NEWS

HERMITE အရုပ်စက်ရုံ  ယနေ့ ပိတ်ရက်တွင် အချိန်ပို  ခေါ်ခိုင်း၊ မဆင်းသည့် အလုပ်သမားများအား ရက်မှန်ကြေး ဖြတ်တောက်

CoverLogo
711 Views

#ပေးစာ 

ရန်ကုန်တိုင်း၊ သာဓုကန်စက်မှုဇုန် အပိုင်း(၄)၊  ကျောက်စိမ်းလမ်း၊အမှတ် (၃၀)မှာ ဖွင့်လှစ်ထားတဲ့ HERMITE အရုပ်အမွှေးပွ စက်ရုံကအလုပ်သမားတွေကို အချိန်ပိုတွေ အလွန်အကျွံကို ဖိအားပေးပြီးဆင်းခိုင်းနေလို့ပါ။

ကူညီပေးကြဖို့တောင်းဆိုတာပါ။

ကျွန်မတို့ဝန်ထမ်းတွေ အောက်တိုဘာ ၂၁ ရက် သီတင်းကျွတ်ပိတ်ရက် အပြီး အလုပ်ပြန်ဖွင့်တဲ့နေ့ကတည်း အခု နိုဝင်ဘာလ ၉ ရက်အထိ သောကြာနေ့(နိုဝင်ဘာ ၁) တစ်ရက်ပဲ အနားရပါတယ်။ အလုပ်ပြန်ဖွင့်တဲ့ နေ့ထဲ ကတည်းက စပြီး အချိန်ပိုကို နေ့တိုင်း ည ၇ နာရိအထိ ဆင်းရပါတယ်။ 

အောက်တိုဘာ ၆ ရက်  စနေနေ့ကလည်း ညနေ ၅ နာရီထိအချိန်ပိုဆင်းပေးရပါတယ်။ 

အောက်တိုဘာ ၂၇ ရက် တနင်္ဂနွေနေ့လည်းလုံး ဝပိတ်မပေးပါဘူး။ မဆင်းတဲ့ ဝန်ထမ်းတွေကို အောစူပါတွေက ဆူပါတယ်။

အောက်တိုဘာ ၂၈ ရက်နေ ၃၁ ရက်အထိ လည်း အိုတီဆင်းခိုင်းပါတယ်။ ဆင်းဖို့ အဆင်မပြေလို့ ပြန်ခွင့်တောင်းတော့ ပြန်လို့ မရပါဘူး။ ည ၉ နာရီအထိ လုပ်ပေးရပါတယ်။  နားချိန် ၁၀ မိနစ်ပေးရလို့ ဆိုပြီး ၁၀ မိနစ်နောက်ကျပြီး ၉နာရီ ၁၀  မိနစ်မှာ အလုပ်ဆင်းပေးပါတယ်။
 
စက်ရုံမှာ အလုပ်သမားအများဆုံးက ကအမျိုးသမီးတွေပါ။ ဒီလို မလုံခြုံတဲ့ကာလမှာ ညနက်မှ  ပြန်ရတယ်ဆိုတာ အရမ်းကို  အန္တရာယ်များပါတယ်။ ဒါကို စက်ရုံက ညနက် ၈ နာရီ/ ၉ နာရိတွေ ဆင်းခိုင်းနေတာပါ။ တနင်္ဂနွေနေ့တွေဆို လုံးဝ မနားရပါဘူး။ 

အချိန်ပိုမဆင်းကြမှာ စက်ရုံဘက်က စိုးရိမ်လို့ဆိုပြီး တနင်္ဂနွေရုံးပိတ်ရက်  နိုဝင်ဘာ ၃ ရက်နေ့မှာ လစာ ထုတ်ပေးပါတယ်။ အဲဒီနေ့ မထုတ်ရင် ၁၀ ရက်နေ့မှာ ထုတ်ပေးမယ်ဆိုပြီး ဖိအားပေးအကျပ်ကိုင်ပါတယ်။ အဲအတွက် အလုပ်သမားတွေက နားရက်မှာ အလုပ်ဆင်းပေးခဲ့ရပါတယ်။ 
နောက်တနေ့ ၄ ရက် တနင်္လာနေ့မှာလည်း ည ၇ နာရီ အချိန်ပိုလုပ်ခိုင်းပါတယ်။ 

အင်္ဂါနေ့မှာ တရုံလုံး ညနေ ၆ နာရီပြန်ခိုင်းမယ်လို့ ပြောပြန်တယ်။ အဲ့နေ့မှာလည်း ည၈ နာရိအထိ ထပ်ဆင်းပေးရပါတယ်။   နောက်ရက်တွေမှာဆို ည ၉ နာရီအထိ ဆင်းရပါတယ်။ 

ဒီနေ့ အောက်တိုဘာ ၁၀ ရက်မှာ  တနင်္ဂနွေနေ့ ပိတ်ရက်လည်း မပိတ်ပါဘူး။ အလုပ်ဆင်းနေရပါတယ်။ 

အချိန်ပိုခေါ်တော့လည်း အလုပ်သမားတွေရဲ့ သဘောဆန္ဒကို မေးမြန်းတာ မရှိပါဘူး။  

အချိန်ပိုခေါ်ရင်မလာမှာစိုးတော့ ရက်စားဆိုပြီး လိမ်ခေါ်ပြီး ခိုင်းပါတယ်။   
မဆင်းရင်  ရက်မှန်ကြေးဖြတ်မယ်လို့ ပြောပါတယ်။ 

အလုပ်သမားတွေ ကသဘောမတူတာကို ဘယ်ခေါင်းဆောင်ကမှ တာဝန်ယူပြီး  ညှိနှိုင်းပေးတာမျိုးမရှိပါဘူး။ 

ဒီပိတ်ရက်ကို ရက်စားပြောင်းဖို့သဘောမတူဘူးလို့ ပြောဆိုတဲ့  အလုပ်သမားကိုလည်း အောစူပါက အများရှေ့မှာ ရန်တွေ့ပါတယ်။  

ရက်စားဆင်းပေးဖို့ သဘောမတူလို့ လက်မှတ်မထိုးပေးတဲ့ အလုပ်သမားတွေကို ခေါင်းဆောင် လီဒါတွေက အတင်းအကျပ် လက်မှတ်ထိုးခိုင်းပါတယ်။ 

အလုပ်သမားတွေ နားချိန်မရှိ အလုပ်ကို အလွန်အကျွံ လုပ်ကိုင်ပေးရလို့ ကျန်းမာရေး ထိခိုက်လာပါတယ်။  စက်ရုံရဲ့ဆေးခန်းမှာ သူနာပြု မရှိတော့ အလုပ်သမားတွေမှာ လိုအပ်တဲ့ဆေးကုသမှု မရကြပါဘူး။

အချိန်ပိုအလွန်အကျွံခေါ်ခိုင်းလို့ အလုပ်သမားတွေက တိုင်ကြားပါတယ်။ သက်ဆိုင်ရာလူကြီးတွေ စစ်ဆေးတဲ့ အခါမှာ  ခေါင်းဆောင်တွေက အလုပ်သမားတွေကို လိမ်လည်ဖြေဆိုခိုင်းပါတယ်။ 

မေးမြန်းတဲ့လူကြီးတွေကို စက်ရုံဘက်က ဖြေခိုင်းသလို မဖြေလို့   အောတစ်မအောင်ရင် အချိန်ပိုဆင်း ခွင့် မပေးဘဲ ပိတ်ပစ်ခံရမယ်လို့ ခြိမ်းခြောက်တာပါ။  အော်ဒါတွေမပေးတော့ရင်  အချိန်ပိုမခေါ်တော့ဘူးလို့ ပြောတာမဟုတ်ဘူး၊ တရုံလုံး အချိန်ပို ပိတ်ပစ်လိုက်ရမှာလို့ စက်ရုံဘက်က ပြောတာ။ 
အလုပ်သမားတွေက  နားမလည်တော့   လုံးဝ အချိန်ပို မဆင်းရရင် စားဝတ်နေရေး အဆင်မပြေဖြစ်မှာ စိုးရိမ်လို့ စက်ရုံက ပြောခိုင်းသလို ဖြေပေးခဲ့ကြရတာပါ။ 

စစ်ဆေးခံတဲ့ အလုပ်သမားတွေ ကို စက်ရုံဘက်က ရွေးခေါ်ပါတယ်။ 

မေးမြန်နေတဲ့အချိန်မှာလည်း အောစူပါနဲ့ အထက်လူကြီးတွေရှိနေကြတဲ့အတွက် အလုပ်သမားတွေက အမှန်အတိုင်း မပြောရဲပါဘူး ။ 

စစ်လို့ ခဏပဲ ငြိမ်လိုက်တာပဲ။ တပတ်လောက်ဆိုတာနဲ့ ဖိအားပေးပြီး အလွန်အကျွံ ခိုင်းစေတာမျိုးတွေ ပြုလုပ်လာကြပြန်ပါတယ်။

စက်ရုံက မနက်အလုပ်ဝင်ချိန် နောက်ကျခဲ့ရင်လည်း ရက်မှန်ကြေးသုံးသောင်း ဖြတ်ပါတယ်။ အချိန်ပိုတွေဆင်းရလို့ အိပ်ချိန်နည်းပြီး အလုပ်ဝင်ချိန်နောက်ကျ တတ်ပါတယ်။ ဒါကို မတရားဖြတ်တာပါ။  
စက်ရုံ တော်တော်များများမှာ တလကို ၄ နာရီ နောက်ကျခွင့်ရှိပါတယ်။  ဒီစက်ရုံမှာတော့  အဲ့လိုမဟုတ်ပါဘူး။ 

ညနက်တဲ့အထိ အချိန်ပိုခိုင်းတယ်၊ အလုပ်နောက်ကျတော့ လုပ်ခတွေ ရက်မှန်ကြေးတွေ ဖြတ်တာက လုပ်အား  ခေါင်းပုံ ဖြတ်တာလို့ မြင်ပါတယ်။ 

စက်ရုံမှာ WCC အဖွဲ့ ရှိပါတယ်။ အလုပ်သမားတွေရဲ့ အဆင်မပြေမှုကို တင်ပြပေးမယ့် အလုပ်သမား ဘက်က ကိုယ်စားလှယ်ဆိုတာ မရှိပါဘူး။ 

ဘယ်သူမှလည်း မဖြေရှင်းပေးဘူး၊ တင်ပြလို့လည်း မရပါဘူး။ 

WCC အအဖွဲ့ဝင်ဆိုတာကလည်း အလုပ်သမားတွေ သဘောတူလို့ ခန့်ထားတာမျိုး မဟုတ်ပါဘူး။

စက်ရုံက စိတ်ကြိုက်ရွေးချယ် ခန့်အပ်ထားတာပါ။  အလုပ်သမားက ရွှေးချယ်ခဲ့တာလည်း မဟုတ်ပါဘူး။ လက်မှတ်ထိုးခိုင်းလို့ သဘောမတူဘဲ တိုးပေးလိုက်တာပါ။ 

အဲ့ဒါကြောင့် HERMITE  စက်ရုံက အလုပ်သမားတွေရဲ့ အဆင်မပြေမှုကို ကူညီ ညှိနှိုင်း ဖြေရှင်းပေးမယ့် သူ မရှိဖြစ်နေတာပါ။  

ကူညီပေးကြဖို့ အနှူးအညွှ တ်တောင်းဆိုပါတယ်။ 

 #MyanmarLabourNews


Related posts

Cover
Myanmar Handsome မန်နေဂျာ လုပ်အားခ ခေါင်းပုံဖြတ်
Aug 07, 2026
Cover
Yuan Hong Garment မှာ အပတ်တိုင်း အချိန်ပို ခိုင်းခွင့် အလုပ်သမားရုံး ဦးစီးမှူး ကိုယ်တိုင် ခွင့်ပြုပေးထား
Aug 07, 2026
Cover
New Zhoung Hui အထည်ချုပ် စနေ့နေ့ အလုပ်ဆင်းခိုင်းပြီး အချိန်ပိုကြေးမပေး
Aug 07, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026