NEWS

စကြာမင်း တိုင်းရင်းဆေးစက်ရုံ အလုပ်သမားများအား တခြားအလုပ်များ ခိုင်းစေပြီး EC စာချုပ် ချိုးဖောက်

CoverLogo
569 Views
 
စကြာမင်း တိုင်းရင်းဆေးလုပ်ငန်းက အလုပ်သမားတွေကို တိုင်းရင်းဆေး စက်ရုံလုပ်ငန်းအပြင် လုပ်ငန်းခွဲ တခုဖြစ်တဲ့ ရေသန့်လုပ်ငန်း ကိုပါ သွားရောက်လုပ်ကိုင် ပေးရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံနဲ့ အလုပ်သမားတွေကြားမှာ အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူစာချုပ် EC ချုပ်ဆိုထားပေမဲ့ အခုလို လုပ်ငန်း မတူတဲ့ အလုပ်တွေ လုပ်ကိုင်ပေးနေရတာလို့ အလုပ်သမားတွေက ပြောဆိုပါတယ်။
“အလုပ်သမားတွေမှာ အီးစီ EC ချုပ်စာအုပ်တွေ ရှိတယ်။ စာချုပ်က တိုင်းရင်းဆေးစက်ရုံနဲ့ပဲ။ ဒါပေမဲ့ ရေသန့်လည်း သွားလုပ်ရတယ်။ ရေသန့်ကလူတွေကလည်း ဒီကိုလာလုပ်ရတယ်။”လို့ အလုပ်သမားတွေက ပြောပါတယ်။
EC(Employment Contract ) စာချုပ်ဆိုတာ အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူညီမှုစာချုပ် ဖြစ်ပြီး ၂၀၁၃ ခုနှစ် အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေအရ အလုပ်ခန့်ပြီး ရက်ပေါင်း ၃၀ အတွင်း အလုပ်ရှင်နဲ့ အလုပ်သမားကြား ချုပ်ဆိုရတဲ့ စာချုပ်ဖြစ်ပါတယ်။ ဥပဒေအရ သတ်မှတ်ထားတဲ့ EC စာချုပ်မှာ အချက် ၂၂ ချက်ပါပြီး အလုပ်သမားတွေ လုပ်ကိုင်ရမဲ့ အလုပ်အကိုင်အမျိုးအစားကို အချက်တချက်အနေနဲ့ ဖော်ပြထားပါတယ်။
စကြာမင်းတိုင်းရင်းဆေး လုပ်ငန်းခွဲ ကတော့ My water ရေသန့်လုပ်ငန်းဖြစ်ပြီး မှာ အလုပ်သမားတွေမှာ လုပ်ငန်းပြောင်းလဲ လုပ်ကိုင်ပေးရတဲ့ အပြင် တိုက်ကြီးမြို့က စကြာမင်းလုပ်ငန်းပိုင် ခြံတခြံမှာ သန့်ရှင်းရေး လုပ်ငန်းတွေလည်း သွားရောက် လုပ်ကိုင်ပေးရတာလို့ အလုပ်သမားတွေက ပြောပါ တယ်။
“တိုက်ကြီးအထိသွားပြီး ခြံထဲမှာ မြက်နုတ်၊ ပေါင်းနုတ် ၊ အပင်ခုတ်၊ ခြံသန့်ရှင်းရေးကအစ အကုန်သွားလုပ်ရတာ။ မိုးရွာနေလို့ မိုးခိုချိန် အနားမရဘူး။ ငေါက်ငမ်း ခိုင်းတာ။” လို့ အလုပ်သမားတွေက ပြောပါတယ်။
အချိန်ပိုတွေ လုပ်ကိုင်ရပေမဲ့ သတ်မှတ် အချိန်ပိုကြေးတွေ အပြည့်အဝ မရကြဘူးလို့လည်း အလုပ်သမားတွေက ပြောဆိုပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက စကြာမင်း တိုင်းရင်းဆေးစက်ရုံမှူးဆိုသူက အမျိုးသမီးအလုပ်သမားတွေ ဓမ္မတာ လာ၊မလာ စစ်ဆေးခဲ့ပြီးနောက် မင်္ဂလာဒုံမြိုနယ်ရဲတပ်ဖွဲ့က စက်ရုံကို ဝင်ရောက် စစ်ဆေးခဲ့ပေမဲ့ အရေးယူဆောင်ရွက် တာ တွေ မဖြစ်ခဲ့ပါဘူး။ ဒါ့အပြင် အလုပ်သမားဝန်ကြီးဌာနကလည်း စစ်ဆေးမှုတွေ မရှိခဲ့လို့ ထိခိုက်ခံစားရသူတွေမှာ နစ်နာရတယ်လို့ အလုပ်သမားတွက ပြောပါတယ်။
စကြာမင်းတိုင်းရင်းဆေးစက်ရုံနဲ့ My Water ရေသန့်စက်ရုံ က ရန်ကုန်မြို့၊ ဇေကမ္ဘာဥယျာဉ်အိမ်ရာ၊ ရန်ကုန်စက်မှုဇုန် မှာ ရှိပြီး တိုင်းရင်းဆေး စက်ရုံမှာတော့ အမျိုးသမီး ၄၀ ကျော်၊ အမျိုးသားအလုပ်သမား ၂၀ ကျော် နဲ့ လုပ်ငန်း လည်ပတ်နေတယ်လို့ သိထားပါတယ်။
စကြာမင်းတိုင်းရင်းဆေး စက်ရုံမှာ စကြာမင်း ကျီးပေါင်းဆေး၊ အားတိုးဆေး၊ အကြောဆေး စတဲ့ တိုင်းရင်းဆေး တွေ ထုတ်လုပ်နေပြီး လုပ်ငန်းခွဲဖြစ်တဲ့ My water ရေသန့်က ရပ်ကွက်တချို့မှာ သုံးစွဲတာကို တွေ့ရပါတယ်။

Related posts

Cover
Golden Maple Leaf Myanmar အထည်ချုပ် လုပ်သားများ အလုပ်ချိန်တွင် စစ်မှုထမ်း စုဆောင်းခံရ
Feb 26, 2026
Cover
Hige Fashion Accessories Myanmar စက်ရုံ ကိုယ်ဝန်ဆောင် အလုပ်သမားအား အလုပ်ထုတ်
Feb 26, 2026
Cover
Dishang Fashion (Myanmar) အထည်ချုပ် အချိန်ပိုကြိုပို့ အဆင်မပြေ၊ ကုန်ကျစာရိတ် များပြား
Feb 25, 2026
Cover
Max Technology စက်ရုံမှာ မိလ္လာကန် ပြည့်လျှံလို့ အလုပ်သမား ၁၀၀၀ ကျော် ဒုက္ခရောက်နေ
Feb 25, 2026
Cover
Titan Tree Myanmar (Tha Shu) အထည်ချုပ် လစာတိုးမြှင့်ပေးရေး ဆောင်းဆိုမှု ခြိမ်းခြောက်ခံနေရ
Feb 25, 2026
Cover
Golden Propitious (Myanmar) အထည်ချုပ် အလုပ်သမားများ ဆန္ဒမပါဘဲ အချိန်ပို လုပ်ကိုင်နေရ
Feb 24, 2026
Cover
Hanfex Garment အချိန်ပို အတင်းအကျပ် လုပ်ကိုင်ခိုင်း၊ မဆင်းလို့ အလုပ်ထုတ်
Feb 23, 2026
Cover
Myanmar Belle International အထည်ချုပ် တောင်းဆိုချက်များ စာချုပ်ပြီး ဖေါက်ဖျက်
Feb 23, 2026