NEWS

Eternal Fashion အထည်ချုပ်စက်ရုံ သတ်မှတ် အချိန်ပိုထက် နာရီပေါင်းများစွာ လုပ်ကိုင်နေရ

CoverLogo
1.4K Views

Eternal Fashion အထည်ချုပ်စက်ရုံမှာ အချိန်ပိုတွေ အလွန်ကျွံခေါ်ခိုင်းပါတယ်။ 

ဒီကနေ့ (အောက်တိုဘာ ၂၆)မှာလည်း အောနိုက်  လုပ်ရမှာပါ။  ၂၇ ရက် တနင်္ဂနွေနေ့လည်း တနေကုန် အလုပ်ဆင်းရမှာပါ။ 

နေ့တိုင်း မနက် ၈ နာရီခွဲ အလုပ်စပါတယ်။  ည ၈ နာရီ ၁၀ မိနစ်မှာ အလုပ်ဆင်းပါတယ်။ 

အလုပ်ဆင်းလို ပြန်ရင်လည်း ကြိုပို့ယာဉ် မလောက်မငနဲ့ မဆန့်တဆန့် တင်ပြီး ပို့ပါတယ်။ ညဘက်ဆို ကြိုပို့ယာဉ်တွေလည်း မလာကြပါဘူး။ 

ဆားမလောက်၊ တွံတေး၊ မှော်ဘီ က အလုပ်သမားတွေဆို ည ၁၁ နာရီလောက်မှ အိမ်ကို ရောက်ပါတယ်။ စားဖို့မပြောနဲ့ ချက်ပြုတ်ဖို့လည်း ခက်ခက်ခဲခဲပါ။  

စက်ရုံဘက်ကတော့ အလုပ်ချိန်ကြရင် ထမင်းစားပြီးတမိနစ်လောက် နောက်ကျတာနဲ့  HR မန်နေဂျာက မိုက်ကြီးနဲ့ အော်ပါတယ်။ အလုပ်သမားတွေမှာ နာရီဝက်လောက် ကားစောင့်ချိန်မှာ ဖြစ်သလိုခဏအိပ်ရတာတွေလည်း ရှီပါတယ်။ 
အချိန်ပိုဆင်းရတာ တအားများတော့ မတော်တဆတွေလည်း ဖြစ်နေပါတယ်။ 

အောလင်းဆင်းရတဲ့နေ့ဆို မနက် ၅ နာရီမှ စက်ရုံက ပြန်လွှတ်ပါတယ်။   

ဒီနေ့(အောက်တိုဘာ ၂၄) မနက်ကလည်း  စက်ရုံ ၂ လွှာမှာ မိုးလင်း(အောနိုက်)က် အလုပ်ဆင်းတဲ့ ကောင်မလေး တယောက် BOC မှတ်တိုင်မှာ ကြိုပိုယာဉ်က အဆင်း ကားတိုက်ခံရပါတယ် ။ 
သေသလား  ရှင်လားမသိဘူး။   

 အချိန်ပိုတွေကို သင်္ကြန်အပြီး (၅ လ) ပိုင်းကတည်းက လုပ်ကိုင်နေတာပါ။ စနေနေ့ဆို ည ၆ နာရီ ၁၀ မိနစ်အထိ လုပ်ရပါတယ်။ ကြားရက်တွေမှာဆို ညတိုင်း ၈ နာရီ ၁၀ မိနစ်မှာ အလုပ်သိမ်းတာပါ။  
  
အောနိုက်(ည ၁၂ နာရီ) နဲ့အောလင်း( မနက် ၄) လုပ်ခိုင်းတာတွေက မရေတွက်နိုင်တော့ပါဘူး ။ 

လစာထုတ်တဲ့နေ့ ဆိုရင် တခြားစက်ရုံတွေက ညနေ ၄ နာရီဆို ဆင်းပါတယ်။ Eternal Fashion မှာတော့ ညနေ ၅ နာရီ မိနစ် ၁၀ အထိ ဆင်းပေးရပါတယ် ။

စက်ရုံမှာ WCC အဖွဲ့လည်း ရှိပါတယ်။ အဖွဲ့ဝင်တွေကိုယ်တိုင် အလုပ်သမားတွေအတွက် ပြောဆို ညှိနှိုင်းတာတွေ မရှိပါဘူး။  

အလုပ်သမားတွေ ပင်ပန်းနေတာကို မန်နေဂျာတွေ အောစူပါတွေကလည်း စက်ရုံဘက်ကို  မပြောပြ ကြပါဘူး။  သူတို့ (မန်နေဂျာနဲ့ အောစူပါ) ကိုပေးထားတဲ့ ပိုက်ဆံကမနည်းဘူးလေ။ မန်နေဂျာတယောက်ကို လခ သိန်း ၂၀ လောက် ပေးထားတာ။ အောစူပါဆို ၁၅ သိန်းကျော် ပေးထားပါတယ်။ 

ညီမတို စက်သမားတွေကမှ ချုပ်နိုင်ရင် ချုပ်နိုင်သလောက်ရတာပါ။ စူပါ က ၇ သိန်းကျော်၊ လီတာက ၆သိန်း ကျော်။ အဆဲအဆို  အပြောအဆိုခံရတာက ညီမတို စက်သမား၊ လီတာနဲ့ စူပါပဲ။ 
  
 အောစူပါ၊ မန်နေဂျာလို ခေါင်းဆောင်ပိုင်းတွေက ပြောဆိုရုံနဲ့ လစာတွေ ရသွားတာ။

သူတို့တွေ ဘက်လိုက်တာကလည်း မြင်ရတာ မကောင်းဘူး။ အပေါ် ဖား အောက်ဖိတာ။ သူများ နိုင်ငံသားကို ဖားပြီး ကိုယ့်လူမျိုးကိုတော့ ခွေးလိုဆက်ဆံတာက အဆိုးဆုံးပါ။ စက်လိုင်း ၁ ၊ ၂၊ ၃၊ ၄၊ ၅ ကိုင်တဲ့  မန်နေဂျာ ဆို ပိုဆိုးပါတယ်။ သူ့မိသားစုဝင်၊ သူ့အပေါင်းအသင်းဆို  မပြောမဆိုဘူး။ ကျန်တဲ့ အလုပ်သမားတွေဆို ရစရာ မရှိအောင် ပြောပါတယ်။ 

စက်ရုံက မသိရင် တခုခု ဖြစ်တော့မလို အတင်းအကျပ် ခိုင်းနေတာပါ။  ညီမတို အလုပ်သမားတွေက ည  ၆  နာရီအထိပဲ အချိန်ပို လုပ်ပေးနိုင်ပါတယ်။  

အလုပ်သမားတွေ အရမ်းပင်ပန်းကြပါတယ်။ တနင်္ဂနွေနေ့ နားချင်ကြပါတယ်။ အလုပ်ကို မလာရင်လည်း အပြောဆို ခံရတော့၊ မလာချင်ဘဲ လာနေကြရတာပါ။  အချိန်ပို မလာရင် မန်နေဂျာက ခေါ်ပြောတာက မိန်းကလေး တဦးကို ရစရာမရှိအောင်ပြောတာပါ။ စိတ်မကောင်း ဖြစ်ရပါတယ်။

အလုပ်သမားတွေကအရမ်းပင်ပန်းနေကြတာ။ အစိုးရ ရုံးပိတ်ရက်အတိုင်း  ပိတ်စေချင်တယ်။ 

ညီမတို့က မိသားစု စားဝတ်နေရေးအတွက်မို့ လုပ်နေရတာ။ စက်ရုံ ရုံးပေါ်က ဝန်ထမ်းတွေနဲ့ ခေါင်းဆောင် တွေကတော့ ရေသန့်သောက်ပါတယ်။ ညီမတိုကတော့  စက်ရုံက မသန့်တဲ့ရေပဲ သောက်နေရတာပါ။

သောက်ရေဆို အခုထိ မကောင်းဘူး။ ဝမ်းသွားတဲ့ အလုပ်သမားတွေလည်း များနေပါတယ်။ စက်ရုံက  ပေးတဲ့ရေ သောက်တိုင်း ဝမ်းပျက်ပါတယ်။ 

စက်ရုံကိုလည်း မြို့နယ် အလုပ်သမားရုံးက လာစစ်ပါတယ်။ ပြောင်းလဲ တာတွေမရှိတော့ ။ စက်ရုံ အလုပ်သမားတွေကတော့ ပင်ပင်ပန်းပန်း ဆင်းဆင်းရဲ လုပ်နေရဆဲပါပဲ။ 

သေချာစိစစ် စစ်ဆေးပေးစေချင်ပါတယ်။ 

#အချက်အလက် - ETERNAL FASHION CO.LTD အထည်ချုပ်စက်ရုံက ရန်ကုန်မြို့၊လှိုင်သာယာမြို့နယ်၊ အနော်ရထာစက်မှုဇုန် (မြို့နယ်အလုပ်သမားရုံး အနောက်ဖက်) မှာ ရှိပါတယ်။ စက်ရုံက သုံးထပ် အဆောင်အအုံဖြစ်ပြီး လုပ်သား ၁၀၀၀၀ ဝန်းကျင် လုပ်ကိုင်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ပိုင်ရှင်ဖြစ်သူက တရုတ်နိုင်ငံသား ဖြစ်ပြီး စက်ရုံကတော့ balabala, SEMIR, CN: L, EUR:M,US:M, EST.1990, MADE INCHINA, mini စတဲ့ တံဆိပ်တွေ ချုပ်နေတယ်လို့ သိရပါတယ်။
စက်ရုံဘက်က TikTot လူမှုကွန်ရက်ကို အသုံးပြုနေပြီး၊ အဲဒီမှာတော့ လုပ်ခလစာ အများအပြားရရှိတဲ့ ဗွီဒီယိုဖိုင်နဲ့ အလုပ်သမားခေါ်ယူမှုတွေပြုလုပ်နေတာပါ။ တရက်လုပ်ခ ဘယ်လောက်၊ အချိန်ပို တနာရီ ဘယ်လောက်ဆိုတာ၊ အကျိုးခံစား ဘာတွေဆိုနဲ့ တလ အချိန်ပို ဘယ်လောက် လုပ်ရတယ်ဆိုတာ ပြောဆိုတာ မရှိပါဘူး။

အောက်တိုဘာလဆန်းက တာဝန်ရှိသူတွေကို ကန်တော့ဖို့ ဆိုပြီး စက်ရုံမန်နေဂျာက အောစူပါမှတဆင့်  စက်ချုပ် အလုပ်သမားတွေဆီက ကျပ် နှစ်သောင်းစီ ကောက်ခံ ခဲ့ပါတယ်။ ဒီလိုကောက်ခံတာကို Myanmar Labour News မှာ ဖော်ပြပြီးနောက် ပြန်လည်ပေးအပ်ခဲ့သလို  အချိန်ပို ၂ ရက်ဆက် ခေါ်ယူမှုကို ရပ်တန့်ခဲ့ပါတယ်။လက်ရှိမှာတော့ အချိန်ပိုတွေ ပြန်လည် လုပ်ကိုင်ခိုင်းနေတာလို့  အလုပ်သမားတွေက  ပြောပါတယ်။)

 #MyanmarLabourNews


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026