ရန်ကုန်မြို့ ၊ ရွှေပြည်သာမြို့နယ်၊ စက်မှုဇုန် ၂ ၊ သံချပ်ဝန်ဦးညွှန့်လမ်း (ရေပြာမှတ်တိုင်) Kingsrich Myanmar ကျောပိုးအိတ်စက်ရုံမှာ အလုပ်သမားအခွင့်ရေး ၃ ရက်မြောက် တောင်းဆိုနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
လုပ်ခလစာတိုးပေးဖို့ စက်ရုံအလုပ်သမား ၁၃၀၀ နီးပါးက တောင်းဆိုနေတယ်လို့ အလုပ်သမားတွေ က ပြောပါတယ်။
လက်ရို စက်ရုံအောစူပါ အမျိုးသမီးတဦးနဲ့ လိုင်းစူပါ အမျိုးသမီးက အလုပ်ရပ်တောင်းဆိုနေကြတဲ့ လုပ်သက် ၃ လ မပြည့်သေးတဲ့ အလုပ်သမားတွေကို ခြိမ်းခြောက် လက်မှတ်ထိုးခိုင်းပြီး အလုပ်လုပ်ခိုင်းနေတယ်လို့လည်း သိရပါတယ်။
“နင်တို့ မြန်မာနိုင်ငံရဲ့ အကြီးဆုံးစက်ရုံ ၅ရုံထဲမှာ ဒီစက်ရုံပါတယ်။ တခြားရုံတွေသွားလျောက်မယ်ဆို အလုပ် လျောက်လို့မရအောင် နင်တို့ပုံတွေ ဗီနိုင်းထုတ်ပြီး လိုက်ကပ်ထားမယ်။ တခြားရုံတွေလုပ်မရအောင် လုပ်မယ်လို့ ခြိမ်းခြောက်ပါတယ် ။” လို့ပြောပါတယ်။
Kingsrich Myanmar စက်ရုံကို အများစုက အိတ်ချုပ်စက်ရုံလို့ သိကြပေမဲ့ အထည်ချုပ် လုပ်ငန်းလုပ်ကိုင်တဲ့ တရုတ်နိုင်ငံသားပိုင်စက်ရုံဖြစ်တယ်လို့ အလုပ်သမားတွေက ပြောဆိုထား ပါတယ်။