NEWS

Sanyuan အထည်ချုပ် EC စာချုပ် ချိုးဖောက်၊ လက်မှတ်ထိုင်းခိုင်း

CoverLogo
532 Views
 
Sanyuan (Myanmar) Apparel Manufacturing Co., Ltd အထည်ချုပ်စက်ရုံက အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူ စာချုပ် EC သတ်မှတ်ထားသလို သတိပေးလက်မှတ် ၃ ကြိမ်ထိုးခိုင်းမှာ မဟုတ်ဘဲ ၂ ကြိမ်ထိုးခိုင်းပြီး အလုပ်ထုတ်မယ်ဆိုပြီး ခြိမ်းခြောက် ပြောဆိုတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
“စက်ရုံထဲ မုန်စားတာတို့၊ နှုတ်ခမ်းနီ တွေ့တာတို့ဆို သုံးကြိမ် သတိမပေးတော့ဘူး၊ ဒုတိယအကြိမ်ဆိုပြီး လက်မှတ် ထိုးခိုင်းတယ်။ နောက်တကြိမ်က နောက်ဆုံးလက်မှတ် ထိုးခိုင်းတာဆိုပြီး ခြိမ်းခြောက်တယ်။ သိထားတာက သုံးကြိမ် သတိပေးပြီးမှ အလုပ်ထုတ်လို့ရတာ။ အခု စက်ရုံက အလုပ်နေရာ အပြောင်းအရွှေ့တွေ လုပ်မယ်ပြောတယ်။ အလုပ်သမားတွေရဲ့ ဆန္ဒကို မမေးဘူး” လို့ အလုပ်သမားတွေက ပြောပါတယ်။
စက်ရုံမှာ စက်လိုင်း ၁၀ လိုင်းရှိပြီး နှစ်လိုင်းတိုးချဲ့ဖို့ လုပ်သားစုဆောင်းနေတယ်လို့လည်း သိရပါတယ်။ ဒီလို စုဆောင်းရာမှာ အကူလုပ်သားတွေ၊ တခြားဌာနက လုပ်သားတွေကို စက်လိုင်း အသစ်တွေမှာ အသုံးပြုဖို့ စီစဉ်နေတာတွေကို အလုပ်သမားတွေက စိုးရိမ်နေတယ်လို့ ပြောပါတယ်။
“စက်လိုင်း ၁ လိုင်းကို ၄၅ ယောက်နဲ့ စက်လိုင်း ၂ လိုင်း စုစုပေါင်း စက်လိုင်း ၁၂ လိုင်းထားမယ်။ တိုးတဲ့ ၂ နှစ်လိုင်း မှာ တခြားဌာနက လူတွေဖြည့်မယ်။ စာရင်းတွေလည်း ကောက်နေပြီ။ ဒါပေမဲ့ အလုပ်သမားတွေ ပြောင်းလုပ်ချင် လား မလုပ်ချင်လား မမေးဘူး။ အကူလုပ်သားတွေဆို့ စက်ချုပ်တွေ သင်ဖို့လိုတယ်။ ယောက်ျားလေး အလုပ်သမားတွေလည်း ရှိတယ်။ တကယ်ဆို စက်ချုပ်မလုပ်ချင်လို့ တခြား ဌာနမှာ လုပ်နေတာ” လို့ အလုပ်သမားတဦးက ပြောပါတယ်။
စက်ရုံနဲ့ အလုပ်သမားတွေကြားမှာ EC စာချုပ် ချုပ်ဆိုထားပြီး အဲ့ဒီ စာချုပ်မှာ အလုပ်သမားတွေ လုပ်ကိုင်ရမဲ့ အလုပ်အကိုင်အမျိုးအစားကို အတိအကျ ရေးသားထားတယ်လို့ ပြောပါတယ်။ ဒီလို ဆန္ဒမပါဘဲ အလုပ်ဌာန ပြောင်းရွှေ့ဖို့ စီစဉ်တာက EC စာချုပ် ချိုးဖောက်တာ ဖြစ်တယ်လို့လည်း အလုပ်သမားတဦးက ပြောပါတယ်။
“ အလုပ်ဝင်တော့ စက်ချုပ်မဟုတ်ဘူး။ EC စာချုပ်မှာလည်း ဌာန၊ရာထူး ပါတယ်။ အခုက စာရင်းတွေ ကောက်နဲ့။ အတင်းအကျပ်ဆိုရင်တော့ EC နဲ့ မညီဘူးလို့ မြင်တယ်။ တမျိုးစဉ်းစားရတော့မှာ။ WCCကလည်း ညှိမပေးနိုင်ဘူး။ WCC အဖွဲ့ဝင်တွေ၊ သမဂ္ဂအဖွဲ့တွေဆိုရင် မန်နေဂျာက ခြိမ်းခြောက်တယ်” လို့ အလုပ်သမားတဦးက ပြောပါတယ်။
စက်ရုံမန်နေဂျာဆိုသူက စစ်တပ်ထွက်လို့ ပြောဆိုပြီး ရဲခေါ်၊ရုံးခေါ်မယ်ဆိုပြီး မကြာခဏ ခြိမ်းခြောက်တဲ့အပြင် သင်္ကြန်ကာလ နီးလားလို့ ရေပတ်တဲ့ အလုပ်သမားတွေကို သတိပေး လက်မှတ်ထိုးခိုင်းမယ်ဆိုပြီးလည်း ခြိမ်းခြောက်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
“စက်ရုံမှာ အထည်စံချိန်တောင်းတာက ဒီနေ့ အထည် ၂၀ ဆို၊ နောက်နေ့ ၃၀/ ၄၀ အဲလို့တွေ တောင်းပြီး အတင်း အဓမ္မလုပ်ခိုင်းနေတာ၊ နောက် အလုပ်သမား ၂၀ ရှိရှိ ၃၀ ရှိရှိ စံချိန်က တခုတည်း။ အဲလိုဆိုတော့ အလုပ်သမား တွေက တယောက်တည်း နှစ်ပွိုင့်သုံးပွိုင့် ချုပ်နေရတာ။ အိမ်သာမသွားရ၊ ရေမသောက်ရနဲ့ ။ ” လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
Sanyuan (Myanmar) Apparel Manufacturing Co., Ltd က ရန်ကုန်မြို့ ၊ လှိုင်သာယာမြို့နယ်၊ ရွှေသံလွှင်စက်မှုဇုန်၊ ဧရာဝတီလမ်းမှာ ရှိပြီး တရုတ်နိုင်ငံသားပိုင်စက်ရုံလို့ သိရပါတယ်။ စက်ရုံ နှစ်ရုံ ပေါင်း လုပ်သား ၁၀၀၀ ကျော်ရှိပြီး အခုစက်ရုံကတော့ ရုံ ၁(ရုံဟောင်း) ဖြစ်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ဒီရုံ ၁ စက်ရုံမှာ လုပ်သား ၇၀၀ ဝန်းကျင်ရှိပြီး LC Waikiki အမှတ်တံဆိပ်တွေ ချုပ်နေတယ်လို့ အလုပ်သမားတွေက ပြောဆိုထားပါတယ်။

Related posts

Cover
Myanmar Handsome မန်နေဂျာ လုပ်အားခ ခေါင်းပုံဖြတ်
Aug 07, 2026
Cover
Yuan Hong Garment မှာ အပတ်တိုင်း အချိန်ပို ခိုင်းခွင့် အလုပ်သမားရုံး ဦးစီးမှူး ကိုယ်တိုင် ခွင့်ပြုပေးထား
Aug 07, 2026
Cover
New Zhoung Hui အထည်ချုပ် စနေ့နေ့ အလုပ်ဆင်းခိုင်းပြီး အချိန်ပိုကြေးမပေး
Aug 07, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026
Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026