်သွားတော့ မိသားစုက ၇ ယောက်ရှိပြီး အိမ်ကသုံးထပ်ရှိပြီး ဝိုင်ဖိုင်လဲ မရခြင်း၊ ၇ယောက်စာ အိမ်အလုပ်အကုန်လုပ်ရပြီး ကလေးထိန်း၊ ထမင်းချက်၊ သန့်ရှင်းရေးလုပ်ရပြီး ၎င်းအိမ်တွင် အလုပ်လုပ်တော့ လဝက်လောက်ကျတော့ ကျွန်မမူးလဲပြီး အိုမန်ရှိမြန်မာအေးဂျင်းရုံးကို ပြန်ရောက်လာပါသည်။ 

 

မူးလဲရခြင်းမှာ နံနက်၅နာရီမှ ည၂နာရီအထိ အလုပ်ချိန်ကအရမ်းများပြီး အိပ်ချိန်ကတနေ့လုံးမှာ ၄နာရီလောက်ဘဲအိပ်ရသည့်အပြင် အစားအသောက်ကျတော့ ကောင်းကောင်းမစားရခြင်း၊ ရုံးမှာခဏနား ပြီးတော့ အဲ့အိမ်ဘဲပြန်ထည့်ပေးပြီး အလုပ်လုပ်ခိုင်းသောကြောင့် ကျွန်မလည်း အလုပ်ဆက်လက် ထပ်လုပ်သော်လည်း ပထမလိုပဲ အလုပ်ချိန် အရမ်းများသောကြောင့် မလုပ်နိုင်တော့သည့်အတွက် ကျွန်မပြန်မယ်ပြောတော့ အိမ်ရှင်ကအိမ်အပြင် ထုတ်ထားလိုက်ခြင်း၊ ဖိနပ်ကလဲမပါ၊ ဖုန်းလဲမပေးသည့်အတွက် ကျွန်မတောင်းပန်ပြီး အိမ်ထဲပြန်ဝင်သွား ပါသည်၊ 

 

ကျွန်မကို အလုပ်ထပ်ခိုင်းပြီး အေးဂျင်းရုံးကို အိမ်ရှင်ကဖုန်းဆက်ပါတယ် ရုံးကကျွန်မကို အဲ့အိမ်မှာပဲ အလုပ်ဆက်လုပ်ခိုင်းပြန်ပါသည်၊ ကျွန်မ အလုပ်လုပ်တာကိုနှေးလို့ဆိုပြီး ညီမနှစ်ယောက်ဝိုင်းပြီးရိုက်နှက်တာ ခံရပါသည်၊ ရိုက်နှက်ပြီးတော့၃ရက်အကြာ အခန်းထဲမှာ ပိတ်လှောင်ထားပြန်ပါသည်၊ အခန်းထဲမှာကျွန်မလဲ လမ်းမလျှောက်နိုင်တော့မှ ရုံးကိုပြန်ပို့ပေးပါသည်၊ 

 

ရုံးရောက်ပြီး ၃ ရက်လောက်ကြာတော့ အေးဂျင့်ရုံးကလဲ နောက်တစ်အိမ်ထပ်ပို့ခြင်း၊ အဲ့အိမ်မှာ လည်းတလကျော်ကြာပြီး ၎င်းအိမ်ရှင်တွေက ကျွန်မက ကျန်းမာရေးမကောင်းတာရယ် မျက်စိမမြင်တာရယ် ကြောင့်ရုံးကိုပြန်ပို့ပါသည်၊ ရုံးရောက်တော့အေးဂျင်းက နောက်အိမ်တွေထပ်ပို့ပြန်ပါသည်၊ ကျွန်မနောက်အိမ် ရောက်တော့လည်း ကျန်းမာရေးဘယ်လိုမှ အဆင်မပြေတော့ နောက်အိမ်ရှင်တွေက ရုံးကိုပြန်ပို့ပါသည်၊ ရုံးပြန်ရောက်တော့ ကျွန်မဖုန်းကိုသိမ်းထားခြင်း၊ ကျွန်မလဲအိမ်နဲ့ အဆက်သွယ်မရလို့ ဖုန်းပြန် တောင်းတော့ မပေးလို့ရန်ဖြစ်ကြခြင်း၊ နောက် ၄ ရက်နေပြီးမှဖုန်းပြန်ပေးပါသည်။ 

 

ပထမအိမ်က အလုပ်ချိန်အရမ်းများခြင်း၊ ရိုက်နှက်ခြင်း၊ အစားကောင်းကောင်းမစားရခြင်း၊ နောက် ၂ အိမ်က ကျွန်မကို ကျန်းမာရေးမကောင်းသော ကြောင့် အေးဂျင့်ရုံးကိုသာပြန်ပိုလာခြင်းကြောင့် ကျွန်မလည်း ကျန်းမာရေးမကောင်းသည့်အတွက် အလုပ် ဆက်လုပ်ရန်အဆင်မပြေတော့ခြင်း၊ ထို့သို့အဆင်မပြေတော့ခြင်းကို အေးဂျင့်က မြန်မာပြည်ပြန်ချင်လျင် ၁၁၅ သိန်းပြန်လည်လျော်ရမည်ဟုဖိအားပေးပြောဆိုနေပါသည်၊ 

 

တကယ်ဆိုရင် ကျွန်မမှာ ၂၀၀၇ မှာမွေးတာကြောင့် ၁၈နှစ်က ၉လပိုင်းမှပြည့်မှာပါ၊ ကျွန်မအိုမန်သွားမည် ဆိုတုန်းကလည်း အသက်မပြည့်ကြောင်းပြောသော်လည်း အေးဂျင့်မှ အသက်ပြည့်အောင်လုပ်ပေးမည်ဟုဆို ကာ ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းတွင်နေထိုင်သူ မှတ်ပုံတင်အမှတ် ၁၄/ ညတန(နိုင်) ၂၃၉၇၆၂ ကိုင်ဆောင်ထာသူ မသင်းမြတ်သူဟု အိမ်ထောင်စုဇယားတစ်ခုပေးထားပြီး အဲ့နာမည်ဖြင့်အိုမန်သွားရမည်ဟု ပြောပြီးအိုမန်သွားရန်လုပ်ပေးပါသည်။ 

 

အခုလက်ရှိမှာတော့ အစ် ရက်မို့ အလုပ် ၇ ရက်ပိတ်ထားပေးပြီး အေးဂျင့်ရုံးအဆောင်မှာနေနေရခြင်း၊ သူတို့ထားတဲ့နေရာမှာနေရပြီး အင်တာနက် ကိုယ်ပိုက်ဆံဖြင့် ကိုယ်ဝယ် သုံးရခြင်း၊ ဟင်းကျွေးတာလည်း ခရမ်းချဥ်သီးအပုတ်တွေချက်စားရခြင်း၊ ဆိုးတာက ကျွန်မကိုပိတ်ရက်ဖွင့်လို့ အိမ်တွေထက်ထည့်ပေးရင် ကျွန်မကို ( အဓမ္မပြုကျင့်လေ့ရှိသူအိမ်) ကို ထည့်ပေးမှာ အရမ်းကြောက်ပါသည်၊  ယခင်မိန်း ခလေးတွေကိုလည်း အဆိုပါ အိမ်ကိုပို့သည့်အတွက် စော်ကားခံရပြီး ရူးကြောင်ကြောင်ဖြစ်ပြီး မြန်မာပြည် သို့ပြန်သွားရသူများရှိခဲ့ပါသည်။ 

 

ကျွန်မအနေဖြင့်လည်း ကျန်းမာရေးက အလွန်မကောင်းနေသည့်အတွက် အလုပ်ဆက်လုပ်ရန်မဖြစ်နိုင်တော့ခြင်း၊ ကျွန်မကျန်းမာရေးမကောင်းတာကို အေးဂျင့်ကသိထားပြီး နောက် အိမ်တွေလည်းပို့ရင်လည်း ပြန်ပိုလာမှာသိတော့ မြန်မာပြည်ပြန်မပို့ဘဲ ကျွန်မကို မြန်မာပြည်ပြန်ချင်လျင် မြန်မာငွေ ၁၁၅သိန်းပေးလျော်ရမည်ဟု ပြောသောကြောင့် ကျွန်မလည်း လျော်ပေးရန်ပိုက်ဆံမရှိခြင်း၊ ကျန်း မာရေးမကောင်းသည့်အတွက်ကြောင့်အလုပ်ဆက်လုပ်ရန်မဖြစ်နိုင်သောကြောင့် အကူအညီပေးပါရန် ပန်ကြားအပ်ပါသည်။ 

 

ကျမသည် အလုပ်လုပ်နိုင်စွမ်းမရှိဘဲ ကျန်းမာရေးမကောင်းသူဖြစ်ခြင်းကြောင့် မြန်မာ ပြန်ချင်ပါသည်။ အေးဂျင့်တောင်းသော သိန်း ၁၀၀ ကျော်ကိုလည်း ပေးရန်မတတ်နိုင်သောကြောင့် ဒုက္ခရောက်နေရပါသည်။ 

 

အကူအညီ တောင်းခံသူ_မသင်းမြတ်သူ 

ဓါတ်ပုံ-အေးဂျင့် 

 


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026