NEWS

KNU က ပစ်ခတ်ပါက ဒေသခံပြည်သူတွေကို ဝင်ရောက် ပစ်ခတ်မည့်ဟု လေးကေ BGF စခန်းက ဆို

CoverLogo
1.7K Views

သထုံခရိုင် လေးကေ့ BGF စခန်းက ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၇ရက်နေ့က  ဒေသခံ ပြည်သူတွေကို "စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ်က ခေါ်တဲ့အခါမျိုးမှာ ထွက်ပြေးတာမျိုးအပြင်  ကျေး ရွာအနီးက ဖြတ်သန်းစဉ် ကေအဲန်ယူဖက်က ပစ်ခတ်မှုမျိုး ပြုလုပ်လာပါက ကျေးရွာအတွင်းက ဒေသခံတွေကိုပါ ဝင်ရောက်ပစ်ခတ်သွားမယ်"လို့ နယ်ခြားစောင့်တပ် (BGF) ၁၀၁၄တပ်ရင်းက ဗိုလ်တင်ဝင်းနဲ့ ဗိုလ်ကြိမ်လုံးတို့က ပြောသွားတယ်လို့ ကေအဲန်ယူ သထုံခရိုင်က ဖေါ်ပြထားပါတယ်။

သထုံခရိုင် နယ်ခြားစောင့်တပ် တပ်ရင်း ၁၀၁၄ က ဘီလင်းမြို့နယ်က ဝင်းတာပန်ကျေးနယ်အုပ်စု၊ မြစ်ကျိုးကျေးနယ်နဲ့ မင်းစောကျေးနယ်အုပ်စုက ကျေးရွာ ၁၁ရွာက ဒေသခံရပ်မိရပ်ဖ  ၄၂ဦးကို ခေါ်ယူတွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၁၅ရက်နေ့ကလည်း KNLA တပ်မဟာ (၁)နှင့် အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ BGF-၁၀၁၄ တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး BGF ဖက်က၂ဦးသေ၊ ၃ ဦးဒဏ်ရာရပြီးနောက်ပိုင်း ဒေသခံပြည်သူတွေကို ပေါ်တာဆွဲ အဓမ္မခိုင်းစေမှုများရှိခဲ့တယ်လို့ သိရပါတယ်။

ကရင်ပြည်နယ် CJ


Related posts

Cover
ငလျင်သင့်ဒေသ များရှိ လူဦးရေ ၄ ဒသမ ၃ သန်းကျော် သန့်ရှင်းသောရေ အရေးပေါ်လိုအပ်နေ
Apr 20, 2025
Cover
ငလျင်ကြောင့် အကျဉ်းသူ/သား သေဆုံးသူ ၃၀ ဦးထက်မနည်းရှိပြီး ပျက်စီးဆုံးရှုံးများသော်လည်းစစ်ကောင်စီမှသတင်းအမှောင်ချထား
Apr 20, 2025
Cover
နေ့စဉ် ငလျင် ၇ ကြိမ်ထက်မနည်းလှုပ်ခတ်နေ
Apr 19, 2025
Cover
မြန်မာ့ရွှေဈေး ၃ရက်အတွင်း ကျပ် ၅သိန်းနီးပါး ခုန်တက်
Apr 11, 2025
Cover
ဝေဖန်မှုများစွာရှိသည့် ပျော်ဘွယ်KBZ bank ဖြေရှင်းချက်ထုတ်ပြန်
Apr 11, 2025
Cover
SMS (စာတို)ပို့ပြီး လိမ်လည်ရန်ကြိုးပမ်းမှုများလာ
Apr 09, 2025
Cover
မြန်မာ့ငလျင်ဘေး အပြင်းထန်ဆုံးကြုံရသူ ၉ ဒသမ ၁ သန်းရှိကြောင်း ကုလဖော်ပြ
Apr 09, 2025
Cover
ပြည်တွင်း အလည်အပတ် ဗီဇာ လျှောက်ထားမှုကို ယာယီရပ်ဆိုင်း
Apr 07, 2025