မလေးရှားနိုင်ငံ ပါဟန်းပြည်နယ် ကင်မရွန်းဟိုက်လန်း(Cameron highlands)တွင် မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနက အထောက်မထားမပြည့်စုံဘဲ အလုပ်လုပ်ကိုင်နေတဲ့ နိုင်ငံခြားသား လုပ်သားတွေကို စစ်ဆေးရှာဖွေ ဖမ်းဆီးရာ မြန်မာရွှေ့ပြောင်းလုပ်သား ၁၇၅ဦး အဖမ်းခံရတယ်လို့ မလေးရှား သတင်း တွေ အရသိရပါတယ်။
နိုဝင်ဘာ၂၀ရက်က မလေးရှား လူဝင်မူကြီးကြပ်ရေးဌာနက ၎င်းနေရာ ရှိ နိုင်ငံခြားသား ၁၈၈၆ ဦးကို အထောက်အထား များ စစ်ဆေးမှု ပြုလုပ်ခဲ့ရာ အထောက်အထားမရှိတဲ့ နိုင်ငံခြားသား ၄၆၈ဦးအားဖမ်းဆီးနိုင်ခဲ့တာ်လို့ သတင်းမှာဖေါ်ပြထားပါတယ်။
အဖမ်းခံရသူတွေထဲမှာ မြန်မာနိုင်ငံသား ၁၇၅ ဦး၊ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၇၄ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ၆၇ဦး၊နီပေါနိုင်ငံသား ၂၀ဦး နဲ့အခြားနိုင်ငံသားတွေ ပါဝင်တယ်လို့ သိရပါတယ်။
ဒေသခံပြည်သူတွေရဲ့ တိုင်ကြားချက်အရ ကင်မရွန်းဟိုက်လန်း(Cameron highlands) နေရာရှိ စီးပွားရေးအဆောက်အဦးတွေ၊ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေနဲ့ဟင်းသီးဟင်းရွက်နှင့်သစ်သီးခြံများ ကို ဝင်ရောက်စီးနင်း ရှာဖွေ ခဲ့တယ်လို့ သိရပါတယ်။
၎င်းနေရာရှိ ဟင်းသီးဟင်းရွက် ထုတ်ပိုးတဲ့ဆိုင်အများစုမှာ နိုင်ငံခြားသား လုပ်သားတွေကို အများဆုံး ငှားရမ်းထားတာ တွေ့ရှိရပြီး ဝင်ရောက် ဖမ်းဆီးချိန်တွင် ဟင်းသီးဟင်းရွက် ထုတ်ပိုးနေတဲ့ အတွက်ထွက်ပြေးရန် အချိန်မရခဲ့ဘူး လို့ သတင်းမှာဖေါ်ပြထားပါတယ်။
အဖမ်းခံရသူတွေကို လူဝင်မူကြီးကြပ်ရေးဆိုင်ရာ ပြစ်မှု တွေနဲ့ အရေးယူမှုတွေ ပြုလုပ်ပြီး နေရပ်ကို ပြန်လည်ပို့ဆောင်မယ်လို့ သိရပါတယ်။
ယခု နိုဝင်ဘာ လအတွင်း မလေးရှား မှာ အထောက်အထားမပြည့်စုံလို့ အဖမ်းခံရတဲ့ မြန်မာလုပ်သား ၃၀၀ခန့်ရှိပြီ ဖြစ်ကြောင်း အဖမ်းဆီးသတင်းတွေအရသိရပါတယ်။
Ref-BERNAMA









