NEWS

HC အထည်ချုပ်စက်ရုံ မတရား လုပ်ခ ခေါင်းပုံဖြတ်

CoverLogo
524 Views

အလုပ်သမားပေးစာ

အကိုတို့ အမတို့ HC စက်ရုံသတင်း နောက်ဆက်တွဲ ဖော်ပြတာ မတွေ့ရတော့ တောင်းဆိုမှုတွေ လုပ်ခဲ့တဲ့ အလုပ်သမားတွေ အဆင်ပြေနေပြီလို့ မြင်နေကြမှာ ။  အဲ့နေက အဖြစ်အပျက်တွေကို သေချာ ပြောပြချင်ပါတယ်။ ဒီထက် စက်ရုံထဲမှာ အလုပ်သမားတွေ နစ်နာတဲ့ အကြောင်းပါ ထပ်ဖြည့်ပြောချင်တာပါ။ 

 

စက်ရုံကတော့ တရုတ်နိုင်ငံသားပိုင် စက်ရုံပါ  ။ HC အထည်ချုပ်စက်ရုံက တောင်ဒဂုံမြို့နယ်၊ ကျီစု စက်မှုဇုန်မှာ ရှိပါတယ်။

တောင်းဆိုမှုဆိုတာကို ရှင်းပြပါ့မယ်။ ညီမတို့ အလုပ်သမားတွေ လုပ်ခလစာ တိုးမြှင့်ပေးဖို့ တောင်းဆိုခဲ့တာလည်း မဟုတ်ပါဘူး ။ အလုပ်ခန့်ထားစဉ်က အလုပ်သမားတွေကိုပေးဖို့ စက်ရုံဘက်က ကတိပြုထားတဲ့ လုပ်ခလစာကို မပေးခဲ့လို့၊ မရခဲ့လို့ ညီမတို့ တောင်းဆိုခဲ့တာပါ။ 

 

အဲ့နေ့က (ဖေဖော်ဝါရီ  ၁၀ ရက်) အလုပ်ထွက်တဲ့ အလုပ်သမားတွေကို လစာပေးရမဲ့ ရက်ပါ။  လုပ်ခလစာ နည်းလို့ စက်လိုင်း ၃ လိုင်းက အလုပ်သမား ၃၀၀  ဝန်းကျင် တပြိုင်နက် အလုပ်ထွက်ခဲ့ကြတာပါ။  

 

ထုတ်ပေးတဲ့ လစာမှာ နှစ်ဖက် သဘောတူထားတဲ့ တရက် လုပ်ခ လစာ ၅၈၀၀ နဲ့ လစာကို တွက်မပေးဘဲ၊  ၄၈၀၀ နဲ့ပဲ တွက်ပေးခဲ့တယ်။ ဒါကို အပြည့်အဝ ရှင်းပေးဖို့ တောင်းဆိုခဲ့တာပါ။ အလုပ်သမားတွေ အတွက် အများကြီး နစ်နာခဲ့ရတယ်။ နေစာရိတ်၊စားစာရိတ်တွေအတွက် သုံးဖို့ ငွေကြေးတွေ့၊  တချို့က အလုပ်ပျက်ခံပြီး   လစာကို လာထုတ်တော့ လုပ်ခလစာ အဖြတ်ခံရတာတွေ ၊ နေပူကျဲတဲမှာ ကျန်းမာရေးမကောင်းဘဲ၊ တနေကုန်အောင် စောင့်ခဲ့ရတာ  ပြောမယ်ဆို အမျိုးမျိုးသော နစ်နာမှုတွေ ရှိခဲ့တယ်။ 

 

လစာထုတ်ပေးတာက စက်ရုံထဲကို လစာရဖို့ ရှိတဲ့ စက်ရုံအလုပ်သမားတိုင်း ဝင်ခွင့်မပေးခဲ့ဘူး။ ငါးယောက် တစု ခေါ်ပြီး ပေးခဲ့တယ်။ စာအိပ်ထဲက လစာကို ရေတွက်ခွင့် မပေးဘဲ ၊ လစာရရှိကြောင်း လက်မှတ် အရင် ထိုးခိုင်း ခဲ့ တယ်။ အဲဒါကို အလုပ်သမားတချို့က သတိပြုမိတယ်။ စစ်လည်း စစ်ကြည့်တော့   စာအိပ်ထဲက လုပ်ခလစာက ၊ စာအိပ်အပေါ်မှာ တွက်ပေးတဲ့ ပိုက်ဆံ ကွားခြားတာတွေ့ရတာပါ။ ဒါနဲ့ င်းဆိုမှုတွေ ဖြစ်လာတာပါ။

 

ဒီလိုတောင်းဆိုလို့ လုပ်ခလစာတွေ ရပြီးလား ဆိုတော့လည်း အခုချိန်အထိ မရသေးပါဘူး။ 

 

ရှင်းရှင်းပြောရရင် လုပ်အားခ ခေါင်းပုံဖြတ်ခံရတာပေါ့ ။ 

 

လုပ်ခလစာ မပြည့်တော့ စက်ရုံကို မေးမြန်းတော့ အစိုးရ သတ်မှတ်ထားတဲ့ လုပ်အားခနှုန်းထားတိုင်း ရှင်းပေးတာလို့ ပြောတယ်။ ဒီမှာတင် ညီမတို့ အလုပ်သမားတွေ ပေါက်ကွဲတာပဲ။

 

ညီမတို့ကို အလုပ် လုပ်ပေးထားတာက HC အထည်ချုပ် စက်ရုံ၊ လစာ ကတိခံထားတာလည်း ဒီစက်ရုံပဲ၊ ပေးပါ့မယ်ဆိုတဲ့ သတ်မှတ်လုပ်ခကလည်း HC စက်ရုံက သတ်မှတ်ပေးထားတာ။  

 

စက်ရုံကတော့ ကတိပြုထားတဲ့ လုပ်ခလစာ အပြည့်မပေးတာကို ကြိုက်တဲ့ဆီ တိုင်ဆိုပြီး ပြောလာတယ်။

 

တခြား စက်ရုံတွေမှာ သူတို့ ပြောတဲ့ အစိုးရက ပေးဖို့ ပြောထားတဲ့ ထောက်ပံကြေး ကျပ် နှစ်ထောင်ဆိုတာ လုံးဝ မရခဲ့တာ။ ဒါဆို တလ ငွေခြောက်သောင်းကို စက်ရုံဘက်က မပေးခဲ့ဘူး ။ အစိုးရနဲ့ ကတိကဝတ်ကိုလည်း ဖျောက်ဖျက်နေတယ်။ 

 

ဘာဖြစ်ဖြစ် အလုပ်မသားတွေ အလုပ်ထွက်လို့ လျှော့ပေးတာလား ၊ လုပ်အားခကို ခေါင်းပုံဖြတ်တာလား။ 

 

ဒါက HC အထည်ချုပ် စက်ရုံရဲ့ မတရားမှုပါ။ လုပ်ခလစာတွေ ၊ နစ်နာရတဲ့ တရက် တစ်ထောင်ဆိုတာ တပါးတချပ်မှ မရသေးဘူး။ ဘယ်သူမှလည်း ဖြေရှင်းမပေးကြဘူး။

 

လုပ်ငန်းခွင်ထဲမှာ နစ်နာမှုတွေက အများကြီးပဲ ။ 

 

ခွဲခြားဆက်ဆံတဲ့ အကြောင်းအရာ ထဲမှာ ဆို ဆဲဆိုတာတွေပဲ။ စက်ရုံမန်နေဂျာက စပြီး စူပါတွေအထိပဲ။  အလုပ်သမားတွေက အထည်ကြေးတောင် တိတိကျကျမရကြဘူး။ စားဝတ်နေရေးကြောင့် ချုပ်ပေး လုပ်ပေးနေရတာမို့ မေးမြန်းတာတွေ မလုပ်နိုင်ဘူး။ 

 

မန်နေဂျာ ၊ အောစူပါတွေ ၊ စူပါတွေက အထည်အရေအတွက် စံချိန်ထွက်ဖို့ အလုပ်သမားတွေကို ဖိအားပေးတယ်။ မရရင် ဆဲပြီး ခိုင်းတယ်။ 

 

မန်နေဂျာဆို လူတယောက်ရဲ့ ဖြစ်တည်မှုကို လှောင်ပြောင် ရန်တွေ့တယ်။ ဖိအားပေးတယ် ဆဲတယ်။ အထည်တွေနဲ့ ပစ်ပေါက်တယ်။ နှုတ်ကြမ်းလျှာကြမ်းနဲ့ အလုပ်သမားတွေကို  ဆက်ဆံတယ်   

 

အလုပ်သမားတွေ တလျှောက်လုံး ခံစားလာရတာ။ 

 

အလုပ်ထွက်လည်း ကိုယ်တိုင် လုပ်ထားတဲ့ အချိန်ပိုကြေး၊ အထည်ကြေး ဘာမှကို မပေးတာ။ အောင်းလင်းတွေ အများကြီးဆင်းခဲ့လည်း အဲဒါတွေ မပေးဘူး ။   ကိုယ်တိုင် လုပ်ထားတဲ့ လုပ်အားခဆိုတာ အလုပ်သမားတိုင်း လိုချင်ကြတယ်။ 

 

အချိန်ပိုဆိုတာ အလုပ်သမားတိုင်း ငြင်းပိုင်ခွင့်ရှိတယ်ဆိုတာ ညီမတို့ သိပါတယ်။ ဒါပေမဲ့ စက်ရုံကို တတ်နိုင် သလောက် လုပ်ပေးပါတယ်။ ဒါကိုတောင် မဆင်းမနေရပုံစံတွေနဲ့ ခိုင်းနေတာ။ ကိုယ်သဘောနဲ့ကိုယ် အချိန်ပို ဆင်းတယ်ဆိုပြီး လက်မှတ်ကို အတင်းအကျပ် ထိုင်းခိုင်း။ တခါလေ ကိုယ်တိုင်တောင် လက်မှတ်မထိုးရဘူး၊ လက်မှတ်တောင်းတဲ့ စာရေးမတွေက သူတို့ဘာသာ သူတို့ ထိုးလိုက်တယ်။ 

 

HC ရဲ့ တနေ့ အလုပ်ချိန်က မနက် ရ နာရီခွဲ စတယ် ။ နေလယ် ၁၁ နာရီ ခွဲမှာ ထမင်းစားနားတယ်။ ညနေ ၄ နာရီ ဆို နာရီဝတ်နားပြီး ဆက်ဆင်းရတယ်။ ဒါပေမဲ့ အချိန်ပိုကို ၅ နာရီမှ စတွက်တယ်။ အချိန်ပိုဆင်းရတိုင်း နာရီဝတ်ကို အလကားလုပ်ပေးရသလို ပဲ။ ပြီးတော့ တနေ့အတွက် အလုပ်ချိန်က ၈ နာရီခွဲ အထိလုပ်ပေးနေရတာ။

 

စနေလို နေ့တွေ အချိန်ပို လုပ်ရပြီ ဆိုရင် ထမင်းစားပြီးကတည်းက ညနေ ၆ နာရီခွဲမှ အနားရတော့ တယ်။ ဘာနားချိန်မှမရှိဘဲ ၆ နာရီကျော် လုပ်ရတယ်။ ၆ ခွဲမှာ ထမင်းစားပြိး ၇ နာရီကနေ ည ၁၁ နာရီခွဲ အထိ အချိန်ပို လုပ်ရတယ်။ အဲ့ဒါမှ ၆၈၀၀ ပဲ ရတယ်။ အချိန်ပိုလုပ်ရတာက  ၅ နာရီ ။ ဒါဆို ညီမလုပ်ရတဲ့ အခြေခံလစာက ၅၄၀၀ ကျော်ကျော်ပဲ ရှိတယ်။ ဘာမှလဲ ၅၈၀၀ ဆိုတာ။ တွက်ကြည့်တာနဲ့ သိနိုင်ပါတယ်။

 

အဲ့ဒါက စနေနေ့ အချိန်ပို လုပ်ရတိုင်း ကြုံရတာပဲ။ ဒါကြောင့်လည်း ညပိုင်း အချိန်ပို လုပ်ခိုင်းရင် ဘယ်သူမှ မလုပ်ချင်ကြတာ။ 

ကိုယ်အမှတ်တံဆိပ်ကိုယ်စားလှယ်တွေ စက်ရုံလာရင် အလုပ်သမားတွေ ရေမသောက်ရတော့ဘူး။ ဘာလို့ လုပ်ငန်းခွင်ထဲ ရေဗူး ယူခွင့်မရတော့ဘူး။ တခြားနေရာတခုမှာ သောက်ရေ စီစဉ်ထားပေးတယ်။ စက်ရုံတံခါးတွေ အကုန်ပိတ်ထားတော့ ထွက်သောက်လို့ မရတော့ဘူး ။ပန်ကာဆိုတာ တပ်ထားတာပဲ ရှိတာ။ လုံးဝမဖွင့်တာ။ 

 

အလုပ်သမားတွေမှာ ရေတွေစာ၊ အာခေါင်တွေ ခြောက်နဲ့ ငရဲမှာ အလုပ်လုပ်နေရသလို ပဲ။ 

 

ဒီထက်ဆိုးတာက အထည်စံချိန် အထည်အရေအတွက် ရဖို့ ဖိအားပေး၊ ခြိမ်းခြောက်၊ အကျပ်ကိုင်တော့ ဘယ်လိုမှာ ရေထသောက်ဖို့ မဖြစ်နိုင်ဘူး။ အပေါ့အပါးသွားဖို့ ဆိုတာလည်း မလုပ်နိုင်ကြဘူး။ ဒါကြောင့် အလုပ်သမားတွေက စက်ရုံကို တယောက်ယောက်မှာ ကြောက်ကြတယ်။ 

 

စက်ရုံမှာ ချိုးဖောက်တာတွေ ပြောပြလို့ မကုန်ဘူး။ ညီမတို့ လစာ အခုအထိမရသေးဘူး။ မရတာထတ် ကတိပြုထားတဲ့ ဒေကြေး၊ အထည်ကြေး၊ ရက်မှန်ကြေး နဲ့ တခြားခံစားခွင့်တွေ အပြည့်အဝလိုချင်တာ။ တောင်းဆိုတဲ့ အလုပ်သမား ၃၀၀ ကျော်နဲ့ မိသားစုဝင်တွေ အတွက် လုပ်ခလစာက သိပ်အရေးကြီးပါတယ်။

 

တောင်းဆိုမှုတွေ ပြီးဆုံးပြီဆိုတာ မဟုတ်ကြောင်းလည်း ထပ်ပြောပါရစေနော်..။ 

 

ဒါပါပဲ အကိုနဲ့ အမတို့။ ကျေးဇူးတင်ပါတယ်။ 

 


Related posts

Cover
Golden Maple Leaf Myanmar အထည်ချုပ် လုပ်သားများ အလုပ်ချိန်တွင် စစ်မှုထမ်း စုဆောင်းခံရ
Feb 26, 2026
Cover
Hige Fashion Accessories Myanmar စက်ရုံ ကိုယ်ဝန်ဆောင် အလုပ်သမားအား အလုပ်ထုတ်
Feb 26, 2026
Cover
Dishang Fashion (Myanmar) အထည်ချုပ် အချိန်ပိုကြိုပို့ အဆင်မပြေ၊ ကုန်ကျစာရိတ် များပြား
Feb 25, 2026
Cover
Max Technology စက်ရုံမှာ မိလ္လာကန် ပြည့်လျှံလို့ အလုပ်သမား ၁၀၀၀ ကျော် ဒုက္ခရောက်နေ
Feb 25, 2026
Cover
Titan Tree Myanmar (Tha Shu) အထည်ချုပ် လစာတိုးမြှင့်ပေးရေး ဆောင်းဆိုမှု ခြိမ်းခြောက်ခံနေရ
Feb 25, 2026
Cover
Golden Propitious (Myanmar) အထည်ချုပ် အလုပ်သမားများ ဆန္ဒမပါဘဲ အချိန်ပို လုပ်ကိုင်နေရ
Feb 24, 2026
Cover
Hanfex Garment အချိန်ပို အတင်းအကျပ် လုပ်ကိုင်ခိုင်း၊ မဆင်းလို့ အလုပ်ထုတ်
Feb 23, 2026