NEWS

Golden Colour Fashion သမဂ္ဂဝင်အလုပ်သမား၄ဦး ဖမ်းဆီးခံရ

CoverLogo
428 Views
 
ရန်ကုန်မြို့၊ အင်းစိန်မြိုနယ်၊ စက်မှုဇုန် (၃) က Golden Colour Fashion အထည်ချုပ်စက်ရုံ သမဂ္ဂအဖွဲ့ဝင် အလုပ်သမားတွေ ဖမ်းဆီးခံခဲ့ရတယ်လို သိရပါတယ်။ အလုပ်သမား ၄ ဦးကို အုပ်ချုပ်ရေးမှူးအပါအဝင် အရပ်ဝတ် လူတချို့က လာရောက်ခေါ်ဆောင်သွားတာလို့ နီးစပ်သူတွေက ပြောပါတယ်။
 
“ကနဦး ၆၆(ဃ)နဲ့လိုသိရတယ်။ ခုည အာမခံရပါတယ်။ Golden Colour Fashion အထည်ချုပ်ပိုင်ရှင်က သူ ပြစ်မှုကျူးလွန်မှုမရှိဘူး၊ အပြစ်ကင်းကြောင်းကို အလုပ်သမားတွေကို အတင်း လက်မှတ်ထိုးခိုင်းခဲ့တာရဲ့ နောက်ဆက်တွဲပဲ။ အလုပ်သမားတွေကို ၆၆(ဃ)နဲ့အရင် ဖမ်းလိုက်တာ။” လို့ အလုပ်သမားတွေနဲ့ နီးစပ်သူက ပြောပါတယ်။
 
သင်္ကြန်ကာလအပြီး ဧပြီ ၂၂ ရက် ညနေ ၃ နာရီကျော်မှာ အလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌ မေလပြည့်မိုး ၊ သမဂ္ဂ အတွင်းရေးမှူး အေးမြတ်ခိုင် ၊ အလုပ်အမှူဆောင် ခိုင်ဇင်ဝေ ၊ အေးမြနန္ဒာတို့ အလုပ်သမား ၄ ဦးကို ရပ်ကွက် အုပ်ချုပ်ရေးမှူး အပါအဝင် အရပ်ဝတ်လူတချို့က အင်းစိန် ရွာမ ရဲစခန်းကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာလို့ သိရပါတယ်။
 
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၀ ရက်မှာ အလုပ်သမားအမျိုးသမီး တဦးလက်မောင်း ကို စက်ရုံလုပ်ငန်းရှင်က ကြမ်းတမ်းစွာ ကိုင်တွယ်ပြီး ရုံးခန်းအတွင်းက ဆွဲထုတ်ကာ အလုပ်ကနေ ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီလိုပြုမူပြီး အလုပ် ထုတ်တာကို သက်ဆိုင်ရာ အလုပ်သမားရုံးတွေမှာ ဖြေရှင်းခဲ့ရာ လုပ်ငန်းရှင်ဘက်က ခိုင်လုံတဲ့ အထောက် အထား တစ်စုံတစ်ရာပြသနိုင်တာ မရှိခဲ့ဘူးလို့ အလုပ်သမားနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
 
ဧပြီ ၈ ရက်မှာ အလုပ်သမားတွေ၊ စူပါ၊ အောစူပါ၊ အောချုပ် အပါအဝင် စက်ရုံတာဝန်ရှိသူအားလုံးကို အစည်းအဝေးခေါ်ယူပြီး ဒီဖြစ်စဉ်မှာ အပြစ်ကင်းတယ်ဆိုတာကို လုပ်ငန်းရှင်က လက်မှတ် ထိုးခိုင်းခဲ့တာ ဖြစ်ပါ တယ်။ စူပါနဲ့ အောစူပါ တချို့ လက်မှတ်မထိုးတာကြောင့် နောက်တကြိမ် အစည်းအဝေးခေါ်ယူပြီး လက်မှတ် မထိုးပါက အော်ဒါမရနိုင်တဲ့အတွက် လက်မှတ်ထိုးဖို့ ဖိအားပေးခိုင်းစေခဲ့တာလို သိရပါတယ်။
 
လက်မှတ်ထိုးခိုင်းတဲ့ စာရွက်ပေါ်မှာ အလုပ်ထုတ်ခံရတဲ့ အမျိုးသမီးဝန်ထမ်းဟာ ပြသနာများစွာရှာတဲ့အတွက် လက်တွဲဖြုတ်ရတာ ဖြစ်သလို စက်ရုံလုပ်ငန်းရှင်က အလှူအတန်း ပြုလုပ်နေသူ၊ ဝန်ထမ်းတွေကို နှုတ်ဖြင့်ဖြစ်စေ၊ ကိုယ်ဖြင့်ဖြစ်စေ ရိုင်းစိုင်းစွာ ပြောဆို ပြုမူတာ မရှိသူ၊ အလုပ်ထုတ်ခံရတဲ့ အမျိုးသမီးကိုလည်း ကာအိန္ဒြ ပျက်ပြား အောင် ပြုလုပ်တာ၊ အုပ်စုဖွဲ့ အနိုင်ကျင့်တာ တစ်စုံတစ်ရာ မပြုလုပ်ခဲ့ဘူးဆိုတဲ့ အချက်တွေ ပါရှိတယ်လို့ စက်ရုံ အလုပ်သမားတွေက ပြောပါတယ်။

Related posts

Cover
Myanmar Guotai Huasheng နှစ်ကြီး အလုပ်သမားများအား မှတ်ပုံတင်လုပ်ခိုင်းပြီး လုပ်သက် ဖြတ်တောက်
Nov 30, 2025
Cover
လာအို Honor Home စက်ရုံ တခြား အလုပ်ရုံတွင် လုပ်ကိုင်ခိုင်း၊ မလုပ်ပါက နေရပ်ပြန်ရန် ပြော
Nov 30, 2025
Cover
သမဂ္ဂဖွဲ့ရန် ကြိုးပမ်းသည့် SHENG TAI စက်ရုံလုပ်သားများ အလုပ်ထုတ်ခံရပြီး ခွဲခြားဆက်ဆံမှုများ ကြုံတွေ့ရ
Nov 22, 2025
Cover
DAMEI စက်ရုံတွင် အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရပြီး အရွယ်မရောက်သူများပါ အလွန်အကျွံ ခိုင်းစေခံရ
Nov 21, 2025
Cover
အပိုထောက်ပံ့ကြေး ၁၀၀၀ကျပ် မပေးသဖြင့်တိုင်ကြားခံရသည့် True Green City စက်ရုံ အလုပ်ရှင်၊ အလုပ်သမား ညှိနှိုင်းပြေလည်မှုရရှိ
Nov 21, 2025
Cover
ပြည်ပအလုပ်အကိုင်အတွက် EC စာချုပ် ချုပ်ပြီး တစ်နှစ်နီးပါးအထိ ထွက်ခွာခွင့်မရတဲ့အလုပ်သမားတွေ အခက်ကြုံနေ
Nov 21, 2025
Cover
အလုပ်သမားအဖွဲ့စည်းများ လွတ်လပ်စွာ ဖွဲ့စည်း နိုင်တယ်လို့ စစ်ကော်မရှင်ရဲ့ အလုပ်သမားဝန်ကြီးပြော
Nov 21, 2025
Cover
Myanmar Bestfortune Garment တစ်ပတ် ၇ ရက်နီးပါး အချိန်ပို ဖိအားပေးစေခိုင်း
Nov 21, 2025