NEWS

Prettxe Myanmar စက်ရုံ တနင်္ဂနွေပိတ်ရက် အချိန်ပိုခေါ်၊ တနင်္လာနေ့တွင် လုပ်သားတချို့အား ညနက် အချိန်ပို လုပ်ကိုင်ခိုင်း

CoverLogo
486 Views

Prettxe Myanmar အထည်ချုပ်စက်ရုံတာဝန်ရှိသူတွေက အောက်တိုဘာ ၂၇ ရက် တနင်္ဂနွေနေ့မှာ  အချိန်ပို ခေါ်ယူ လုပ်ကိုင် ခိုင်းပြီး၊ နောက်ရက် တနင်္လာနေ့မှာလည်း အောနိုက်(ညနက်) အချိန်ပို ဆင်းခိုင်းခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

အချိန်ပို နှစ်ရက်ဆက် လုပ်ကိုင်ခိုင်းခဲ့ပေမဲ့  တနင်္ဂနွေနေ့အတွက် အချိန်ပို လုပ်အားခကို လက်ငင်း မရှင်းပေးဘူးလို့လည်း အလုပ်သမားတွေက ပြောပါတယ်။  

" မဖြစ်မနေ ဆင်းရမယ်၊ မရဘူး ဆိုပြီး အောစူပါတွေက ဖိအားပေး ဆင်းခိုင်းတယ်။ မန်နေဂျာ ခိုင်းရင်၊ ခိုင်းလိုက် တဲ့ အတိုင်းပဲ။ အောစူပါ စူပါတွေက အတင်းကျပ် ဆင်းခိုင်းတယ်။ တနင်္ဂနွေ ဆင်းပြီးတော့ နောက်နေ့ အောနိုက် ဆက်ခေါ်တယ်။ အချိန်ပိုဆင်းဖို့ကို အလုပ် ပြန်ခါနီးမှ လာပြောတယ်။ ငြင်းချိန်တောင် မရှိဘူး ။ တနင်္ဂနွေနေ့ ဆင်းတဲ့ အချိန်ပိုခက အခုထိ မရှင်းပေးသေးဘူး။ နားရက်မှာ မနားရဘဲ အလုပ် လုပ်ရလို့  အဲ့ လုပ်အားခကို လက်ငင်း လိုချင်တာပေါ့” လို့ အလုပ်သမားတဦးက ပြောပါတယ်။ 

တနင်္လာနေ့ (အောက်တိုဘာ ၂၈) ရက်မှာ အလုပ်သမား တချို့ ကို အောနိုက်လုပ်ကိုင်ခိုင်းခဲ့တာဖြစ်ပြီး ညစာ ထမင်းဖိုး မပေးသလို၊ မနက် ၅ နာရီ နေအိမ်အပြန်အတွက် ကြိုပို့ယာဉ် စီစဉ် မပေးဘူးခဲ့ဘူးလို့ သိရပါတယ်။

Prettxe Myanmar စက်ရုံဘက်က သီတင်းကျွတ်ပိတ်ရက်ပြန်ဖွင့်တဲ့ အောက်တိုဘာ ၂၁ ရက်က စပြီး အချိန်ပို ၃ နာရီကို နေ့စဉ် လုပ်ကိုင်ခိုင်းခဲ့တယ်လို့လည်း ပြောပါတယ်။ စနေနေ့မှာတော့ အချိန်ပို ၅ နာရီခိုင်းစေခဲ့တဲ့ အပြင် တနင်္ဂနွေနေ့တွေမှာပါ လုပ်ကိုင်ပေးခဲ့တာလို့ အလုပ်သမားတွေက ပြောပါတယ်။ 

အချိန်ပိုဆင်းဖို့ ဆန္ဒမရှိတာကို  ငြင်းခွင့်မရတဲ့ အပြင် တန်ဆောင်တိုင်ပိတ်ရက်အတွက် ရက်စားဆင်းဖို့ကို စက်ရုံ ဘက်က စီစဉ်နေတယ်လို့ အလုပ်သမားတဦးက ပြောပါတယ်။ 

၂၀၂၂ ခုနှစ်က အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာနရဲ့ ညွှန်ကြားလွှာ မှာ တပတ် အချိန်ပို နာရီ ၂၀ ထက် ကျော်လွန်ခိုင်းစေခွင့် မပြုထားတဲ့ အပြင် အချိန်ပို ခိုင်းစေပါက တပတ်ကြိုတင် အကြောင်းကြား ခွင့်ပြုချက် ရယူဖို့ ပါရှိပါတယ်။

 ဒါ့အပြင် အချိန်ပို ခေါ်ယူခိုင်းစေရာမှာ အလုပ်သမားတွေရဲ့ သဘောတူ လက်မှတ် ရယူဖို့လည်း ညွှန်ကြားထားပါတယ်။

အောက်တိုဘာ ၂၇ တနင်္ဂနွေနေ့ အချိန်ပို ခိုင်းစေတာကို ရန်ကုန်တိုင်း အလုပ်ရုံနဲ့ အလုပ်သမားဥပဒေ စစ်ဆေးရေး ဌာန ခွင့်ပြုချက်နဲ့ ခိုင်းစေတာလို့  ရုံးစာနဲ့ တကွ စက်ရုံဘက်က Myanmar Labour News ကို ပြောပါတယ်။

အဲ့ဒီရုံးစာမှာ အောက်တိုဘာ ၂၅ ရက် ရက်စွဲနဲ့ ခွင့်ပြုချက် ထုတ်ပေးခဲ့တာဖြစ်ပြီး တနင်္လာနေ့ အောနိုက် လုပ်ကိုင်ဖို့  ခွင့်ပြု မထားပါဘူး။ 

အလုပ်သမားတွေရဲ အခက်အခဲတွေ တင်ပြနိုင်ဖို့ စက်ရုံ WCC အဖွဲ့ကို  ပွင့်လင်းမြင်သာစွာ ဖွဲ့စည်းတာမရှိဘဲ အဖွဲ့ဝင် ဘယ်သူဘယ်ဝါဆိုတာ မသိရဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။  

" WCC ရှိတယ် ဆိုပြီး ပြောတယ်။ အဲ့ဒါ စစ်ဆေးရေးတွေ လာမှ သိရတာ။ WCC ရှိတယ်ပြောပြီး စက်ရုံ အလုပ် သမားတွေ မတရားခံနေရတာကို ဖြေရှင်းပေးတာ  မရှိဘူး ။ ဒီ WCC ရှိရင် အခုလို အိုတီ တွေ ခေါ်တာကို ညှိနှိုင်းပေးရမှာ။ အခုတော့ သူတို့ နဲ့ မဆိုင်သလိုဘဲ။ " ဆိုပြီး ပြောပါတယ်။
 
"၂၀၁၂ခုနှစ်၊ အလုပ်သမား ရေးရာအငြင်းပွားမှုဖြေရှင်းရေးဥပဒေ အရ (အခန်း၂) ပုဒ်မ ၅မှာတော့ ညှိနှိုင်းရေး ကော်မတီ WCC သည် အလုပ်ရှင် နှင့်အလုပ်သမား (သို့) အလုပ်သမား အဖွဲ့အစည်း အကြားတွင် ဆက်ဆံမှု ကောင်းမွန်စေရေး၊ အလုပ်လုပ်ကိုင်မှုအခြေနေ၊ စည်းကမ်းချက်များ ဆွေးနွေး ညှိနှိုင်းရေးနှင့် အလုပ်သမား များ၏ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး ၊ ကျန်းမာရေး ၊ သက်သာချောင်ချိရေး နှင့် ကုန်ထုတ်လုပ်မှု တိုးတက် ရေးတို့ကို မြှင့်တင်ဆောင်ရွက်ရမည်"လို့ ပြဌာန်းထားပါတယ်။

Prettex Myanmar စက်ရုံက ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်မှာရှိပြီး မြို့နယ် အလုပ်သမားရုံး ရုံးစာ အချက်အလက်အရ လုပ်သား ၅၀၀ ကျော်လုပ်ကိုင်နေတယ်လို့ သိရပါတယ်။  

ရာနှုန်း ပြည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံ ထားပြီး  စက်ရုံကို  တရုတ်နိုင်ငံသားပိုင်ဆိုင်တယ်လို့ သိရပါတယ်။  စက်ရုံမှာတော့ Have a wonderful day , Chinese National Geography စတဲ့ အမှတ်တံဆိပ်တွေ ချုပ်လုပ် နေတယ်လို အလုပ်သမား တွေက ပြောကြားထားပါတယ်။

 #MyanmarLabourNews


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026