NEWS

ကျားဖြန့်လုပ်ငန်းများ အလုပ်သမားနှင့် လက်လုပ်လက်စားများအား ပစ်မှတ်ထားလာ

CoverLogo
382 Views
 
အလုပ်သမားတွေ၊ လက်လုပ်လက်စားပြည်သူတွေကို ပစ်မှတ်ထားတဲ့ ငွေကြေးလိမ်လည်မှုပုံစံသစ် ကျားဖြန့်လုပ်ငန်းတွေ ပေါ်ပေါက်နေတယ်လို့ ကိုယ်တိုင်ကြုံတွေ့ရသူ တဦးက ပြောပါတယ်။ အဲ့ဒီ လိမ်လည်မှုပုံစံ ပုဂ္ဂိုလ်ရေး
အချက်အလက်တွေကို အသုံးပြုပြီး လိမ်လည်မှု ပြုလုပ်တာလို့ သိရပါတယ်။
 
“ ဘဏ်ဝန်ထမ်းအယောင်ဆောင်ပြီး အလုပ်သမားတွေနဲ့ လူစည်ကားရာနေရာတွေမှာ (Kpay) သို့မဟုတ် KBZ ဘဏ်အကောင့်တွေ အခမဲ့ဖွင့်ပေးဆိုပြီး စပြောတယ်။ အဲ့လို အကောင့်ဖွင့်တာနဲ့ ငွေကြေး နည်းနည်းပေးတယ်။ ကိုယ်ကလည်း တကယ်ထင်ပြီး မှတ်ပုံတင်နဲ့ သူရဲ့ ဖုန်းကတ်နဲ့ အကောင့်ဖွင့်ပေးလိုက်တယ်” လို့ ပြောပါတယ်။
 
လိမ်လည်သူရဲ့ ဖုန်းနံပါတ်နဲ့ မိမိ မှတ်ပုံတင်ပိုင်ရှင် အမည်ဖြင့် ဖွင့်လှစ်ထား ဘဏ်အကောင့်ကို အသုံးပြုပြီး တရားမဝင်ငွေကြေးလိမ်လည်မှုတွေ လုပ်ဆောင်ကြတာ ဖြစ်တယ်လို့ ကိုယ်တိုင်ကြုံတွေ့ ခဲ့သူတဦးက ပြောပါတယ်။
 
ဒီလို လိမ်လည်တဲ့ ပုံစံ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်တွေကို အသုံးချပြီး ငွေကြေး အလွဲသုံးစား ပြုလုပ်တာ ဖြစ်လို့ ကြီးမားသော ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်တယ်လို့ ဥပဒေ ကျွမ်းကျင်သူတွေက ပြောပါတယ်။
 
“အများစုက ချက်ချင်းရရှိမည့် ငွေကြေးအနည်းငယ်ကိုသာကြည့်တာ၊ ဖြစ်လာနိုင်သည့် အန္တရာယ်ကို သတိမမူမိကြဘူး၊ မသိကြဘူး။ ဒါနဲ့ အလွယ်တကူ လုပ်ပေးလိုက်ကြတာ” လို့ ပြောပါတယ်။
 
လိမ်လည်သူတွေရဲ့ လုပ်ရပ်ကြောင့် ငွေကြေးဆုံးရှုံးခဲ့ရသူတွေ တရားစွဲဆိုလာပါက လိမ်လည်သူတွေ မဟုတ်ဘဲ အကောင့်ဖွင့်ထားတဲ့ မှတ်ပုံတင်ပိုင်ရှင်ကသာ တရားရင်ဆိုင်ရမှာ လို့ ဆိုပါတယ်။ ဥပဒေအရ တရားစွဲခံရပါက ထောင်ဒဏ်အထိ ကျခံရနိုင်တယ်လို့ ဥပဒေရေးရာ ကျွမ်းကျင်သူတွေက ပြောဆိုထားပါတယ်။
 
“လက်ရှိမှာကို ဒီလို လိမ်လည်မှုကြောင့် တရားရင်ဆိုင်နေရသူတွေ ရှိနေတာ။ ဒါကြောင့် အလုပ်သမားတွေရော၊ ပြည်သူတွေရော မှတ်ပုံတင်ကို အလွယ်တကူ မငှားရမ်းမိစေနဲ့၊ ဘဏ်အကောင့်ဖွင့်ဖို့ ဘဏ်ဝန်ထမ်းအစစ်အမှန် ဟုတ်မဟုတ် သေချာစွာ စစ်ဆေး ဖို့ လိုပါတယ်။” လို့ သတိပေးထားပါတယ်။
 
ကိုယ်ပိုင်ဖုန်းဆင်းမ်ကတ်နဲ့ ဖွင့်လှစ်ခြင်းမဟုတ်ဘဲ တခြားသူ ဖုန်းဆင်းမ်ကတ်နဲ့ ဘဏ်ငွေစာရင်း ဖွင့်ခိုင်းပါက လုံးဝမလုပ်ဆောင်သင့်ဘူးလို့လည်း သက်ဆိုင်ရာတာဝန်ရှိသူတွေက သတိပေးနှိုးဆော်ထား ပါတယ်။
(ဓါတ်ပုံဟောင်း)

Related posts

Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026