NEWS

မြန်မာရှိုင်းလုံစက်ရုံက အလုပ်သမား ၅ ဦးကို အလုပ်ထုတ်

CoverLogo
531 Views
 
အလုပ်သမားအခွင့်အရေး ချိူးဖောက်ခံရလို့ တိုင်ကြားတဲ့ အလုပ်သမားတွေကို မြန်မာရှိုင်းလုံ (Myanmar Shuang Long) စက်ရုံက အလုပ်က ထုတ်ပယ်လိုက်တယ်လို သိရပါတယ်။ မိုးကာစက်ရုံ ဖြစ်တဲ့ မြန်မာရှိုင်းလုံ စက်ရုံက အငြင်းပွားမှု ဖြေရှင်းနေစဉ် ကာလအတွင်းမှာ အခုလို အလုပ်ထုတ်လိုက်တာလို့ သွေးစည်းညီညွတ်သော အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် STUM ဆီက သိရပါတယ်။
“အငြင်းပွားမှု ဖြေရှင်းနေတုန်း အလုပ်ရှင်က အလုပ် ထုတ်လိုက်တာပါ။ ခြိမ်းခြောက်မှုတွေ ဆက်တိုက် ကျုးလွန်တဲ့အပြင် အလုပ်ထုတ်က ထပ် ကျူးလွန်မှုတာ။ အလုပ်သမားတွေ တိုင်ကြားထားတာကို လက်ခံထားတဲ့ အလည၊အလရ၊လမဖ၊အလဆ ရုံးတွေက အလုပ်ရှင်ကို ဘယ်လိုအရေးယူမယ်ဆိုတာ အလုပ်သမားတွေနဲ့ အလုပ်သမားသမဂ္ဂတွေက စောင့်ကြည့်နေပါတယ်။ STUM က လိုအပ်တဲ့ အကူအညီတွေကို ဥပေဒ အတိုင်း ပေးမယ်” လို့ STUM ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးထားပါတယ်။
မတ်လ ၂၅ ရက်မှာ မြန်မာရှိုင်းလုံ စက်ရုံအလုပ်သမား ၈ ဦးကို နေထိုင်ရာနေအိမ်ကနေ ခိုးမှုနဲ့စွပ်စွဲပြီး စစ် ယူနီဖောင်းဝတ် တချို့နဲ့ ရပ်ကွက် အုပ်ချုပ်ရေးရုံးက တာဝန်ရှိသူတွေက ဖမ်းဆီး စစ်ဆေးခဲ့ပါ။ ရပ်ကွက်ရုံးမှာ စက်ရုံတွင်းက ပြဿနာတွေကို ဖြေရှင်းပေးမယ်၊ ပြင်ပအဖွဲ့အစည်းတွေကို တိုင်မတိုင်ကြားဖို့နဲ့ တိုင်ကြားခဲ့မယ် ဆိုရင်တော့ စစ်မှုထမ်း စာရင်းထည့်မယ်ဆိုပြီး အလုပ်သမားတွေကို စစ်ယူနီဖောင်း ဝတ်ထား သူက ခြိမ်းခြောက် ခဲ့ ပါတယ်။ ဒီနောက် အလုပ်သမားတွေကို ညတွင်းချင်း ပြန်လည်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရတဲ့ အလုပ်သမား ၈ ဦးထဲက အခွင့်အရေးချိုးဖောက်ခံရလို့ တိုင်ကြားကြတဲ့ အလုပ်သမား ၅ ဦးကို မတ်လ ၂၈ ရက်မှာ မြန်မာရှိုင်းလုံစက်ရုံက အလုပ်က ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီအလုပ်သမား ၅ ဦးက စက်ရုံ စည်းမျဉ်းစည်းကမ်းတွေကို မလိုက်နာတာ၊ ၊ လုပ်ငန်းခွင်အတွင်း ဆူပူ သောင်းကျန်းမှု ဖြစ်စေဖို့ သွေးထိုး လှုံဆော်တာ ၊ သတ်မှတ်ထားတဲ့ လုပ်ငန်းတာဝန်တွေ ကျေပွန်အောင် မလုပ်တာ၊ အလုပ်သမား အချင်းချင်း ဆဲရေး တိုင်းထွာတာ၊ ဖုန်းသုံးတာ၊ အိပ်ငိုက်တာနဲ့ လိုအပ်တဲ့အရည်အချင်း မပြည့်မီလို့ဆိုပြီး အလုပ်က ထုတ်ပယ်တာလို့ စက်ရုံက ထုတ်ပြန်ထားပါတယ်။
မြန်မာရှိုင်းလုံ စက်ရုံကEC စာချုပ် ချုပ်ဆိုဖို့ ပျက်ကွက်တာ၊ လူမှုဖူလုံရေး ထည့်၀င်ကြေး ကောက်ခံဖို့ ပျက်ကွက် တာ၊ အလုပ်ပိတ်ရက်တွေမှာ အချိန်ပို အတင်းအကျပ် လုပ်ကိုင်ခိုင်းပြီး အချိန်ပို လုပ်ခ မပေးတာ၊ အချိန်ပို မဆင်းလို့ ရာထူးလျှော့တာတွေ ပြုလုပ်ခဲ့တာကြောင့် အလုပ်သမားဝန်ကြီးဌာနကို အလုပ်သမားတွေက တိုင်ကြားထားပါတယ်။
သက်ဆိုင်ရာ ရုံးတွေမှာ တိုင်ကြားမှုတွေ ဖြေရှင်းတဲ့ကာလအတွင်း အလုပ်သမားဥပဒေတွေနဲ့ မဖြေရှင်းဘဲ မလျော်ဩဇာသုံး ခြိမ်းခြောက်အမှုဆင်ဖမ်းဆီးခဲ့တဲ့ လုပ်ငန်းရှင်ကို ပြင်းထန်စွာကန့်ကွက်တယ်လိုလည်း STUM က ထုတ်ပြန်ထားပါတယ်။

Related posts

Cover
General Textile (Myanmar) Apparel အထည်ချုပ် ပြည်တောင်စုနေ အလုပ်ဆင်းခိုင်း
Feb 09, 2026
Cover
Dishang Fashion (Myanmar) အထည်ချုပ်အလုပ်သမားများအား ဝန်ထမ်းတချို့ မှ ခွဲခြားဆက်ဆံ
Feb 09, 2026
Cover
Myanmar Zxi Xin အထည်ချုပ် စက်ရုံ အချိန်ပို အလွန်အကျွံခေါ်
Feb 08, 2026
Cover
Sudey အောစူပါက တရုံလုံး သူ အမိုက်ရိုင်းဆုံးလို့ ပြောပြီး ခြိမ်းခြောက်
Feb 08, 2026
Cover
Myanmar Ming Fan မနက်မိုးအလင်း အချိန်ပိုခိုင်းပြီး ပြန်ခွင့်မပေး
Feb 07, 2026
Cover
အထည်ချုပ်အမျိုးသမီးတွေကို တရုတ်အငှားမယား အဖြစ် စည်းရုံးသိမ်းသွင်းပေးနေတဲ့ Jafon (ဂျက်ပွန်လက်ကိုင်အိတ်ကုမ္ပဏီလီမီတက်ရဲ့ အချက်အလက်များ
Feb 07, 2026
Cover
အထည်ချုပ်အမျိုးသမီးအလုပ်သမားတွေ တရုတ်အငှားမယား (သို့မဟုတ်) ငွေပေးကျွန်ဝယ်မှုများ၏ သားကောင်ဖြစ်လာ
Feb 06, 2026
Cover
Glary Jun Xing Garment ခွဲခြားဆက်ဆံပြီး အောလင်း၊ အောနိုက် အချိန်ပိုများ ခိုင်းစေနေ
Feb 06, 2026