NEWS

ဘန်ကောက်တွင် အလုပ်လုပ်ရန် နယ်စပ် ဖြတ်ကျော်သည့် မြန်မာလုပ်သား ၃၆ ဦး အဖမ်းခံရ

CoverLogo
118 Views
ထိုင်းနိုင်ငံ ဘန်ကောက် တွင် အလုပ်လုပ်ကိုင်ရန် အ နယ်စပ်ဖြတ်ကျော်ဝင်ရောက် လာတဲ့ အထောက်အထားမဲ့ မြန်မာလုပ်သား ၃၆ ဦး ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ ထိုင်းဒေသတွင်းသတင်းတွေအရ သိရပါတယ်။
 
နိုဝင်ဘာလ ၁၈ရက် ညပိုင်း က တာ့ခ်ခရိုင် ၊ မယ်ရမတ်မြို့နယ် အတွင်း ကို နယ်စပ်တောလမ်းမှ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာလုပ်သား ၃၆ဦးကို ထိုင်းလုံခြုံရေးအဖွဲ့ တွေက ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
 
မြန်မာလုပ်သားတွေဟာ ထိုင်းနိုင်ငံ ဘန်ကောက် နဲ့စမွတ်စခွန် တို့ မှာ အလုပ်လုပ်ကိုင်လိုတဲ့ အတွက် ပွဲစား ဆိုသူ ကို တစ်ဦး လျှင်ဘတ် ၁၈၀၀၀ မှ ၂၀၀၀၀ အထိ ပေးခဲ့ရတယ်လို့ သတင်းမှာဖေါ်ပြထားပါတယ်။
 
အမျိုးသား ၂၀ ဦးနှင့် အမျိုးသမီး ၁၆ ဦး ပါဝင်ကာ ကရင်ပြည်နယ် မြ၀တီမြို့မှာ စုဝေးပြီး လှေဖြင့် မယ်ရမတ်မြို့နယ် အတွင်းသို​ြ ဝင်ရောက်လာကာ တောအုပ်အတွင်း လမ်းပြနဲ့အတူ ဖြတ်လျှောက်နေစဉ် ရဲတပ်ဖွဲ့ မှ စစ်ဆေးတွေ့ရှိပြီး ဖမ်းဆီးခံရတာ ဖြစ်ပါတယ်။
 
လက်ရှိမှာ မြန်မာအလုပ်သမား ၃၆ ဦး ကို တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုဖြင့် စွဲချက်တင်ပြီး ဥပဒေအရ အရေးယူဆောင်ရွက်ဖို့ မယ်ရမတ်ရဲစခန်းသို့ လွှဲပြောင်းပေးလိုက်ပြီလို့ သိရပါတယ်။
 
ထိုင်းနိုင်ငံ အတွင်း တရားမဝင် နယ်စပ် ဖြတ်ကျော် ဝင်ရောက် လာတဲ့ မြန်မာလုပ်သား တွေ နေ့စဉ် အဖမ်းခံနေရကာ နိုဝင်ဘာ၁၈ရက် မနက်ပိုင်းကလည်း ကမ်ပိန်ဖက် ပြည်နယ်မှာ ပစ်ကပ်ကားလေးစီးနဲ့ တင်ဆောင်လာတဲ့ အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်း လုပ်သား ၅၈ဦး အဖမ်းခံရတဲ့ အတွက် တစ်ရက် ထဲမှာပင် မြန်မာလုပ်သား ၉၄ဦး အထိ အဖမ်းခံခဲ့ရတယ်လို့ ထိုင်းသတင်းတွေ အရ သိရပါတယ်။
 
Ref- CH7 News ,กิตติศักดิ์ บุญจันทร์

Related posts

Cover
ထိုင်းတောင်ပိုင်း ဟက်ယိုင်မြို့ရေဆက်ကြီးနေပြီး မြန်မာအလုပ်သမားများအကူအညီလိုအပ်နေ
Nov 30, 2025
Cover
ဖော့ကျိတ်စက် ကြိတ်မိသေဆုံးသွားသောမြန်မာလုပ်သားအတွက် နစ်နာကြေးရရှိရေးညှိနှိုင်းနေ
Nov 30, 2025
Cover
ထိုင်းတွင် မြန်မာလုပ်သားတစ်ဦး လုပ်ငန်းခွင်အတွင်း ဖော့ကလစ်ကား(forklift) ပိမိပြီး သေဆုံး
Nov 22, 2025
Cover
မလေးရှားတွင်အထောက် အထားမရှိသည့် မြန်မာလုပ်သား ၂၀၀ ခန့် အဖမ်းခံရ
Nov 21, 2025
Cover
ထိုင်းတွင် မြန်မာလုပ်သား တစ်ဦး ကြိတ်စက်ထဲ ပြုတ်ကျ သေဆုံးမှုဖြစ်ပွား
Nov 21, 2025
Cover
အကြောင်းအမျိုးမျိုးဖြင့် အဖမ်းခံရသည့် မြန်မာနိုင်ငံသားများ နေရပ်ပြန်ပို့ရေး မြန်မာ-တရုတ် နှစ်နိုင်ငံ MOU ရေးထိုး
Nov 21, 2025
Cover
ပြည်ပအလုပ်အကိုင်အတွက် EC စာချုပ် ချုပ်ပြီး တစ်နှစ်နီးပါးအထိ ထွက်ခွာခွင့်မရတဲ့အလုပ်သမားတွေ အခက်ကြုံနေ
Nov 21, 2025
Cover
မလေးရှားတွင် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာနိုင်ငံသား ၂၁ ဦး ကို နေရပ် ပြန်ပို့
Nov 21, 2025