NEWS

MoU စနစ်နဲ့ မြန်မာလုပ်သားတွေကို ထိုင်းသို့ ပြန်လည်စေလွှတ်

CoverLogo
2K Views

ထိုင်းနဲ့ မြန်မာနှစ်နိုင်ငံသဘောတူညီမှုစာချွန်လွာ(MoU) စနစ်နဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို မေလ ၁၀ရက်တွင် ပြန်လည် စတင်စေလွှတ်နေပြီးဖြစ်ကြောင်း ထိုင်းနိုင်ငံကို အလုပ်သမားတရားဝင်ပို့ဆောင်နေတဲ့ အေဂျင်စီတွေက ပြောပါတယ်။

ယနေ့တွင် မြန်မာအလုပ်သမား ၃၀၀ နီးပါးဟာ ထိုင်း-မြန်မာနယ်စပ်ရှိ မြဝတီ-မဲဆောက်နယ်စပ်ဂိတ်ကနေ ထိုင်းနိုင်ငံထဲရှိ ကြက်သားစက်ရုံတွင် အလုပ်လုပ်ကိုင်ဖို့ တရားဝင်အေဂျင်စီတွေနဲ့ စာချုပ်ချုပ်ထားတဲ့ မြန်မာလုပ်သားတွေ ဝင်ခွင့်ရခဲ့တာဖြစ်ပါတယ်။ 
ယနေ့ ဝင်ရောက်တဲ့ အလုပ်သမားတွေဟာ ပထမဆုံးသုတ်အနေနဲ့ဖြစ်ပြီး စာချုပ်ထိုးထားတဲ့အဖွဲ့တွေကို အစဉ်လိုက် စေလွှတ်သွားဖို့ ပြင်ဆင်နေတယ်လို့ ၎င်းတို့က ဆိုပါတယ်။

ကမ္ဘာ့ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပြည်ပနိုင်ငံများကို အလုပ်သမားစေလွှတ်မှုမှာ ၂၀၂၀ ခုနှစ်မတ်လ ၁၈ရက်က ရပ်ဆိုင်းထားခဲ့ပြီး လက်ရှိတွင် ထိုင်းနိုင်ငံမှ MoU စနစ်နဲ့ အလုပ်သမားများ ပြန်လည်ခေါ်ယူလာပြီး ဖြစ်သောကြောင့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် မြန်မာအလုပ်သမားတွေ တရားဝင်စေလွှတ်နိုင်ရေးအတွက် Demand Letter မျာကို စစ်အာဏာသိမ်းကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနက စတင်ခွင့်ပြုလိုက်တာဖြစ်ပါတယ်။

ယင်းနောက် မတ်လ ၂၅ ရက်မှစတင်၍ အလုပ်ရှင်၊ အလုပ်သမားနဲ့ အေဂျင်စီတွေကို စာချုပ် ချုပ်ဆိုခွင့် တရားဝင်ခွင့်ပြု လိုက်ပြီး လိုအပ်တဲ့ လုပ်ငန်းစဉ်ကိုလည်း စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနက လက်ခံဆောင်ရွက်ပေးနေတာပါ။

ထိုင်းကို သွားရောက် လုပ်ကိုင်မယ့် အလုပ်သမားအသစ်တွေအတွက် စာချုပ်အသစ် ချုပ်ဆိုရပြီး စာချုပ် ချုပ်ဆိုထားသော လူဟောင်းတွေကို စာချုပ်သက်တမ်းဖို့ လိုအပ်ရင် တိုးရမယ်လို့ ထိုင်းကို တရားဝင်အလုပ်သမားပို့ ပေးနေတဲ့အေဂျင်စီမှ တာဝန်ရှိသူက ရှင်းပြပါတယ်။

ထိုင်းနိုင်ငံကို MoU စနစ်နဲ့ သွားရောက်လုပ်ကိုင်မယ့် အလုပ်သမားတွေအနေနဲ့ အေဂျင်စီတွေကို ဝန်ဆောင်ခအဖြစ် ၂၀၁၅ ခုနှစ်မှစ၍ ကောက်ခံတဲ့ နှုန်းထားအဖြစ် ၁၅၀၀၀၀ ကျပ် ပေးရသော်လည်း လက်ရှိတွင် ၃ သိန်းအဖြစ် တိုးမြင့်သတ်မှတ်ထားပါတယ်။

မြန်မာနဲ့ ထိုင်း နှစ်နိုင်ငံ MoU စနစ်နဲ့  မြန်မာအလုပ်သမားတွေ တရားဝင်စေလွှတ်နိုင်ရေးအတွက် ထိုင်းအလုပ်သမားပို့ဆောင်ရေးအေဂျင်စီ  (၁၁၄) ခုကို လုပ်ကိုင်ခွင့်ပြုထားပါတယ်။


 


Related posts

Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026
Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026