NEWS

Myanmar Arysta Life Science စိုက်ပျိုးရေး ဆေးကုမ္ပဏီ စာချုပ် ချိုးဖောက်ပြီး နစ်နာကြေး ရက်ရွှေ့

CoverLogo
533 Views
 
Myanmar Arysta Life Science Co.,Ltd စိုက်ပျိုးရေးဆေးကုမ္ပဏီက လုပ်သက် နှစ် ၃၀ ရှိ အလုပ်သမား နှစ်ဦး အပါအဝင် အလုပ်သမား ၃၀ ဝန်းကျင်ကို နှစ်ဖက်သဘောတူ စာချုပ် ဖောက်ဖျက်ပြီး နစ်နာကြေးပေးဖို့ ရက်ရွှေ့နေတယ်လို့ ကူညီပေးရေးအဖွဲ့တွေဆီက သိရပါတယ်။
 
ကုမ္ပဏီက ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ ကျွန်းတောလမ်း က Cystal Tower၊ Junction Square ဖွင့်လှစ်ထားပြီး အလုပ်ရပ်နားထားတဲ့ အလုပ်သမားတွေအတွက် နစ်နာကြေးပေးဖို့ကို ကုမ္ပဏီဘက်က ရက်သတ်မှတ်ပေးတာ မရှိဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။
 
“အလုပ်သမား ၂၈ယောက်လုံးကို နစ်နာကြေးမရတာ။ လုပ်သက်နှစ် ၃၀ကျော်တဲ့သူတွေ ပါတယ်။ တခြား အလုပ်သမားတွေ ဘယ်လို ဘယ်လောက်ရတယ်ဆိုတာလည်း မသိရဘူး ။ ” လို့ ပြောပါ တယ်။
 
ပြီးခဲတဲ့ အောက်တိုဘာ ၈ ရက်မှာ ဝန်ထမ်းအလုပ်သမား ၂၈ဦးကို Country Manager Mr,Arunava Chakraborty နဲ့ မန်နေဂျာချုပ် ဒေါ်မြတ်သီရိကျော်တို့က ခေါ်ယူပြီး ဒီဇင်ဘာ ၃၁ ရက်မှာ အလုပ်ပိတ်သိမ်း ရပ်နားမဲ့အကြောင်း ပြောဆိုကာ အဲ့ဒီနေ့မှာပဲ နို့တစ်ပေးခဲ့တာလို့ သိရပါတယ်။
 
အောက်တိုဘာ ၁၀ ရက် မနက်ပိုင်းမှာ နို့တစ်စာရွက်ထုတ်ပေးခဲ့ပြီး ဒီဇင်ဘာ ၂၇ ရက်မှာ လုပ်သက်နစ်နာကြေး တချို့ကို ဘဏ်ကတဆင့် လွှဲပေးခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ဇန်နဝါရီ ၉ ရက်မှာတော့ Country Manager နဲ့ မန်နေဂျာချုပ် တို့နှစ်ဦးက လုပ်သက်နစ်နာကြေး ရရှိကြောင်း လက်မှတ်ထိုးပေးဖို့ ခေါ်ယူခဲ့တယ်လို့ သိရပါတယ်။
 
“ကုမ္မဏီ စည်းမျဉ်း စည်းကမ်းနဲ့ နှစ်ဖက်သဘောတူစာချုပ်အတိုင်း ပေးဖို့ကျန်တဲ့ လုပ်သက်အလိုက် ပင်စင်ခံစားခွင့်၊ဂရုဏာ ထောက်ပံကြေးကို ဘယ်ရက်ရမလဲ မေးလိုက်တယ်။ ကုမ္မဏီ အရောင်းကိုယ်စားလှယ်တွေ ပေးဖို့ကျန်တဲ့ ကုန်ဖိုးငွေတွေရမှလို့ ပြန်ပြောခဲ့တယ်”လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
အလုပ်သမား ၂၈ ဦး အတွက် လုပ်သက်အလိုက်ပင်စင်ခံစားခွင့်နဲ့ထောက်ပံ့ကြေးတွေကို အရောင်းကိုယ်စားလှယ် ပေးသွင်းဖို့ ကျန်ရှိတဲ့ ငွေကြေးတွေပေးသွင်းပြီးမှသာ အလုပ်သမားတွေကို ပေးနိုင်မယ်လို့ ပြောဆိုတာက ချုပ်ဆို ထားတဲ့စာချုပ်ကို လုပ်ငန်းရှင်ဘက်က ဖောက်ဖျက်တာ ဖြစ်တယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။
 
“ ကုမ္မဏီ အလုပ်သမားတွေက ဆယ်စုနှစ် ၃ ခုလောက် လုပ်ခဲ့တယ်။ အဲ့ဒီကာလအတွင်း အရောင်း ဈေးကွက်ရှာဖွေပေးခဲ့တယ်။ ကုမ္ပဏီအတွက် အမြတ်စွန်း ဒေါ်လာ သန်း ၆၀ ကျော် အထိ ရှာပေးနိုင်ခဲ့တယ်။ ဒါပေမဲ့ လုပ်ငန်းရှင်က အခုလို တုန့်ပြန်တာက အလုပ်သမားဝန်ထမ်းတွေအတွက် အခွင့်အရေးချိုးဖောက်မှုပါ” လို့ ကူညီပေးနေသူတွေက ပြောပါတယ်။
 
အလုပ်သမားတွေအပေါ် စည်းမျဉ်းစည်းကမ်းနှင့် မညီပဲ နောက်ဆက်တွဲ နှစ်ဖက်သဘောတူစာချုပ်ကို ဖောက်ဖျက်တာက ရပိုင်ခွင့်ကို ချိုးဖောက်တာဖြစ်တယ်လို့ အလုပ်သမားအရေး ကူညီသူတွေက ပြောထားပါတယ်။

Related posts

Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026
Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
Joyful Myanmar Garment အမျိုးသမီး လုပ်သားများအား ပိတ်လိပ်ထမ်းခိုင်း
May 19, 2026