NEWS

ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို

CoverLogo
439 Views

လုပ်ခမလုံလောက်တာကြောင့် ရက်မှန်ကြေး ၊ ဂရိတ်ကြေးနဲ့ နှစ်ကြေး တွေတိုးပေးဖို့ အထည်ချုပ်လုပ်သားတွေ တောင်းဆိုမှုပြုလုပ်နေတယ်လို့ သိရပါတယ်။ 


လက်ရှိမှာ စက်ရုံမန်နေဂျာမှ ရဲနှင့်စစ်သားများခေါ်လို့ ရောက်ရှိလာကြပြီလို့ သိရပါတယ်။
"အလုပ်သမားတွေကို နင်တို့ ဆန္ဒပြချင်ရင် အောက်ကိုဆင်းပြီးပြဆိုလို့ အလုပ်သမားတွေ စက်ရုံအောက်ကိုဆင်းနေပြီ"လို့ အလုပ်သမားကပြောပါတယ်။ 


ရန်ကုန်တိုင်းဒေကြီး၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန် (၄)၊ ကျောက်စိမ်းလမ်း၊ အမှတ်(၈၁-B) မှာဖွင့်လှစ်ထားတတဲ့ တရုတ်နိုင်ငံသားပိုင် Sunrise Myanmar Fashion Garment အထည်ချုပ်စက်ရုံမှာ ဒီကနေ့ နေ့လည် ၁၂ နာရီက စတင်ပြီး လုပ်ငန်းခွင်အတွင်း တောင်းဆိုမှုပြုလုပ်နေတာပါ။ 


လုပ်ငန်းခွင်ထဲမှာ အလုပ်သမား ၈၀၀ ကျော်ရှိပြီး BURTLE, ZEROSTAGE အမှတ်တံဆိပ်အထည်တွေချုပ်လုပ်နေတာလို့ သိရပါတယ်။ 


အလုပ်သမားတွေအနေနဲ့ အခုတောင်းဆိုတဲ့အချက်တွေကို လွန်ခဲ့တဲ့ ၃ လကတည်းက အလုပ်ရှင်ထံ တင်ပြတောင်းဆိုခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။ တောင်းဆိုချက်တွေကို ဖြေရှင်းပေးမယ်လို့ ပြောခဲ့ပေမယ့် ယနေ့အချိန်ထိ တုန့်ပြန်မှုမရှိတာကြောင့် စုပေါင်းတောင်းဆိုနေတာလို့ အလုပ်သမားထံကသိရပါတယ်။ 


"အလုပ်ရှင်ဘက်က ညှိပေးမယ်ဆိုပြီး အချိန်ဆွဲလာခဲ့တာပါ။ စက်ရုံမန်နေဂျာကလည်း အချေမငံတွေ ပြောဆိုတာတွေရှိတယ်။  အခု သက်ဆိုင်ရာ တာဝန်ခံ ခေါင်းဆောင်များအပါ အလုပ်သမားများမှ လုပ်ငန်းခွင်အတွင်းမှ အလုပ်ရပ်နားပြီး တောင်းဆိုနေတာ"လို့ အလုပ်သမားကပြောပါတယ်။ 


အလုပ်ချိန်အနေဖြင့် မနက် ၈ နာရီမှ ည ၇ နာရီထိ ဆင်းရပြီး လူရွေးပြီး ည ၉ နာရီထိ ဆင်းရတာတွေရှိတယ်လို့ ပြောပါတယ်။ 


အလုပ်သမားများတောင်းဆိုချက်တွေကတော့ 
၁။ ရက်မှန်းကြေး ယခင် ၄၀,၀၀၀ ကျပ်အပေါ် - ၂၀,၀၀၀ ကျပ်ထပ်တိုး၍ ၆၀,၀၀၀ ကျပ်တိုးပေးရန်။


၂။ ဂရိတ်ကြေး A+၅၁,၀၀၀ ကျပ်အစား ၁၂၀,၀၀၀ ကျပ် တိုးပေးရန်နှင့် အဆင့်အလိုက် ၂၀,၀၀၀ ကျပ် စီးတိုးပေးသွားရန်။


၃။ နှစ်အလိုက် တစ်နှစ်လျှင် ၂,၀၀၀ ကျပ် + ၃,၀၀၀ ကျပ် ထပ်တိုး၍  တစ်နှစ်လျှင် ၅,၀၀၀ ကျပ်ဖြင့် လစဉ် ထည့်သွင်းတွက်ချက်ပေးဖို့ စတာတွေဖြစ်တယ်လို့ သိရပါတယ်။ 


လက်ရှိမှာ အနည်းဆုံးအခကြေးငွေကို  ၄၈၀၀ ကျပ် တရားဝင်သတ်မှတ်ထားပြီး အပိုထောက်ပံ့ကြေး ၁၀၀၀ ကျပ်စီ ၃ကြိမ် တိုးပေးပြီးနောက်မှာတော့ လုပ်ခက စားဝတ်နေရေးမလုံလောက်လို့ အလုပ်သမားတွေအနေနဲ့ အခုလို ရက်မှန်ကြေး နှစ်ကြေးတွေကို အလေးထားတောင်းဆိုလာကြတာလည်းဖြစ်ပါတယ်။ 


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026