NEWS

GTP Goldan Theparerg အထည်ချုပ် မန်နေဂျာမှ ခြိမ်းခြောက် အလုပ်ထုတ်

CoverLogo
878 Views
 
သင်္ကြန်ပိတ်ရက် ပျော်ပွဲရွှင်ပွဲမှာ လင်မယား အချင်းများတဲ့ လင်မယားနှစ်ဦးကို ကိုယ်ထိလက်ရောက်ပြုမှုပြီး GTP Goldan Theparerg အထည်ချုပ် မန်နေဂျာက တဘက်သတ် အလုပ်ထုတ်ခဲ့တယ်လို့ ကာယကံရှင်တွေက ပြောပါတယ်။
"လင်မယား စကားများကြတာပါ ။ ဒါကို တခြားဌာနက အလုပ်သမား ၅ယောက် ၆ ယောက်က ဝိုင်းထိုး ကြတယ်။ ကျွန်မ ယောက်ျားနဲ့ သူတို့ နဲ့ ဘာမှ မဖြစ်ဘဲ ထိုးတာ။ မျက်နှာ တခုလုံး ယောင်ကိုင်း နေတာ။ အထိုးခံရတဲ့ ကျွန်မ ယောက်ျားကို မန်နေဂျာ က စက်ရုံ အပြင်ဘက်ဆွဲထုတ်ပြီး တံခါးပိတ်ထားတယ် ။ ထိုးတဲ့ သူတွေကိုကျတော့ စက်ရုံထဲမှာ ထားတယ်။ မနေ့ (ဧပြီ ၂၃ရက်) က အလုပ်ပြန်တက်တော့ ကျွန်မတို့ လင်မယား ကို ခေါ်ပြီး ဝန်တိမ် ထိုးခိုင်းပြီး အလုပ်ထုတ်တယ်။ WCC ကိုလဲ မခေါ်ဘူး။ ရှင်းပြတာလဲ လက်မခံ ဘူး။” လို့ ပြောပါတယ်။
ထိုးကြိတ်ခဲ့တဲ့ တခြား အလုပ်သမားတွေကို အလုပ်ထုတ်၊ ဝမ်တိန်ထိုးခိုင်းခဲ့တာမရှိဘဲ လင်မယားနှစ်ဦးကိုပဲ အလုပ်ထုတ်ခဲ့တာ ဖြစ်ပြီး အလုပ်မထွက်ပါက ရဲခေါ်မယ်ဆိုပြီး ခြိမ်းခြောက်ခဲ့တယ်လို့ အလုပ်ထုတ် ခံရသူ အလုပ်သမားက ပြောပါတယ်။
“ထိုးကြိတ်တာလည်းခံရ၊ ဝန်တိမ်လဲ ထိုးခဲရ၊ အလုပ်လည်းအထုတ်ခံရတယ။ WCC နဲ့လည်း ဖြေရှင်းခွင့်မပြုဘူး။ မန်နေဂျာ တဦးတည်း ဆန္ဒ နဲ့ အလုပ်ထုတ်တာက တရားမျှတမှု မရှိဘူး.။ အလုပ်ထုတ်စာ တောင်းတာလည်း မပေးဘူး။ ကျွန်မကို ထွက်သွား ကောင်မ လို့ပြောပြီး မောင်းထုတ်ပါတယ် " လို့ ပြောပါတယ်။
စက်ရုံဘက် အချိန်ပိုတွေ အလွန်အကျွံ ခေါ်တာမျိုး ကြုံခဲ့ရပြီး အချိန်ပိုမဆင်းပါ ဌာနပြောင်းမယ်၊ အိုတီ မပေးဘူး ၊ အလုပ်ထုတ်မယ် ဆိုပြီး ခြိမ်းခြောက်ခဲ့တယ်လို့လည်း ပြောပါတယ်။
GTP Goldan Theparerg Co .ltd စက်ရုံ က ဂျင်းဘောင်းဘီ ချုပ်လုပ်တဲ့ ထိုင်းလူမျိုး ပိုင် စက်ရုံဖြစ်ပြီး ရန်ကုန်မြို့၊ ဒဂုံမြို့သစ် တောင်မြို့နယ်၊ စက်မှုဇုန် ၁ မှာ အလုပ်သမား ၁၀၀၀ ကျော်နဲ့ ဖွင့်လှစ် လုပ်ကိုင် နေပါတယ်။

Related posts

Cover
Myanmar Handsome မန်နေဂျာ လုပ်အားခ ခေါင်းပုံဖြတ်
Aug 07, 2026
Cover
Yuan Hong Garment မှာ အပတ်တိုင်း အချိန်ပို ခိုင်းခွင့် အလုပ်သမားရုံး ဦးစီးမှူး ကိုယ်တိုင် ခွင့်ပြုပေးထား
Aug 07, 2026
Cover
New Zhoung Hui အထည်ချုပ် စနေ့နေ့ အလုပ်ဆင်းခိုင်းပြီး အချိန်ပိုကြေးမပေး
Aug 07, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026
Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026