NEWS

Chu Yang (Myanmar) စက်ရုံက သမဂ္ဂခေါင်းဆောင်အလုပ်ထုတ်ခံရမှု ညှိနှိုင်းနေ

CoverLogo
449 Views

ရွှေပြည်သာ ဝါးတရာစက်မှုဇုန် အမှတ်( - ) ဝန်ဆောင်မှုလမ်းရှိ Chu Yang (Myanmar) Garment Co, Ltd အထည်ချုပ်စက်ရုံမှာ  အလုပ်လုပ်နေတဲ့ အခြေခံအလုပ်သမားသမဂ္ဂခေါင်းဆောင်အလုပ်ထုတ်ခံရမှုကို အလုပ်ရှင်အလုပ်သမား ဆွေးနွေးညှိနှိုင်းနေတယ်လို့ သိရပါတယ်။ 

"Chu Yang (Myanmar) Garment  သမဂ္ဂခေါင်းဆောင်အလုပ်ထုတ်ခံရမှုက ညှိနှိုင်းမယ်။ အလုပ်ရှင် အလုပ်သမားညှိမယ်။ Otto group ကိုလည်းတိုင်ထားတယ်လို့ အလုပ်သမားကို ကူညီဆောင်ရွက်ပေးနေသူက ဆိုပါတယ်။  

အဆိုပါစက်ရုံကအလုပ်သမားတွေဟာ အလုပ်သမားသမဂ္ဂဖွဲ့စည်းမှု တရား၀င်လျှောက်ထားပြီးတစ်လခန့်အကြာ အ.လ.ည ဒုဦးစီးမှူးက စက်ရုံတွင်းလာရောက်စစ်ဆေးစဉ် အလုပ်သမားအဖွဲ့အစည်း အဖွဲ့ဝင်များကို HR ရုံးခန်းသို့ခေါ်ဆောင်ခဲ့ပြီး စက်ရုံမန်နေဂျာအပါ အလုပ်သမားများကို စစ်ဆေးခြင်း၊ အော်ဟစ် ပြောဆိုခြင်း၊ စက်ရုံ စကားပြန် နှစ်ယောက်မှ အဖွဲ့ဝင်အလုပ်သမားများကို ဗီဒီယို မှတ်တမ်းရိုက်ယူခြင်းများပြုလုပ်ပြီး အလုပ်သမားအဖွဲ့အစည်းရဲ့ အလုပ်အမှုဆောင်များကိုသြဂုတ် ၁ ရက်တွင် မြို့နယ် အလုပ်သမားညွှန်ကြားရေးရုံးသို့ လာရန်ပြောဆိုခဲ့တယ်လို့သိရပါတယ်။  

သြဂုတ်၁ရက်တွင် အလုပ်အမှုဆောင်များ အ၊လ၊ည ရုံးသို့သွားရောက်နေစဉ် စက်ရုံမန်နေဂျာနှင့် GM တို့ကလည်း စက်ရုံ၏ HR ရုံးခန်းအတွင်းသို့  အလုပ်သမားအဖွဲ့အစည်း အဖွဲ့ဝင်များကို တစ်ဦးချင်းခေါ်ပြီး "နင်တို့က ဘာနားလည်လို့ အလုပ်သမားအဖွဲ့အစည်း ကိုဖွဲ့စည်းရတာလဲ၊ နင်တို့  ဘယ်နေရာမှ အလုပ်လုပ်လို့ မရအောင် Black List သွင်းပစ်မယ်၊ နင်တို့ ဒီစက်ရုံ မှာ အလုပ်မလုပ်ချင်တော့ဘူးနဲ့တူတယ်လို့ တစ်ဦးချင်းခေါ်ယူ  ခြိမ်းခြောက်ခဲ့တယ်လို့ သိရပါတယ်။

စက်ရုံက အလုပ်သမားများအလုပ်သမားအဖွဲ့အစည်း ဖွဲ့စည်းခွင့်မရအောင် ဟန့်တား နှောင့်ယှက်သူများမှာ အလုပ်ရှင်များသာမက ထိုအဖွဲ့အစည်း ဥပေဒ ကိုစည်းကြပ်တဲ့ ဦးစီးဌာန ဝန်ထမ်းများ ပါ ပါဝင် ပတ်သက် နေခဲ့သည်မှာ ဆယ်စုနှစ် တစု မက ရှိခဲ့ပြီဖြစ်ပြီး အဲ့ဒီလိုမျိုးဖွဲ့စည်းခွင်မရအောင်ခြိမ်းခြောက်တာ အလုပ်ထုတ်တဲ့နည်းတွေနဲ့ ဟန့်တားနေတာဟာ မြန်မာနိုင်ငံ အနေဖြင့် လွတ်လပ်စွာသင်းပင်း ဖွဲ့စည်းခွင့် ILO Convention 87 ကို ချိုးဖောက်ကြောင်း မှတ်တမ်းများ သက်သေ အထောက်အထားများ အဖြစ်မှတ်တမ်းထားရှိပြီး ချိုးဖောက်မှူများရဲ့နောက်ဆက်တွဲအနေနဲ့  ILO ၏ အရေးယူခံရမှုနှင့် Brand ထွက်ခွါမှု နိုင်ငံတကာ Pressure များ ကျရောက်လာမှုများ မှာ  ဥပေဒ ကို နားမလည်သော လုပ်ငန်းပိုင်ရှင်များနှင့် ငွေနောက်လိုက်ခဲ့သည့် ဦးစီးဌာနမှ တချို့သော ဝန်ထမ်းများ၏ လုပ်ရပ်များကြောင့် Garment industry တခုလုံး ရပ်ဆိုင်းရမည့်အနေအထား ဖြစ်လာစေတယ်လို့လည်း STUM ကသုံးသပ်ပြောဆိုထားပါတယ်။ 

"မနေ့က စက်ရုံကို အလည ဒုဦးစီးဝင်စစ်တယ်၊ ဦးစီးက ဘာမှမပြောဘူး၊ HR မန်နေဂျာက တဦးချင်းခေါ်ပြီး အလုပ်သမားတွေကို ဘာမှနားမလည်ဘဲ သမဂ္ဂ ဖွဲ့တယ်ဆိုပြီး လက်ညှိုးထိုးအရှက်ခွဲတယ်၊ တချို့ပြင်ရမဲ့ အချက်တွေရှိလို့နောက်နေ့ ရုံးကို EC အားလုံးလာခဲ့ဖို့ပြောတယ်၊ တကယ်တန်း အပြင်ထွက်ဖို့ gate pass ယူတော့မပေးဘူး၊ကျွန်မတို့နဲ့စကားများရတယ်။ ခုမနက်တော့ မနေ့က gate pass ကြောင့်အလုပ်ထုတ်ခံခဲ့ရတာ၊ ဒုဦးစီးကခေါ်တုန်းကခေါ်တယ်၊ အလုပ်ဖြုတ်တော့ ဘာတခွန်းမှ ဝင်မပြောဘူး"လို့  အလုပ်ဖြုတ်ခံရတဲ့အလုပ်သမားက ထုတ်ဖော်ပြောဆိုထားတယ်လို့ သိရပါတယ်။ 

အလုပ်သမားသမဂ္ဂအဖွဲ့အစည်းရဲ့ အလုပ်သမားခေါင်းဆောင်ကို အလုပ်ထုတ်တာနဲ့ ပတ်သက်ပြီး  Otto group သို့တိုင်ကြားရေး mechanism တခု တည်ဆောက်ထားပြီး website link မှ ဝင်ရောက် တိုင်ကြားရသဖြင့်အလုပ်သမားများလက်လှမ်းမမှီသည့် တိုင်ကြားရေးယန္တရားတစ်ခုလည်းဖြစ်တာကြောင့်  အဆိုပါဖြစ်စဉ်ကို STUM က တိုင်ကြားရေးယန္တရားကိုအသုံးပြုကာ တိုင်ကြားစာလည်းပေးပို့ထားတယ်လို့ သိရပါတယ်။ 

Chu Yang (Myanmar) အထည်ချုပ်စက်ရုံဟာ ၂၀၂၀ ခုနှစ်မတ်လ ၉ ရက်က  ရာနှုန်းပြည့်နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုအနေဖြင့် အမေရိကန်ဒေါ်လာ ၂.၁၃၆ သန်းရင်းနှီးမြှုပ်နှံမှုပြုလုပ်ထားတဲ့  တရုပ်နိုင်ငံသားပိုင် CMP စနစ်ဖြင့်လုပ်ကိုင်သည့်စက်ရုံဖြစ်ပြီး European Flax certification ရရှိထားပြီး Linen အထည်များကိုတာဝန်ယူချုပ်လုပ်သလို  EU brand အများဆုံးချုပ်တဲ့စက်ရုံဖြစ်ပါတယ်။  

အဆိုပါစက်ရုံက  အဓိကချုပ်လုပ်နေတဲ့ကုန်အမှတ်တံဆိပ်တွေဟာ   Rainbow Brand, Bodyflirt Brand , bpc Selection Brand များဖြစ်ပြီး အဆိုပါ Brand ဂျာမဏီနိုင်ငံ၊ ဟမ်းဗက်မြို့ အခြေစိုက် Bonprix Brand ၏ လက်အောက်အခွဲ Brands တွေဖြစ်တယ်လို့လည်းသိရပါတယ်။


Related posts

Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026
Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
Joyful Myanmar Garment အမျိုးသမီး လုပ်သားများအား ပိတ်လိပ်ထမ်းခိုင်း
May 19, 2026