NEWS

ထိုင်းတွင် မြန်မာလုပ်သား တစ်ဦး ကြိတ်စက်ထဲ ပြုတ်ကျ သေဆုံးမှုဖြစ်ပွား

CoverLogo
269 Views
ထိုင်းနိုင်ငံ ချွှန်ဘူရီခရိုင်ရှိ စက်ရုံ တစ်ရုံမှာ အလုပ်လုပ်နေတဲ့ မြန်မာလုပ်သားတစ်ဦးမှာ ပလတ်စတစ် အမှုန့် ကြိတ်စက်ထဲ ပြုတ်ကျပြီး သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ထိုင်းသတင်းတွေရဲ့ဖေါ်ပြချက်အရ သိရပါတယ်။
အသက် ၂၄ နှစ်အရွယ် မြန်မာအမျိုးသား လုပ်သား တစ်ဦးဟာ ကြိတ်စက်အတွင်းသို့ ပြုတ်ကျပြီး သေဆုံးခဲ့ကြောင်းနိုဝင်ဘာ၂၀ ရက် ယနေ့မှာ ထိုင်းရဲတွေဆီ သတင်းရောက် ရှိတဲ့ အတွက် သွားရောက်စစ်ဆေးခဲ့ကြတယ်လို့ ဆိုပါတယ်။
 
နိုဝင်ဘာ ၁၉ ရက် ည သန်းခေါင် လောက်က အခင်း ဖြစ်ပေါ်ခဲ့တာ ဖြစ်ပြီး မြန်မာအလုပ်သမားရဲ့ ရုပ်အလောင်းမှာ ခန္ဓာကိုယ်ကြေမွ သွားတဲ့အခြေအနေ တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။
 
ကယ်ဆယ်ရေးသမားတွေက ရုပ်အလောင်းကို ပြန်ယူဖို့ လုပ်ဆောင်ရာမှာ ကြေမွနေတဲ့ အစိတ်အပိုင်းတွေနဲ့ ပလတ်စတစ်အပိုင်းအစတွေ ရောနှော နေတာကြောင့် သေချာစွာ ဖယ်ထုတ်ဖို့ ကြိုးစားခဲ့ရပြီး အစိတ်အပိုင်းအချို့ကိုသာ ပြန်ရခဲ့တယ်လို့ ဆိုပါတယ်။
 
စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ ကနဦး သုံးသပ်ချက်အရ သေဆုံးသူဟာ အလုပ်ချိန် နာရီပေါင်းများစွာ ကြာမြင့်တာကြောင့် အိပ်ငိုက်ကာ အမှတ်မထင် စက်ထဲသို့ ပြုတ်ကျ သွားတာဖြစ်နိုင်တယ်လို့ ယူဆထားပြီး ဥပဒေအရ အရေးယူမှု တွေ လုပ်ဆောင်နိုင်ဖို့ CCTV မှတ်တမ်းတွေကို ကြည့်ရှုစစ်ဆေးခြင်းနဲ့ လုပ်ဖော်ကိုင်ဖက်တွေကို စစ်ဆေးမေးမြန်းခြင်းတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
 
Ref-Khaosod ၊Matichon Online
 

Related posts

Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026
Cover
အလုပ်သွားရန် မြန်မာလုပ်သားများ စီးလာသောယာဥ် တိုက်မှုဖြစ်ပြီး ၆ ဦးဒဏ်ရာရ
Mar 31, 2026
Cover
လမ်းစရိတ် သိန်း ၆၀၀ ​ကျော်နှင့် ဘတ်ရိုက်ခ၊ စမတ်ကြေး ဘတ်၂သိန်းခန့်ပေးရသည့် မြန်မာလုပ်သား ၁၁ ဦး အလုပ်မရဘဲ လိမ်လည်ခံရ
Mar 31, 2026
Cover
မတ်လ အတွင်း ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာ ၂၀၀ခန့်ကို ထိုင်းမှ စစ်ကော်မရှင် ထံ လွှဲပေး
Mar 31, 2026
Cover
အထောက်အထားမဲ့ မြန်မာလုပ်သား ၉ဦး တင်လာသည့် ကား အဖမ်းခံရ
Mar 27, 2026
Cover
တောင်ကိုရီးယားသို့ အမျိုးသမီး လုပ်သားအပါ ဝင် မြန်မာ လုပ်သား ၁၂၀ ကျော် စေလွှတ်
Mar 27, 2026
Cover
အလုပ်သမား အသစ်များက ခွင့်ပြန်လုပ်သား အဖြစ် အသွင်ဆောင်ပြီး ပြည်ပထွက်ခွာရန် ကြိုးစားလာဟုဆို
Mar 26, 2026