NEWS

စက်ရုံအထည်ချုပ်အလုပ်သမားများအား စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ပါးရိုက်၊ ထိုင်ထလုပ်ခိုင်း

CoverLogo
413 Views
 
ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ် ၊ ရွှေလင်ဗန်းစက်မှုဇုန်၊ အလယ်ရွာ အဝိုင်းမှာ အထည်ချုပ်စက်ရုံတွေက အလုပ်သမားတွေကို စစ်ကောင်စီတပ်ဖွဲက ဖမ်းဆီး ပါးရိုက်ပြီး ထိုင်ထ လုပ်ခိုင်းခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
ပြီးခဲ့တဲ့ မတ် ၂၄ရက် မနက် ၇ နာရီဝန်းကျင်လောက်မှာ အထည်ချုပ်စက်ရုံ ၅ ရုံက အလုပ်သမား အမျိုးသား အမျိုးသမီးတွေကို စစ်ကောင်စီတပ်ဖွဲဝင် တချို့က ဖမ်းဆီး ခဲ့တာလို့ သိရပါတယ်။
 
“အချင်းချင်း ရေဆော့ကြတာပါ ။ ဒါပေ မဲ့နောက်ကနေ အိမ်စီး Wish အမျိုးအစား အမဲရောင် ကား တစ်စီးလိုက်လာတယ်။ ပုံလိုက်ရိုက်တာ။ ဒီလို သင်္ကြန်နီးရင် ရေကစားတာ ထုံးစံဆိုတော့ အလုပ်သမားတွေက မမြင်မိဘူး။ နောက် ကြိုပို့တွေကို တစ်စီးပြီး တစ်စီးလိုက် အဲ့ကားကလိုက်ပြောတယ်။ ရေမဆော့နဲ့ ရှေ့ကျဖမ်းမယ်လို ပြောတယ်။ အလုပ်သမားတွေက ဘယ်လို ယုံမလဲ။ အလယ်ရွာအဝိုင်း နား ရောက်တော့ သူတို့ တပ်ဖွဲ့ဝင်တွေရော၊ လူမိုက်တွေရော ဖယ်ရီကားခြောက်စီးလုံးကို တားတယ်။ ဖယ်ရီအားလုံးမှာ ယောက်ျားလေး ၆၀ လောက်ရှိမယ်။ ရေဆော့လို ဆိုပြီး ပါးရိုက်တာ။ မိန်းကလေးတွေကို ထိုင်ထ လုပ်ခိုင်းတယ်။ ဒီအလုပ်သမားတွေ နိုင်ငံရေးလုပ်တယ်ဆိုရင် အဲဒီတင် ပစ်သတ်လိုက်ပါ။ ခုက အချင်းချင်း ရေဆော့တာရေပက်တာနဲ့ ပါး ရိုက်တာ။ ထိုင်ထလုပ်ခိုင်းခဲ့တာ” လို ကိုယ်တိုင်ကြုံတွေ့ရသူ အလုပ်သမားတဦးက ပြောပါတယ်။
ဒီအဖြစ်အပျက် ကြုံတွေ့ရခဲ့ရတဲ့ အလုပ်သမားတွေက ကြိုပို့ယာဉ် ၆ စီးပေါ်မှာ လိုက်ပါလာတဲ့ ဟန်တာစက်ရုံ၊ ANGစက်ရုံ၊ ဟန်မိန်စက်ရုံ၊ တွင်းကယ်လိုက် စက်ရုံနဲ့ ယုံးအန်းစက်ရုံတွေ အလုပ်သမားတွေ လို သိရပါတယ်။
 
စက်ရုံအလုပ်သမားတွေက ဒိုင်နာ၊ YBS နဲ့ မှန်လုံ ကြိုပိုကားတွေ နဲ့ လိုက်ပါလာကြတာလို သိရပါတယ်။ အဲဒီယာဉ်တွေနဲ့ လိုက်ပါတဲ့ ယောက်ျားလေး အလုပ်သမားတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပါးရိုက်ခဲ့ပြီး မိန်းကလေးအလုပ်သမား ၃၀ လောက်ကိုတော့ ထိုင်ထလုပ်ခိုင်းခဲ့လို့ သိရပါတယ်။
“ရေပက်တာ အပြစ်ရှိလားမေးမိတာ၊ ရေးမပတ်ရဘူးလို့စည်းကမ်းထုတ်ထားလားလို ပြောလိုက်လို ပါးရိုက်တာ၊ ယောက်ျားလေး ၅ ယောက်က မေးတာ ၊ အဲ့ ၅ ယောက်အရိုက်ခံရတာ။ မိန်းကလေးအလုပ်သမားတွေကိုတော့ ထိုင်ထ လုပ်ခိုင်းခဲ့တယ်။ မိန်းကလေးတွေကို ထိုင်ထလုပ်ခိုင်းတာက လူတွေဝိုင်း အုံလာမှ စစ်သားတစ်ယောက်က ပြောပေးလို့ ပြန်လွှတ်ပေးလိုက်တာ”လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
ပြီးခဲ့တဲ့နှစ်က စစ်ကောင်စီရဲ့ သင်္ကြန်မဏ္ဍပ်မှာ လာရောက် ရေကစားဖို့ဆိုပြီး စက်မှုဇုန်တခုကို အလုပ်သမား ၅၀ နှုန်း နဲ့ မဖြစ်မနေလာရောက်ဖို ဆင့်ခေါ်ခဲ့ပြီး အခုနှစ်မှာ အခုလို အကြမ်းဖတ်မှု ကြုံခဲ့ရတာလို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ အလုပ်သမားတွေကို ဖမ်းတဲ့ စစ်သားက ငါးယောက်ပါ။ အဲ့ထဲက တယောက်ကောင်းလို့ အခုလို ၆ စီးလုံး လွတ်လာတာ။ မနှစ်က သူတို ခေါ်တဲ့ မဏ္ဍပ်ကို စက်ရုံက ၁၀ ယောက်သွားခဲ့ရတယ်။ ဒီနှစ်တော့ မသွားတော့ဘူး။ အလုပ်သမားတွေအချင်း ချင်းဆော့တာ အဲတာလေးတောင်လုပ်ခွင့်မရှိဘူးလား။” လို့ ပြောပါတယ်။
 
သင်္ကြန်ကာလရောက်တိုင်း စက်ရုံအလုပ်သမားလိုက်ပါလာတဲ့ ကြိုပိုယာဉ်အချင်းချင်း ရေပတ်တာ၊ ကြိုပို့ စောင့်ဆိုင်းစဉ် ရေပက်ကစားတာတွေက နှစ်စဥ် ပြုလုပ်နေကြ အပြုအမူတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုလို ကြုံတွေ့ရတာက အလုပ်သွား အလုပ်ပြန် နောက်ကျောမလုံပဲ စိုးရိမ်စိတ် စိတ်သောကနဲ့ သွားလာရတယ်လို့ အလုပ်သမားတွေက ပြောဆိုထားပါတယ်။

Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026