NEWS

အကြောင်းအမျိုးမျိုးဖြင့် အဖမ်းခံရသည့် မြန်မာနိုင်ငံသားများ နေရပ်ပြန်ပို့ရေး မြန်မာ-တရုတ် နှစ်နိုင်ငံ MOU ရေးထိုး

CoverLogo
446 Views
 
တရုတ်နိုင်ငံမှာ အကြောင်းအမျိုးမျိုး နဲ့ ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားတွေကိုနေရပ်သို့ ပြန်လည်ပို့ဆောင်နိုင်ရေးနဲ့ပက်သက်ပြီး မြန်မာ-တရုတ် နှစ်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာများ ပူးပေါင်း ဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ(MoU) လက်မှတ်ရေးထိုးခဲ့တယ်လို့ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ သိရပါတယ်။
 
စစ်ကော်မရှင် လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်တွေက ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက်မှ ၁၈ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ အလုပ်သဘောလေ့လာရေးခရီးစဉ်အဖြစ် သွားရောက်ခဲ့စဉ် မှာ အခုလို နှစ်နိုင်ငံ လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်တယ်လို့ ၄င်းဌာနက ထုတ်ပြန်ထားပါတယ်။
 
နှစ်နိုင်ငံ တွေ့ဆုံစဉ် မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ဂိတ်တွေ မှာ လူဝင်မှု စစ်ဆေးရေး စနစ်တွေ အဆင့်မြှင့်တင် ဖို့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်း တွေ ပိုမို တိုးမြှင့် ဖို့၊တရားမဝင် ဝင်ထွက်မှု မရှိစေဖို့ လုပ်ဆောင် ရန် နှစ်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ သတင်းအချက်အလက်များ အပြန်အလှန်ဖလှယ်ရေး၊ လူကုန်ကူးမှုတိုက်ဖျက်ရေး၊ အွန်လိုင်းလောင်းကစားမှုလုပ်ငန်းများ ပူးပေါင်းတိုက်ဖျက်ရေးတို့ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
 
လက်ရှိတွင် မြန်မာနိုင်ငံ အတွင်း သို့ တရားမဝင် ဝင်ရောက်လာပြီး ကျားဖြန့် လုပ်ငန်း တွေ မှာ လာရောက် လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသားတွေကို စစ်ကော်မရှင် လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ စိစစ်ပြီး နေရပ် ကို လစဉ် ပြန်လည်ပို့ပေးလျက်ရှိတယ်လို့ဆိုပါတယ်။
 
တရုတ်နိုင်ငံ အတွင်း မှာ လည်း အကြောင်းအမျိုးမျိုးနဲ့ အဖမ်းခံ ထားရတဲ့ မြန်မာနိုင်ငံသားတွေ ရှိသလို မသမာသူတွေ လက်ချက်နဲ့ လူကုန်ကူးခံရတဲ့ မြန်မာနိုင်ငံသားတွေများစွာရှိကြောင်း သိရပါတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026