NEWS

XING YUAN (Myanmar) အထည်ချုပ်စက်ရုံတွင် အလုပ်သမားများ ဆန္ဒမပါဘဲ အချိန်ပို ခိုင်းစေ

CoverLogo
648 Views
 
XING YUAN (Myanmar) အထည်ချုပ်စက်ရုံမှာ အလုပ်သမားတွေရဲ့ ဆန္ဒမပါဘဲ တာဝန်ရှိသူတွေက အချိန်ပို ခိုင်းစေနေတယ်လို့ ပြောပါတယ်။သင်္ကြန်ပိတ်ရက်အပြီး အလုပ်ပြန်စတဲ့ ဧပြီလ ၂၂ ရက်မှာ ည ၁၂ နာရီအထိ လုပ်ကိုင်ရမယ်ဆိုပြီး စက်ရုံဘက်က ပြောဆို ခိုင်းစေခဲ့တာလို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ည ၁၂ အထိ ဆိုတော့ အလုပ်သမားတွေက မဆင်းနိုင်ဘူး ငြင်းကြတယ်။ အလုပ်သမားတွေကတော့ ည ၈ နာရီအထိ လုပ်ပေးဆိုပြီး လုပ်ပေးခဲ့တယ်။ ည ၈ နာရီ ရောက်တော့ အလုပ်သမားတွေကို ပြန်လွှတ်မပေးဘူး။ အထည်တွေ ပြီးမှ ဆင်းပေးမယ်ဆိုပြီး ပြန်လွှတ်မပေးဘူး။ ပြန်ချင်ရင် ကိုယ့်ဖာသာလမ်းလျှောက်ပြန်ကြဆိုပြီး လိုင်း ၃ အောစူပါနဲ့ မန်နေဂျာ ဒေါ်မျိုးမျိုးက ပြောခဲ့တယ်။” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
အဲဒီနေ့က စက်ရုံ အလုပ်သမားတွေ ည ၉ နာရီအထိ မပြန်ရဘဲ တချို့အလုပ်သမားတွေက နီးစပ်ရာ မိသားစု ၊ အသိ မိတ်ဆွေတွေကို ဆက်သွယ်၊ အကူညီတောင်းပြီး နေအိမ်ပြန်ခဲ့ရတာလို့ သိရပါတယ်။ စက်ရုံက ရန်ကုန်မြို့၊‌ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်၊သိမ်ချောင်းလမ်းမှာ ရှိပြီး လှိုင်သာယာမြို့နယ်ကနေ လာရောက် လုပ်ကိုင်နေသူတွေလည်း ရှိတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
XINGYUAN(Myanmar)အထည်ချုပ်စက်ရုံက ပြီးခဲ့တဲ့ ဒီဇင်ဘာလက ဖွင့်လှစ်ထားတဲ့ စက်ရုံဖြစ်ပြီး အောစူပါတွေ က ညစ်ညမ်း ရိုင်းစိုင်းစွာပြောဆိုတာ၊ အထည်စံချိန် အဆမတန်တောင်းတာ၊ ခွင့်ရဖို့ ခက်ခဲတာ၊ အချိန်ပို အတင်းအကျပ် ခိုင်းတာ၊ အချိန်ပိုမဆင်းပါက အလုပ်မလာနဲ့ဆိုပြီး ခြိမ်းခြောက်တာ၊ မန်နေဂျာ အမျိုးသမီးကိုယ်တိုင် ရိုင်းစိုင်းစွာဆဲဆိုတာ၊ သန့်ရှင်းတဲ့ သောက်ရေမရတာ၊ သန့်စင်ခန်းတွေ သန့်ရှင်းမှု မရှိတာ၊ စက်ရုံ သန့်စင်ခန်း၊ အမှိုက်နဲ့ စွန့်ပစ်ပစ္စည်းတွေရဲ့ အနံဆိုးတွေ နေ့စဉ် ရှုရှိုုက်ရတာ၊ အချိန်ပိုအတွက် ၁၅ မိနစ် အနားပေးပေမဲ့ တချို့စက်လိုင်းတွေ ဖိအားပေး ဆက်ခိုင်းခံရတာ၊ အစမ်းခန့်ကာလ ကျော်ပေမဲ့ EC စာချုပ် ချုပ်မပေးတာတွေ ကြုံတွေ့နေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
လက်ရှိ XINGYUAN(Myanmar) စက်ရုံမှာ အလုပ်သမား ၅၀၀ ဝန်းကျင် လုပ်ကိုင်နေပြီး RESERVE, Sinsay, GUESS စတဲ့ တံဆိပ်တွေနဲ့ ဂျပန်အော်ဒါအထည်တွေ ချုပ်လုပ်နေတာကို Myanmar Labour News က သိထားပါတယ်။

Related posts

Cover
Myanmar Handsome မန်နေဂျာ လုပ်အားခ ခေါင်းပုံဖြတ်
Aug 07, 2026
Cover
Yuan Hong Garment မှာ အပတ်တိုင်း အချိန်ပို ခိုင်းခွင့် အလုပ်သမားရုံး ဦးစီးမှူး ကိုယ်တိုင် ခွင့်ပြုပေးထား
Aug 07, 2026
Cover
New Zhoung Hui အထည်ချုပ် စနေ့နေ့ အလုပ်ဆင်းခိုင်းပြီး အချိန်ပိုကြေးမပေး
Aug 07, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026
Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026