NEWS

LITA MYANMAR အလုပ်သမားဥပဒေပါအခွင့်အရေးတွေချိုးဖောက်နေဟုဆို

CoverLogo
940 Views

ရန်ကုန်တိုင်း ရွှေပြည်သာမြိုနယ် စက်မှုဇုန် ၄ ခြံအမှတ် - မှာဖွင့်လှစ်ထားတဲ့ LITA MYANMAR အထည်ချုပ်စက်ရုံမှာ အလုပ်သမားဥပဒေပါအခွင့်ရေးတွေချိုးဖောက်ပြီး ခွင့်ခံစားခွင့်မပေးတာ၊ ဆေးခွင့်ခံစားခွင့်မပေးတာ၊ WCC အလုပ်သမားကိုယ်စားလှယ်ကို အလုပ်သမားတွေ ရွေးချယ်ခွင့်မရတာ၊ စနေနေ့မှာအိုတီကြေးမပေးဘဲ အချိန်ပြည့်ခိုင်းစေတာနဲ့ အထည်စံချိန်ကို အလွန်အကျွံတောင်းခံမှုတွေ ကျူးလွန်နေတယ်လို့ အဲ့ဒီစက်ရုံမှာလုပ်ကိုင်နေတဲ့အလုပ်သမားကပြောပါတယ်။ 


လုပ်ငန်းမှာ တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး အလုပ်သမား ၉၀၀ ကျော်နဲ့ လုပ်ငန်းလည်ပတ်ကာ  BURTLE၊ CONVERSE၊ SERVO၊ Brillage၊ samansa၊ mandai အမှတ်တံဆိပ်တွေချုပ်တာလို့ အလုပ်သမားထံကသိရပါတယ်။


အထည်စံချိန်အလွန်အကျွံတောင်းခံတယ်ဆိုရာမှာ စက်လိုင်းတစ်လိုင်းလျှင် စူပါဘိုက်စာ ၊ အကူလုပ်သားအပါ ၄၅ ဦးရှိပြီး တနာရီကို အထည်စံချိန် ၄၅ ထည် တောင်းခံနေတာဖြစ်ပြီး အဲ့ဒီနှုန်းထားကို အလုပ်ရှင်ဘက်က တဖက်သတ် ဆုံးဖြတ်တောာင်းခံနေတာလို့ ဆိုပါတယ်။


တောင်းခံတဲ့စံချိန် မပြည့်ပါက အောစူပါနဲ့ စူပါက ဆဲဆို ခိုင်းစေတယ်လို့ ပြောပါတယ်။ အဲ့ဒီလို ဆဲဆိုရန် အုပ်ချုပ်သူတွေက ဖိအားပေးပြီး ခွင့်ပြုထားတာလို့ ပြောပါတယ်။


"အိုင်းယွန်း ဌာနမှာဆို အလုပ်သမားတယောက်က တနာရီကို ရေတောင်မသောက်ဘဲ  အထည် ၂၀ တိုက်နိုင်တယ်ဆိုရင် ၂၃ ထည်လောက်သတ်မှတ်ထားတယ်။ သူတို့တောင်းတဲ့အထည်စံချိန်မှာ အလုပ်သမားရေသောက်ဖို့ အပေါ့အပါးသွားဖို့ အချိန်မပါဘူး။ စက်ရုပ်တွေလို သတ်မှတ်ထားတာ ဒါတောင် အပြင်က ပုတ်ပြတ်ခေါ်ခိုင်းတဲ့ လူတွေနဲ့ ယှဉ်ပြီးတောင်းသေးတာ၊ တခြား snap တို့ ၊ qc တို့မှာလဲ အဲ့လိုပဲ အလုပ်ရှင်ဘက်က တောင်းတဲ့ စံချိန်မရရင် အောစူပါ ဒေါ်က -- ကျိန်ဆဲတယ် အကုန်လုံးကိုပတ်ရမ်းပြီးဆဲတာ "နေမကောင်းရင်လည်း သေကြပါလား အလုပ်ဘာလို့လာနေလဲ တခါထဲသေ" ဆိုပြီး ပြောနေတာ နေမကောင်းလို့ ဂိတ်ပက်ယူတာမပေးလို့ အလုပ်ထွက်လိုက်ရတဲ့ အလုပ်သမားတွေလည်းအများကြီး"လို့ အဲ့ဒီစက်ရုံလုပ်ငန်းခွင်ထဲက အလုပ်သမားကပြောပါတယ်။


အလုပ်သမားဥပဒေပါအခွင့်အရေးတွေဖြစ်တဲ့ ရှောင်တခင်ခွင့် လူမှုဖူလုံရေးဆေးခြင်း တွေမရရှိဘဲ ဖူလုံရေးစာရွက်စာတမ်းတွေ တင်ပေးပါကလည်း ခွင့်မဲ့သတ်မှတ်ပြီး ဖြတ်တောက်တာတွေပြလုပ်လို နစ်နာနေရတယ်လို့ ဆိုပါတယ်။


"ခွင့်မရတာနဲ ပတ်သက်ပြီး လုပ်သမားရုံးကလာစစ်တော့ အလုပ်သမားတွေကအရဲစွန့်ပြီး ခွင့်တွေ မရဘူးပြောတယ် အခုထိ ခွင့်တွေမပေးသေးဘူး"လို့ အလုပ်သမားကဆက်ပြောပါတယ်။


နေ့စား အယောက် ၃၀ လောက်ခန့်ထားပေမဲ့ စနေ့နေ့တွေမှာ အချိန်ပြည့် ၈ နာရီ အလုပ်လုပ်ရပေမယ့် ဒေးကြေးသာရှင်းပေးပြီး အိုတီကြေးမပေးဘဲ ခေါင်းပုံဖြတ်ထားတယ်လို့ ပြောပါတယ်။


ဒါ့အပြင်  WCC ဖွဲ့ရာမှာလည်း အလုပ်သမားကိုယ်စားလှယ် ၃ ဦးမည်သူမည်ဝါဖြစ်ကြောင်းမသိရှိရဘဲ ဩဂုတ်လ ၁၁ ရက်နေ့က စာရွက်တရွက်ပေါ်မှာ အတင်းအကျပ် လက်မှတ်ထိုးခိုင်းခဲ့တယ်လို့ ဆိုပါတယ်။


"တကယ်ဆိုအလုပ်သမားကိုယ်စားလှယ်ကိုအလုပ်သမားတွေကမဲပေးပြီးရွေးရမှာ"လို့ အလုပ်သမားကပြောပါတယ်။


အလုပ်သမားသမဂ္ဂဖွဲ့စည်းထားခြင်းမရှိသလို၊ လုပ်ငန်းခွင်ညှိနှိုင်းရေးကော်မတီကိုလည်းအလုပ်ရှင်စိတ်ကြိုက်လူရွေးချယ်ဖွဲ့ထားတာကြောင့် အလုပ်သမားအငြင်းပွားမှုတွေကို ဖြေရှင်းနိုင်ခြင်းမရှိသလို အလုပ်သမားတွေကို ကိုယ်စားပြုနိုင်ခြင်းလည်းမရှိဘူးလို့ ကျေနပ်မှုမရှိတဲ့အလုပ်သမားကပြောပါတယ်။


"ရက်မှန်ကြေးက စက်လိုင်းတွေကိုပဲ တလလုံးရက်မပျက်ရင် ၃၀၀၀၀ ပေးတာ တခြားလိုင်းတွေကို လုံးဝမပေးထားဘူး ကျွမ်းကျင်ကြေးလဲ မပေးထားဘူး၊ အခြေခံလစာနဲ့ အိုတီပဲရှိတော့လူလဲ မမြဲဘူး ဒီကြားထဲ ရက်ပျက်ရင် ဝမ်တိမ်ထိုးရမယ်ကပါသေး၊ အခုချုပ်နေတာတွေက တခြားရုံတွေက ယူချုပ်တော့ အဲ့ရုံတွေကက ကျူစီတွေကို ခေါ်စစ်ခိုင်းတာတွေရှိတယ်။ ဩဂုတ် ၈ ရက်နေ့က ဘရန်းဘက်က ကိုယ်စားလှယ်က ဌာနတခုချင်းစီက အလုပ်သမားတယောက်ခေါ်စစ်တယ်၊ အလုပ်သမားက ရက်မှန်ကြေး ရှောင်တခင်ခွင့် ဆေးခွင့်တွေမရဘူးပြောတာကို ဂျပန် buyer တယောက်ရဲ့ စကားပြန် မ- ဆိုတဲ့လူက "ရက်ပျက်လို့ ရက်မှန်ကြေးမပေးတာမလား" ဆိုပြီး စက်ရုံကိုပြန်တောင် ကာပေးသွားသေးတယ် ရုံးပိုင်းလူတွေရှေ့မှာမေးတော့ အဆင်မပြေဘူးလေ"လို့ အလုပ်သမားကပြောပါတယ်။


အခုလို အမှတ်တံဆိပ်ဘက်မှ လာရောက်စစ်ဆေးပါကလည်း အလုပ်သမားတွေကို ကြိုတင်သင်ကြားပေးထားသလို၊ အမှန်အတိုင်းဖြေပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်ထားတယ်လို့ အလုပ်သမားတွေကပြောပါတယ်။


လုပ်ငန်းခွင်အတွင်း ပြုပြင်ပြောင်းလဲစေလိုတဲ့အချက်တွေကို အလုပ်သမားတွေက တောင်းဆိုထားပါတယ်။ အဲ့ဒါတွေကတော့ 
၁။ အလုပ်ရှင်ဘက်မှ အလုပ်သမားများခံစားခွင့်ဖြစ်သော ရှောင်တခင်ခွင့်၊ ဆေးခွင့်ခံစားခွင့်ပေးရန်။
၂။ အလုပ်ရှင်ဘက်က အခြားသောဌာနများကို ရက်မှန်ကြေးတန်းတူသတ်မှတ်ပေးရန်။
၃။ wccရွေးချယ်ရာတွင် အလုပ်သမားတွေကိုယ်အမှန်တကယ် ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်ကိုအလုပ် သမားတွေကိုယ်တိုင်ရွေးချယ်ရန်။
၄။ အလုပ်ရှင်ဘက်မှ နေ့စားသမားများကို စနေနေ့အတွက် အလုပ်ချိန်၈နာရီအထိခိုင်းစေပြီး အလုပ်ချိန် ၄နာရီထက်ကျော်လွန်ခိုင်းစေထားသော အချိန်ကို အချိန်ပိုအိုတီကြေးပေးရန်။
၅။ အလုပ်ရှင်ဘက်မှ အထည်စံချိန်များကို မတရားတောင်းခံနေခြင်းမပြုလုပ်ရန်
၆။ဖူလုံရေးဆေးခွင့်တင်ထားသောအလုပ်သမားများကို ဒေးကြေးပြန်တွက်ပေးရန် စတာတွေ ဖြစ်တယ်လို့ အလုပ်သမားတွေကပြောဆိုထားပါတယ်။


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026