NEWS

Victor House အထည်ချုပ် စက်ရုံ ခွင့် ခံစားခွင့်မပေးဘဲ လစာဖြတ်တောက်

CoverLogo
624 Views
 
Victor House Co.Ltd အထည်ချုပ်စက်ရုံ လုပ်ငန်းခွင်အတွင်း ခွင့်ရက် နဲ့ ခွင့်ခံစားခွင့်တွေကို ခွဲခြားပေးပြီး ရက်ပျက်ပါက ခံစားခွင့်တွေ ဖြတ်တောက်ခံရတယ်လို့ မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ်(IWFM) ကို အလုပ်သမားတွေက ပြောပါတယ်။
 
“အလုပ်သမားတွေ နေထိုင်မ ကောင်းလို့ ရက်ပျက်ရင်လဲ ပြောဆိုခံရတယ်။ ခွင့်ဆို ပေးချင်ရတယ်၊ သူတို့ မပေးရင် မရဘူး။ ခွင့်ပေးရင်လည်း ဒေးကြေးတစ်ခုပဲ ပေးတယ်။ တခြားခံစား ခွင့်ဆို အကုန်ဖြတ်တယ်။ ခွင့်ရတယ်ဆိုတာ အောစူပါ၊စူပါတွေနဲ့ အဆင်ပြေမှ ရတယ်” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
အလုပ်တရက်ပျက်ပါက ကျပ် ငါးသောင်း နစ်နာရတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။ အထည်စံချိန် တနာရီ အထည် ၆၀ အထိ တောင်းခံတာကြောင့် အလုပ်သမားတဦးကို ပွိုင့် နှစ်မျိုးသုံးမျိုး အထိ ချုပ်လုပ်နေရတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
 
“အထည်စံချိန် အလုပ်သမား ၃၀ ကို တစ်နာရီ အထည် ၆၀အထိ တောင်းတယ် ။ အလုပ်သမားတစ်ယောက်ကို နှစ်ပွိုင့်မှသုံးပွိုင့်အထိ ချုပ်လုပ်ရတာ၊ ပဲထည်ကျရင် အောစူပါ၊ စူပါတွေက အော်ဟစ် ဆဲတယ်။ လီတာက ပိုဆိုးတယ်။ ပဲထည်ကျ ဆဲ စတိုင်ချိန်းလည်း ဆဲ၊ ချုပ်ရတာ ဘောင်း ဘီ၊ အင်္ကျီတွေ၊ bbအထည်က အများဆုံးချုပ် ရတယ်။” လို့ ပြောပါတယ်။
 
လုပ်ငန်းခွင်ထဲ အထည်ကို ဓါတ်ပုံရိုက်ပြီး အခြားစက်ရုံတွေကို ပြမှာ စိုးလို့ ဆိုပြီး အလုပ်သမားတွေကို ဖုန်းကိုင်ခွင့်မပေးတာကြောင့် အရေးပေါ် ဆက်သွယ်ဖို့ အခက်အခဲတွေ ရှိနေတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
 
Victor House Co.Ltd အထည်ချုပ်စက်ရုံကို တရုတ်နိုင်ငံသားပိုင်ဆိုင်ပြီး ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ အောက်ထိပ်မှာ ဖွင့်လှစ် လုပ်ကိုင်နေပါတယ်။ လက်ရှိ လုပ်သား ၉၀၀ ဝန်းကျင်က အထည်တွေကို ချုပ်လုပ်နေတယ်လို့ အလုပ်သမားတွေက ပြောဆိုထားပါတယ်။
 

Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026