NEWS

Myanmar Fala Fala Clothing Co.,Ltd အချိန်ပို အတင်းအကျပ်ခိုင်း

CoverLogo
769 Views
မတ် ၃၁၊ ၂၀၂၅
သာဓုကန်စက်မှုဇုန်က fala falaစက်ရုံအကြောင်းလေး ပြောချင်လို့ပါရှင့်။
Falafala စက်ရုံမှာ တနင်္ဂနွေနေ့ အချိန်ပိုဆင်းခကို လက်ငင်းမပေးဘဲ စနေနေ့မှ ရှင်းပေးပါတယ်။
အလုပ်သမားတွေ ရရမဲ့ အခွင့်အရေးကို အားလုံးပိတ်ပင်ပြီး စက်ရုံအတွက်ပဲ ရယူ လုပ်ဆောင်ပါတယ်။
အချိန်ပိုတွေ မဆင်းချင်ဘူးပြောလည်း အတင်းအကျပ် ဆင်းခိုင်းပါတယ်။
တနင်္ဂနွေနေ့(မတ် ၃၀ရက်)ကိုလည်း အလုပ်သမားတွေက မဆင်းချင်တာကို အတင်းအကျပ် ဆင်းခိုင်းပါတယ်။ အလုပ်မဆင်းတဲ့သူ တနင်္လာနေ့ မလာနဲ့လို့ ခေါင်းဆောင်ပိုင်းတွေက ခြိမ်းခြောက်လိုက်ပါတယ်။ ပြီးခဲ့တဲ့ရက်က တစ်ရုံလုံး မီတင်လုပ်ပြီး ပြောခဲ့တာပါ။
အလုပ်သမားများဘက်ကို နည်းနည်းမှ မငဲ့ညှာပါဘူး။
စက်ရုံက အချိန်ပို ဆင်းဆိုဆင်း ၊ ပြန်ဆိုပြန်၊ လာဆိုလာ အဲ့လို သဘောမျိုးဖြစ်နေပါတယ်။
အလုပ်သမားတွေရဲ့ သဘောဆန္ဒကို မေးမြန်းတာ မရှိဘူး။
ရက်မှန်ကြေး သုံးသောင်းပေးထဲက နုတ်မဲ့၊ ဖြတ်မဲ့ အကြောင်းလည်း ပြောပါတယ်။ အလုပ်သမားတွေ သဘောတူ လား မတူလား မေးလည်း မမေး ပါဘူး။
သင်္ကြန်ပိတ်ရက်ကို အခုအထိ ဘယ်နေ့ ပိတ်မယ် မပြောပါဘူး။ ၁၃ရက်နေ့မှ တရားဝင် ပိတ်မယ်လို့ ပြောနေ ပါတယ်။
မတ်လ ၂၉ ရက်ကဆို စက်ရုံထဲမှာ သောက်ရေလည်း မပေးပါဘူး၊ အိမ်သာရေ လည်း လွှတ်မပေးပါဘူး။
အလုပ်သမားများဘက်က ပြဿနာ တခုခုဆို HR အခန်းကို လာမပြောရဘူးလို့ ပြောပါတယ်။ ပြောစရာဆို စူပါနဲ့ အောစူပါတို့ကို ပြောခိုင်းပါတဲ့ ရှင့်။
စက်ရုံက ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်၊ မြလမ်း က Myanmar Fala Fala Clothing Co.,Ltd ပါ။ အလုပ်သမား ၂၀၀၀ လောက် ရှိပါတယ်။ လက်ရှိ ဘောလုံးသား ဘောဘီ၊စကပ်တွေ ချုပ်နေပါတယ်။

Related posts

Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
Dongxin Garment Co, Ltd လုပ်ခတိုးပေးရန်တောင်းဆိုမှု အလုပ်ရှင်အလုပ်သမား ဒုတိယအကြိမ် စာချုပ်ချုပ်ဆို
May 30, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အထည်စံချိန်မပြည့်ပါက အလုပ်ထုတ်မည်ဟု နို့တစ်ကပ်
May 30, 2026
Cover
FM (1) အထည်ချုပ်စက်ရုံ သတ်မှတ်လစာ လျှော့ပေး
May 30, 2026
Cover
YST Co.,Ltd အထည်ချုပ် မန်နေဂျာမှ အထည်မရလို့ ကိုယ်ထိလက်ရောက် ကျူးလွန် ခိုင်းစေ
May 29, 2026
Cover
New Zhong Hui အထည်ချုပ် အချိန်ပို မဆင်းလို့ အလုပ်ထုတ်နေ
May 29, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို စစ်ဆေးမှုကို တိမ်းရှောင်ခိုင်း
May 29, 2026
Cover
He MeT (2)Co.,Ltd စက်ရုံ အချိန်ပို လုပ်ခမပေးဘဲ ကိုယ့်စရိတ်နှင့်ကိုယ် လုပ်ကိုင်ပေးနေရ
May 29, 2026