NEWS

သုံး ရက်အတွင်း မြန်မာရွှေ့ပြောင်း လုပ်သား ၅၀ နီးပါး တရားမဝင် ဝင်ရောက်မှုဖြင့် ဖမ်းဆီးခံရ

CoverLogo
289 Views
 
ထိုင်းနိုင်ငံအတွင်းကို တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်း လုပ်သား ၅၀နီးပါး ဖမ်းဆီးခံရတယ်လို ဒေသတွင်း သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
 
ဧပြီလ ၂၁ရက် ညပိုင်းက ထိုင်းနိုင်ငံတောင်ပိုင်း၊ ချွှန်ဖော်ခရိုင် ၊အဝေးပြေးကားလမ်းပေါ် မှာ အလုံပိတ်ထားတဲ့ ယာဉ်တစ်စီးပေါ်က တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာအလုပ်သမား ၁၇ဦး နဲ့အတူ ပိုဆောင်ပေးတဲ့ ထိုင်းနိုင်ငံသား နှစ်ဦးကိုပါ ဖမ်းမိခဲ့တယ်လို့ Khasod သတင်းမှာဖေါ်ပြထားပါတယ်။
 
အဲဒီမြန်မာ အလုပ်သမားတွေက အမျိုးသား ၁၁ဦး၊အမျိုးသမီး ၆ဦး တို့ဖြစ်ပြီး မဟာချိုင်ကနေ ထိုင်း-မလေးရှားနယ်စပ် ဟတ်ယိုင်မြို သွားရောက်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ပို့ဆောင်ခ တစ်ဦးကို ဘတ် ၄၀၀၀၀ ကောက်ယူခဲ့တာကို ထိုင်းနိုင်ငံသား ရဲတပ်ဖွဲကို ကားသမားနှစ်ဦးက ဝန်ခံထားပါတယ်။
 
ဧပြီ ၂၃ရက်မှာလည်း ထိုင်းနိုင်ငံ နခွန်စဝမ်မြို အဝေးပြေးလမ်း ပေါ် မှာ ပစ်ကပ်ယာဉ် နှစ်စီး နဲ့ မြန်မာအလုပ်သမား ၃၂ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ Cop’s Magazine ရဲ့ဝတ်ဆိုဒ်မှာ ဖော်ပြပါတယ်။ ဖမ်းဆီးရမိသူတွေထဲမှာ ပွဲစား ၂ ဦးပါဝင်ပြိး မြန်မာရွှေ့ပြောင်းလုပ်သားတွေက တာစ်ခရိုင်ကနေ ဘန်ကောက်မြို့အနီးက စမွတ်ခရိုင် ကို သွားရောက်မှာလို့ သိရပါတယ်။
 
ဖမ်းမိသူတွေကို သက်ဆိုင်ရာ မြိုနယ် ရဲစခန်းတွေမှာ ထိမ်းသိမ်းထားပြီး လဝက ဥပဒေ အရ အရေးယူ ဆောင်ရွက်သွားမယ်လို သိရပါတယ်။ ထိုင်းနိုင်ငံအတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက် လာသူတွေ ကို စီမံချက်နဲ့ ဖမ်းဆီးတာတွေ ဆက်တိုက်ဆိုသလို ပြုလုပ်နေရှိပြီး နယ်စပ် လမ်းကြောင်းတွေကိုလည်း ခေတ်မီ နည်းပညာ အသုံးပြု စောင့်ကြည့် ဖမ်းဆီးနေပါတယ်။
Ref -Khasod English/ Cop’s Magazine

Related posts

Cover
Golden Maple Leaf Myanmar အထည်ချုပ် လုပ်သားများ အလုပ်ချိန်တွင် စစ်မှုထမ်း စုဆောင်းခံရ
Feb 26, 2026
Cover
Hige Fashion Accessories Myanmar စက်ရုံ ကိုယ်ဝန်ဆောင် အလုပ်သမားအား အလုပ်ထုတ်
Feb 26, 2026
Cover
Dishang Fashion (Myanmar) အထည်ချုပ် အချိန်ပိုကြိုပို့ အဆင်မပြေ၊ ကုန်ကျစာရိတ် များပြား
Feb 25, 2026
Cover
Max Technology စက်ရုံမှာ မိလ္လာကန် ပြည့်လျှံလို့ အလုပ်သမား ၁၀၀၀ ကျော် ဒုက္ခရောက်နေ
Feb 25, 2026
Cover
Titan Tree Myanmar (Tha Shu) အထည်ချုပ် လစာတိုးမြှင့်ပေးရေး ဆောင်းဆိုမှု ခြိမ်းခြောက်ခံနေရ
Feb 25, 2026
Cover
Golden Propitious (Myanmar) အထည်ချုပ် အလုပ်သမားများ ဆန္ဒမပါဘဲ အချိန်ပို လုပ်ကိုင်နေရ
Feb 24, 2026
Cover
Hanfex Garment အချိန်ပို အတင်းအကျပ် လုပ်ကိုင်ခိုင်း၊ မဆင်းလို့ အလုပ်ထုတ်
Feb 23, 2026
Cover
Myanmar Belle International အထည်ချုပ် တောင်းဆိုချက်များ စာချုပ်ပြီး ဖေါက်ဖျက်
Feb 23, 2026