ညီမတို့ စက်ရုံကိစ္စ တိုင်ကြားချင်လို့ပါ ။
စက်ရုံမှာ အချိန်ပိုတွေ အရမ်း ဆင်းခိုင်း လို့ပါ။ Jade Blue Co.,Ltd (ကျောက်စိမ်းပြာ) အထည်ချုပ်စ စက်ရုံပါ ။ စက်ရုံက ညောင်အင်းစက်မှုဇုန် ၊ အထူးဇုန် ၂ ၊ ဥသာ ၉ ရက်ကွက်၊ ပဲခူးမြို့နယ် ၊ ပဲခူးမြို့ မှာပါ။ စက်ရုံပိုင်က တရုတ်နိုင်ငံသားပါ။
စက်ရုံမှာ အချိန်ပိုတွေမတရားဆင်းခိုင်းလို့ပါ ။ တခါတလေ စနေနေ့ကို ၇ နာရီအထိ ဆင်းရပါတယ်။ လစာထုတ်တဲ့ တပတ်ပဲ တနင်္ဂနွေ နေ့ ပိတ်ပေးတယ် ။ ကျန်တဲ့ တနင်္ဂနွေနေ့တွေဆို တစ်ရက်မှ မပိတ်ပါဘူး။
ဒီလို အချိန်ပိုလုပ်ခိုင်းတာ ပြီးခဲ့တဲ့ စက်တင်ဘာလ ကတည်းက လုပ်ခိုင်းခဲ့တာပါ။ နေ့စဉ် အချိန်ပုံမှန် ၂ နာရီခွဲလုပ်ပေးရပါတယ်။ ထမင်းစားချိန် နာရီဝက်ပဲ ပေးနားတာပါ။ အချိန်ပို ပြီးတဲ့အထိ လုံးဝ အနားမပေးပါဘူး။
ညဘက် ၉ နာရီခွဲ အထိဆင်းရသလို အောလင်းအချိန်ပိုတွေလည်း တခါတလေ ဆင်းရပါတယ်။ အချိန်ပိုဆင်းရတာက တရုံလုံးဆင်းရတာပါ ။ အလုပ်သမားက ၁၀၀၀ ကျော်ရှိပါတယ်။
အချိန်ပို မဆင်ချင်ဘူးပြောရင် စူပါတတွေ ၊ HR ဌာနက အလုပ်က ထုတ်မယ်လို့ ခြိမ်းခြောက်ပါတယ်။ အခုဆို စက်ရုံမှာ နေ့ဘက်ဆို အရမ်းပူပါတယ် ။ လေပူစုတ်တဲ့ ပန်ကာကို ၃ လုံးလောက်ပဲ ဖွင့်ပေးပါတယ်။ ပျက်နေတာသိလည်း ပြင်မပေးပါဘူး ရှင့် ။
ကျေးဇူးပြုပြီး ကူညီပေးပါ ။









