NEWS

Preclo Myanmar အထည်ချုပ် စက်ရုံ အချိန်ပို ခြိမ်းခြောက် အတင်းအကျပ် ခိုင်းစေ

CoverLogo
840 Views

Preclo Myanmar Co.,Ltd အထည်ချုပ်စက်ရုံက တနင်္ဂနွေ ပိတ်ရက်အပါအဝင် အချိန်ပိုကို ခြိမ်းခြောက် အတင်းအကျပ် ခိုင်းစေနေတယ်လို အလုပ်သမားတွေက ပြောပါတယ်။  အချိန်ပို ဆန္ဒမပါဘဲ  အောလင်း အောနိုက် လုပ်ကိုင်ခိုင်းပြီး  မဆင်းပါက ကျွမ်းကျင်အဆင့်(ဂရိတ်)တွေ လျှော့ချတယ်လို အလုပ်သမားတွေက ပြောပါတယ်။  

 

"တနင်္ဂနွေပိတ်ရက်တွေ အချိန်ပိုကို လူရွေးပြီး အတင်းအကျပ် ဆင်းခိုင်းတယ်။ တနင်္ဂနွေ အချိန်ပို မဆင်းနိုင်တဲ့ အလုပ်သမားတွေဆို  စူပါ၊ အောစူပါတွေက မိုက်မိုက်ရိုင်းရိုင်းပြောတယ်။ ဂရိတ်(great) ချတယ်။  အချိန်ပိုခေါ်ရင်  ဖယ်ရီ ကြိုပိုတွေ စီစဥ်မပေးဘူး ။ နေ့တိုင်း အချိန်ပိုက ည ၇ အထိ ဆင်းခိုင်းတယ်။ အောလင်း အောနိုက်ဆင်းရပြီ ဆိုရင် တနာရီ ပေးနားပြီးတယ်။ ထမင်း မကျွေးဘူး၊ ထမင်းဘိုးလဲ မပေးဘူး။  ည ၁၂ အထိ အလုပ်မပြီးသေးရင် ဆက်လုပ်ရတယ်။ အလုပ်ပြီးရင် စက်ရုံထဲမှာ ဖြစ်သလိုအိပ်ကြရတယ်။  မီးပိတ်လိုက်တော့ ခြင် အရမ်းကိုက် တယ်။ စိုးရိမ်တာ ကြောက်လန့်တာတွေ ဖြစ်တော့ ဘယ်လိုမှာ အိပ်မပျော်တော့ဘူး။ အောလင်းဆို မနက် ၅ နာရီမှာ ကိုယ်အစီအစဉ်နဲ့ ကိုယ် ပြန်ရတာ ။  ” လို အလုပ်သမားတွေက ပြောပါတယ်။ 

 

အထည် စံချိန် မပြည့်ပါက စက်ရုံ ကြီးကြပ်ရေးမှူးတွေ ဖြစ်တဲ့ စူပါနဲ့ အောစူပါတွေက မိုက်ရိုင်းစွာ  ပြောဆို ဆက်ဆံတဲ့ အပြင် စက်ရုံဘက်က ရှောင်တခင် ခွင့် မပေးတာ နဲ့ EC စာချုပ် ကိုလည်း မပေးထားဘူးလို အလုပ်သမားတွေက ပြောပါတယ်။ 

 

" စက်ရုံက EC စာချုပ်ကို ပြန်သိမ်းထားတယ်။ ရှောင်တခင် ခွင့် တောင်းရင်လည်း မပေးဘူး။ အလုပ်သမားတွေ ဥပဒေကပေးထားတဲ့ ခွင့်တွေ ခံစားခွင့်တွေ မရဘူး၊ဆုံးရှုး နေရတယ်။ အချိန်ပိုနဲ့ အောလင်း အောနိုက် မဆင်းချင် လည်း ဆင်းရတယ်။ ဂရိတ်ချတာက လကုန် ပိုက်ဆံ ဖြတ်တာနဲ့ အတူပဲ” လို အလုပ်သမားတဦးက ပြောပါတယ်။  

 

Preclo Myanmar Co.,Ltd စက်ရုံမှာ ဖွဲစည်းထားတဲ့ WCC အဖွဲက အလုပ်သမားတွေ ရွေးချယ်တဲ့ အဖွဲဝင်တွေ မဟုတ်ဘဲ စစ်ဆေးအဖွဲတွေ မေးမြန်းပါက ဖြေဆိုနိုင်အောင် စက်ရုံ နံရံမှာ ကပ်ပြထားလို အလုပ်သမားတွေက ပြောပါတယ်။ WCC အဖွဲကို တရားမဝင် ဖွဲစည်းထားတာကြောင့် အလုပ်သမားတွေရဲ့ အခက်အခဲကို  WCC အဖွဲဝင်တွေက  ညှိနှိင်းပေးနိုင်တာမရှိဘဲ ၊ ကိုယ်တိုင် ပြောဆိုနေရတယ်လို အလုပ်သမားတွေက ပြောပါတယ်။  

 

Preclo Myanmar Co.,Ltd အထည်ချုပ် စက်ရုံက ရန်ကုန်မြို၊ ရွှေပြည်သာမြိုနယ်၊ ရွှေပြည်သာစက်မှုဇုန် ၁  ၊ တိုးချဲ့စက်မှုလမ်းသွယ်  ၁လမ်း မှာ ရှိပြီး တရုတ်နိုင်ငံသားပိုင်ဆိုင်ကာ  အလုပ်သမား ၁၀၀၀ လောက်က AIRCRAFT၊ BURTLE အမှတ်တံဆိပ်တွေ ချုပ်လုပ်တယ်လို့ သိထားပါတယ်။

 


Related posts

Cover
Myanmar Handsome မန်နေဂျာ လုပ်အားခ ခေါင်းပုံဖြတ်
Aug 07, 2026
Cover
Yuan Hong Garment မှာ အပတ်တိုင်း အချိန်ပို ခိုင်းခွင့် အလုပ်သမားရုံး ဦးစီးမှူး ကိုယ်တိုင် ခွင့်ပြုပေးထား
Aug 07, 2026
Cover
New Zhoung Hui အထည်ချုပ် စနေ့နေ့ အလုပ်ဆင်းခိုင်းပြီး အချိန်ပိုကြေးမပေး
Aug 07, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026