Gainway international အထည်ချုပ်စက်ရုံမှာ အချိန်ပို ၂ နာရီအပြင် နောက်ထပ် အချိန်ပို မဆင်းလို့ဆိုပြီး ဆူပူ ခြိမ်းခြောက် ပြောဆိုခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံကတော့ လက်ရှိ Elam နဲ့ MCW အမှတ်တံဆိပ် ချုပ်လုပ်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
“အလုပ်သမားတွေရဲ့ ဆန္ဒမပါဘဲ အတင်းအကျပ် အချိန်ပိုဆင်းဖို့ လက်မှတ်ထိုးခိုင်းတာ။ နေ့တိုင်းလည်း အချိန်ပို ၂ နာရီလုပ်ပေးရတယ်။ အချိန်ပို လုပ်ရမယ်လို့ ကြိုပြောတာလည်း မရှိဘူး။ တနင်္ဂနွေလို ပိတ်ရက်တွေမှာလည်း အချိန်ပို လုပ်နေရတာ ” လို့ အလုပ်သမားတွေက ပြောပါတယ်။
စက်ရုံတွေမှာ အချိန်ပို လုပ်ကိုင်လိုပါက အလုပ်သမားတွေရဲ့ သဘောတူကြောင်း လက်မှတ်နဲ့ အတူ အလုပ်သမားဦးစီးဌာနကို ကြိုတင်အကြောင်းကြားရမယ်လို့ အလုပ်သမားဝန်ကြီးဌာနရဲ့ စက်ရုံတွေ အတွက် ညွှန်ကြားလွှာမှာဖော်ပြထားပါတယ်။
Gainway International (Myanmar) Garment Co.,Ltd အထည်ချုပ်စက်ရုံမှာ အချိန်ပိုလုပ်ကိုင်ရမဲ့ အကြောင်း ကြိုတင် အကြောင်းကြာတာ မရှိတဲ့ အပြင် အချိန်ပိုကို ဆက်လက် မလုပ်ကိုင်လို့ ဆိုပြီး စူပါ(ကြီးကြပ်ရေးမှူး) တွေက ခြိမ်းခြောက် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
“စက်ရုံမှာ အချိန်ပို ဆက်မလုပ်တဲ့ အလုပ်သမား ၆ ယောက်လောက်ကို စူပါက ဒေါသတကြီး ပြောဆိုတယ်။ ည ၈ နာရီအထိ အချိန်ပိုမဆင်းဘဲ ညနေ ၆ နာရီမှာ ပြန်လို့ဆိုပြီး ပေါ့။ အချိန်ပိုမလုပ်နိုင်ရင် နေ့တိုင်း ၄ နာရီ အလုပ် ဆင်းချိန် ပြန်ဆိုပြီး ပြောတာ။ ဒါတောင် နေ့တိုင်း အချိန်ပို ၂ နာရီလုပ်ပေးနေတာပါ။ လက်ရှိ လစာက အိုတီ မရှိရင် မလောက်ဘူး။ အလုပ်သမား အချင်းချင်း အလုပ်ကိုင်ကို ခြိမ်းခြောက်ပြောခဲ့တာပါ။” လို့ အလုပ်သမားတဦးက ပြောပါတယ်။
Gainway international အထည်ချုပ်စက်ရုံရဲ့ အလုပ်ချိန်မှာ (အချိန်ပို အပါ) မနက် ၇ နာရီခွဲကနေ ညနေ ၆ နာရီအထိ ဖြစ်ပြီး နေ့လယ်စာ စားပြီးချိန်ကနေ ၆ နာရီကြာ ဆက်တိုက် နားချိန်မပေးဘဲ နေ့စဉ် လုပ်ကိုင် နေရတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
“အချိန်ပိုလုပ်တာ ညနေ ၆ နာရီအထိကို နားချိန်မပေးဘူး။ ဘာမှလည်း မကျွေးဘူး။ ည ၈ နာရီအထိဆင်းတဲ့နေ့ဆို မုန့်တခု ကျွေးတယ် ။ နားချိန်ပေးပြီး စားခိုင်းတာမဟုတ်ဘူး။ လုပ်ကိုင်နေရင်း စားရတာပေါ့။ ဒါတောင် တရုတ်ဆရာ တွေ ရှိရင်မစားရဘူး။” လို့ ပြောပါတယ်။
စက်ရုံအတွင်း အထည်ဆုကြေးကိုခွဲခြားပေးတာတွေလည်း ရှိလို့ လုပ်ခလစာရရှိမှု မမျှတတာတွေရှိတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
Gainway international myanmar garment.Co.,Ltd အထည်ချုပ် စက်ရုံမှာ ပြီးခဲ့နှစ် ၂၀၂၃ ခုနှစ်က လစာ တိုးမြှင့်တောင်းဆိုမှုတွေ ဖြစ်ပွားခဲ့ပြီး အဲ့ဒီအချိန်က လုပ်သား ၉၀၀ ဝန်းကျင်ရှိခဲ့ပေမဲ့ လက်ရှိမှာတာ့ လုပ်သား ၅၀၀ ဝန်းကျင်သာရှိတယ်လို့ သိရပါတယ်။
“ဆန္ဒမပါဘူး။ ဖိအားပေးပြီး အချိန်ပိုတွေ ဆင်းခိုင်းတော့ အလုပ်ထဲ စိတ်မပါတော့ဘူး၊ မပျော်တော့ဘူး။ အလုပ် ထွက်ချင်လာတဲ့ အထိပါ။ စာဝတ်နေရေး မလောက်လို့သာ ဆင်းနေရတာပါ။ လူတွေနည်းသွားလည်း ဒီလုပ်ကို ရှိတာနဲ့လုပ်နေရတာပဲ။ ဆုကြေးတွေ လုပ်ခလစာ ခွဲခြားတာတွေ ရှိလည်း ကြိတ်မှိတ်လုပ်နေရတာ။” လို့ အလုပ်သမားတဦးက ပြောပါတယ်။
လုပ်သားအင်အား နည်းလာပေမဲ့ စက်ရုံဘက်က ပြန်လည် ဖြည့်တင်းတာမရှိဘဲ ရှိတဲ့ လူအင်အားနဲ့သာ လုပ်ကိုင်ကိုင်နေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ဒါအပြင် စက်ရုံအတွင်း အပူရှိန်ပြင်းထန်မှု အောက်မှာ လုပ်ကိုင်နေရတဲ့ ဌာနတွေရှိနေပြီး အလုပ်သမားတွေ အဆင်ပြေအောင် ပြုပြင်ပြောင်းလဲတာတွေ မရှိဘူးလို့လည်း အလုပ်သမားတွေက ပြောပါတယ်။
“အလုပ် လုပ်ရတဲ့ နေရာက အရမ်းပူပါတယ်။ လေအေးစက် တပ်ပေးဖို့ တောင်းဆိုပေမယ့်၊ မရပါဘူး။
အခန်း အပူချိန်ကိုတော့ နေ့တိုင်း လာမှတ်နေတာပဲ ။ အခန်းက အပူချိန် ၃၇ ၊ ၃၈၊ ၃၉ အမြဲ ရှိနေတာ။ ဒါကို အပူချိန်ကို ၃၃၊၃၄ ဆိုပြီး လိမ်ဖြည့်နေတာ။ ပူလွန်းလို့ ဆေးခန်းမှာ ဓာတ်ဆားသွားတောင်းရင် ၂ ယောက် တထုတ် ပဲပေးတယ်။ တခါတလေ မရတာတွေလည်း ရှိပါတယ်။” လို့ စက်ရုံအပူရှိန်ပြင်းထန်တာနဲ့ ပတ်သက်ပြီး အလုပ်သမားတဦး ကပြောပါတယ်။
ရန်ကုန်မြို့ ၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်မှာ ရှိပြီး တရုတ်လူမျိုးတဦး ပိုင်ဆိုင်တယ်လို့ သိရပါတယ် ။ စက်ရုံမှာ WCC အဖွဲ့ ဖွဲ့စည်းထားပြီး အလုပ်သမားတွေက လိုအပ်ချက်တွေ၊ ပြဿနာ အခက်အခဲ တွေကို တင်ပြပေမဲ့ ဖြေရှင်းပေးတာတော့ မရှိဘူးလို့လည်း အလုပ်သမားတွေက ပြောဆိုထားပါတယ်။
NEWS
Gainway international စက်ရုံတွင် အချိန်ပို မဆင်းသည့် အလုပ်သမားများအား ဆူပူ ခြိမ်းခြောက် ပြောဆို

867 Views
Related posts

Myanmar Handsome မန်နေဂျာ လုပ်အားခ ခေါင်းပုံဖြတ်
Aug 07, 2026

Yuan Hong Garment မှာ အပတ်တိုင်း အချိန်ပို ခိုင်းခွင့် အလုပ်သမားရုံး ဦးစီးမှူး ကိုယ်တိုင် ခွင့်ပြုပေးထား
Aug 07, 2026

New Zhoung Hui အထည်ချုပ် စနေ့နေ့ အလုပ်ဆင်းခိုင်းပြီး အချိန်ပိုကြေးမပေး
Aug 07, 2026

Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026

Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026

SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026

Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026

Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026