NEWS

ILO ရဲ့ အရေးယူမယ့်ဆုံးဖြတ်ချက်အပေါ် မစိုးရိမ်ကြဖို့ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနတုန့်ပြန်

CoverLogo
338 Views
 
ILOရဲ့ မနေ့က ဇွန်လ၅ ရက်က ကျင်းပခဲ့တဲ့(၁၃၃)ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာညီလာခံ မှာ မြန်မာနိုင်ငံအပေါ် (ILO) ပြဌာန်းချက်ပုဒ်မ ၃၃ နဲ့ အရေးယူဖို့ ဆုံးဖြတ်ချက်တစ်ခုကို အတည်ပြုခဲ့ရာမှာ စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနအနေနဲ့ မြန်မာအစိုးရကိုဖိအားပေးတာ ဖြစ်လို့ စီးပွားရေးလုပ်ငန်းတွေကို သက်ရောက်မှုမရှိတာကြောင့်မစိုးရိမ်ကြဖို့ ပြန်လည်တုန့်ပြန်ပါတယ်။
 
အဆိုပါ မြန်မာကို အရေးယူမယ့်ဆုံးဖြတ်ချက်ဟာ နိုင်ငံရေးဆိုင်ရာ ချဉ်းကပ်မှုအပေါ် အခြေခံဆုံးဖြတ်တာဖြစ်ပြီး မြန်မာအစိုးရအပေါ် ILO မျက်နှာ စာ မှ တစ်ဆင့် ဖိအားပေးနိုင်ဖို့ရည်ရွယ်ချက်နဲ့တစ်ဖက်သတ် တောင်းဆိုထားတဲ့ ဆုံးဖြတ်ချက် တစ်ရပ်ဖြစ်ကြောင်း၊ ဒီဆုံးဖြတ်ချက် အပေါ် မြန်မာနိုင်ငံတွင်းက အလုပ်ရှင်၊ အလုပ်သမားနဲ့ စီးပွားရေးလုပ်ငန်းများအ‌နေနဲ့သက်‌ ရောက်မှုမရှိနိုင်လို့ စိုးရိမ်ဖို့မလိုပဲ လုပ်ငန်းခွင်တွေမှာအေးချမ်းစွာ ဆက်လုပ်ကိုင်နိုင်ကြောင်း အလုပ်သမားဝန်ကြီးဌာနရဲ့ ဒီကနေ့ ဇွန်လ၆ရက်နေ့ ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
 
ထပ်မံပြီးလည်း စစ်ကောင်စီ ရဲ့ ဝန်ကြီးဌာနက မြန်မာနိုင်ငံဖွံ့ဖြိုးရေးအတွက် အရေးကြီးသော အလုပ်သမားထုရဲ့ အခွင့်အရေးများ ဥပဒေနဲ့အညီတိုးတက်မှုရရှိရေး၊ လူမှုဘဝဖွံ့ဖြိုးရေး ၊အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေးအတွက် ILO အပါအဝင် နိုင်ငံတကာအသိုက်အဝန်းနဲ့ဆက်လက်ထိတွေ့ကာ မြန်မာရဲ့လွတ်လပ်မှုနဲ့အချုပ်ခြာအာဏာမထိပါးစေတဲ့ပူးပေါင်းမှုများဆက်လက်ဆောင်ရွက်သွားမယ်လို့အသိပေးထားပါတယ်။
 
မြန်မာနိုင်ငံဟာ ILO အဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်တာကြောင့် ILO ရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာဆောင်ရွက်ဖို့ လိုအပ်ပြီး မလိုက်နာပါက ပုဒ်မ ၃၃ အရ အရေးယူနိုင်တာလည်း ဖြစ်ပါတယ်။
 
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်သမားအခွင့်အရေးတွေ ချိုးဖောက်ခံရမှုတွေနဲ့အတူ စစ်မှုထမ်းဥပဒေကြောင့် သတ်မှတ်ချက်နဲ့အကျုံးဝင်သူတွေကို ပြည်ပနိုင်ငံတွေမှာ သွားရောက်အလုပ်လုပ်ခွင့် စစ်ကောင်စီက ပိတ်ပင်ထားသလို နိုင်ငံတွင်း အဓမ္မစစ်မှုထမ်းခိုင်းစေတာ၊ အလုပ်သမားအသင်းအဖွဲ့ ဖွဲ့စည်းတာ၊ ဖမ်းဆီးတာတွေကို လုပ်ဆောင်နေတာကြောင့် စစ်ကောင်စီကို ILO ပုဒ်မ ၃၃ အရ အရေးယူဖို့ အလုပ်သမား အဖွဲ့အစည်းနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက တောင်းဆိုခဲ့တာလည်း ဖြစ်ပါတယ်။
 
စစ်ကောင်စီကို အရေးယူဖို့ ပြီးခဲ့တဲ့ ၂၀၂၄ နိုဝင်ဘာ ၆ ရက် ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာကျင်းပခဲ့တဲ့ ၃၅၂ ကြိမ်မြောက် ILO အုပ်ချုပ်မှုကော်မတီအစည်းအဝေးမှာ အတည်ပြုခဲ့ပြီးနောက် ဒီနေ့ ဇွန် ၅ ရက်မှာ ပြုလုပ်တဲ့ ILO ညီလာခံမှာ အရေးယူဖို့ ကန့်ကွက်သူမရှိ တညီတညွတ်တည်း ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။
 
ILO ပုဒ်မ ၃၃ အရ အရေးယူခံရပါက ကုလသမဂ္ဂ အေဂျင်စီများကနေ ထောက်ပံ့တဲ့ နည်းပညာ၊ လူသားချင်းစာနာထောက်ထားမှု အကူအညီ၊ သံတမန်ရေးစတာတွေကို ရပ်တန့်ပြီး စစ်ကောင်စီကို အကြမ်းဖက်စစ်တပ်အဖြစ် သတ်မှတ်တာ၊ ကျူးလွန်သူတွေကို နိုင်ငံတကာတရားရုံးတွေမှာ ခုံရုံးတင် စစ်ဆေးအရေးယူခြင်းတို့ လုပ်ဆောင်သွားနိုင်တယ်လို့ သိရပါတယ်။
 
ILO ပုဒ်မ ၃၃ နဲ့ အရေးယူခံရပါက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားတဲ့ နိုင်ငံတကာလုပ်ငန်းရှင်တွေ ပြန်လည်ထွက်ခွာသွားနိုင်သလို နိုင်ငံတကာလုပ်ငန်းရှင်အသစ်တွေလည်း လာရောက်ရင်းနှီးမြှုပ်နှံမှု လုပ်ဆောင်ဖို့ ခက်ခဲသွားနိုင်ပါတယ်။ ဒါ့အပြင် ပြည်ပကနေ ကုန်ပစ္စည်းတင်သွင်းမှုအချို့ ရပ်တန့်သွားနိုင်သလို စစ်ကောင်စီအတွက် ငွေကြေးနဲ့ သံတမန်ရေးမှာလည်း ထိခိုက်မှုတွေ ရှိလာနိုင်တယ်လို့ သိရပါတယ်။
 
အခုတစ်ကြိမ် မြန်မာနိုင်ငံကို ILO ပုဒ်မ ၃၃ နဲ့ အရေးယူတာဟာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၀၀ ခုနှစ်က ပထမတစ်ကြိမ် ILO ပုဒ်မ ၃၃ နဲ့ အရေးယူမှုတွေ လုပ်ဆောင်ခဲ့ပါသေးတယ်။ ဒါ့အပြင် ILO ပုဒ်မ ၃၃ နဲ့ အရေးယူခံရတဲ့ ကမ္ဘာ့နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံနဲ့ ၂၀၂၃ ခုနှစ်က ဘီလာရုစ် နှစ်နိုင်ငံပဲ ရှိပါသေးတယ်။
 

Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026