NEWS

Myanmar Huasheng Kefu Fashion အထည်ချုပ်လုပ်သားများ အကျဉ်းသားသဖွယ် ဆက်ဆံရ ဟုဆို

CoverLogo
485 Views
 
Myanmar Huasheng Kefu Fashion အထည်ချုပ်စက်ရုံ လုပ်သားတွေမှာ ဆဲဆိုခိုင်းစေခံရပြီး နိုင်ငံခြားသားတွေကပါ စောင့်ကြည့် ဖိအားပေး လုပ်ကိုင်ခိုင်းလို့ အကျဉ်းသားသဖွယ် ဆက်ဆံ ခံရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
“အထည်စံချိန်မပြည့်ရင် မိုက်နဲ့အော်ပြီး ပြောဆိုတယ်။ စူပါတွေ အရင် ပြောခံရတာ။ အဲကနေ စူပါတွေက စက်ချုပ်တွေကို ပြန်ဖိအားပေးပြီး ဆဲဆိုပြီးခိုင်းတယ်၊ စံချိန်တောင်းလို့မပြည့်ရင် ဖြစ်ဖြစ် အထည်ပုံနေလို့ ဖြစ်ဖြစ် အဆဲခံရတယ်။ ဒီကြားထဲ တရုတ်တွေက မျက်လုံးတောက်ထောက်ကြည့်ပြီး ဖိအားပေး ခိုင်းပြန်တယ်။ လုပ်လည်း လုပ်ရ ထောင်သားလို ဆက်ဆံခံနေရတယ်။” လို့ ပြောပါတယ်။
 
အထည်စံချိန်ကို စက်ရုံဘက်က တစ်နာရီကို တစ်ခါတောင်းနေတာလို့လည်း ပြောပါတယ်။ လုပ်ငန်းခွင်ထဲမှာ အသက်၁၅၊၁၆အရွယ်ရှိသော လူငယ်၊ လူရွယ်အလုပ်သမားများ၅၀ကျော်ရှိပြီး ဆေးထောက်ခံချက်မပါပဲအ အလုပ်ခန့်ထားပြီး လူကြီးအလုပ်သမားတွေနဲ့ တန်းတူလုပ်ကိုင် ခိုင်းနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ပြီခဲ့ အပတ်အတွင်းက အချိန် ညနက် ၁၂ နာရီအထိ ကို ဆန္ဒမပါဘဲ လုပ်ကိုင်ပေးခဲ့ရတယ်လို့ အလလုပ်သမားတွေက ပြောပါတယ်။
 
“အမြဲတမ်း အလုပ်သမားများ ဆန္ဒမပါဘဲ အချိန်ပိုတွေ ခေါ်တယ်။ ပြီးခဲ့သော အပါတ်တွေကဆို တစ်ပါတ်ကို လေးရက်လောက် အချိန်ပို ညဘက်၁၂နာရီအထိဆင်း ရတယ်။ နေ့ရောညရော ဆင်းပေးရတော့ အိပ်ရေးမဝ၊ ကျန်းမာရေးလဲ ထိခိုက်ပါတယ်။ တနင်္ဂနွေနေ့ပါ အချိန်ပိုအိုတီတွေက မဆင်းချင်လို့လဲမရဘဲ ဖိအားပေးဆင်းခိုင်းနေတာ” လို့ ပြောပါတယ်။
 
ဆန္ဒမပါဘဲ အချိန်ပိုတွေဆင်းခိုင်းနေပေမဲ့ ရှောင်တခင်ခွင့်၊ ဆေးခွင့်တွေနဲ့ ခံစားခွင့် မရဘဲ ဒေးကြေးနဲ့ ရက်မှန်ကြေး ဖြစ်တောက်ခံရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ဖြတ်တောက်မှုကြောင့် မဖြစ်မနေ လုပ်ငန်းခွင်ကို လာရောက်ကြပေမဲ့ အရေးပေါ် သုံးစွဲဖို့ စက်ရုံအတွင်း ဆေးဝါး မရှိဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။
 
“စက်ရုံက ခွင့်လည်း မပေးဘူး။ ခွင့်အတွက် ခံစားခွင့်လည်း မရဘူး။ အလုပ် တစ်ရက်ပျက်တာနဲ့ ဒေးကြေး ၁၁၀၀၀နဲ့ ရက်မှန်ကြေး ၂၅၀၀၀ ဖြတ်တယ်။ နှစ်ရက်ဆိုရင် ရက်မှန်ကြေး ကုန်တာပဲ။ အားတင်းပြီး စက်ရုံလာလည်း စက်ရုံဆေးခန်း ဆရာမကို အရင်ရှာ၊ တွေ့တော့ ဆေးက မရှိဘူး။ “ လို့ ပြောပါတယ်။
 
ဒေးကြေး ကျွမ်းကျင်ကြေးတွေ လျှော့ချတာကြောင့် မူလ လစာအတိုင်းပဲ ရရှိနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ဒါ့အပြင် စက်ရုံဘက်က ချိုးဖောက်မှုတွေကို လာရောက်စစ်ဆေးကြပေမဲ့ အဖြစ်မှန် မပေါ်ပေါက်အောင် စက်ရုံတာဝန်ရှိသူတွေက လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
 
“ကျွမ်းကျင်ကြေးပေးတာတောင် လူဦးရေကန့်သတ်ထားတယ်၊ ဘယ်လောက် ကျွမ်းကျင်နေပါစေ သူတို့ပေးထားတဲ့ လူဦးရေပြည့်နေရင်လဲ ကျွမ်း ကျင်ကြေးကထပ်မရတော့ဘူး။ လာစစ်တဲ့ အဖွဲ့တွေကို HR နဲ့ စူပါတွေက လူရွေးပြီး ဖြေခိုင်းတယ်။ အချိန်ပိုဆို လာစစ်တဲ့ တစ်နေ့ပဲ မခေါ်တာ။ အဲ့လို လုပ်လို့ရတော့ အလုပ်ထုတ်တာလဲ ခဏခဏ ပဲ။ “ လို့ ပြောပါတယ်။
 
Myanmar Huasheng Kefu Fashion Co.,ltd အထည်ချုပ်စက်ရုံ ရန်ကုန်မြို့ ၊ လှိုင်သာယာမြို့နယ်၊ မြစိမ်းရောင်စက်မှုဇုန်မှာ ရှိပြီး တရုတ်နိုင်ငံသားပိုင်ဆိုင်တယ်လို့ သိရပါတယ်။ စက်ရုံမှာ လုပ်သား ၇၀၀ ကျော်က Nomad, Terranova,Lutique, Sinsay, Palemo Store တံဆိပ် အထည်တွေကို ချုပ်လုပ်နေတယ်လို့ သိထားပါတယ်။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026