NEWS

PK Myanmar စက်ရုံတွင် တောင်းဆိုမှု ဖြစ်ပွားနေ

CoverLogo
611 Views
 
ပဲခူးမြို့နယ် PK Myanmar အထည်ချုပ် စက်ရုံမှာ အလုပ်နေရာပြောင်းရွှေ့ဖို့ စီစဉ်တာကြောင့် တောင်းဆိုမှု ဖြစ်ပွားနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ဩဂုတ် ၂၉ ရက် နေ့လယ်ပိုင်းမှာ အလုပ်နေရာ မပြောင်းရွှေ့ ဖို့ တောင်းဆိုခဲ့တာလို့ ပြောပါတယ်။
 
“နေ့လယ်စာ စားပြီးကတည်းက တောင်းဆိုခဲ့တာပါ။ အလုပ်နေရာ ပြောင်းရွှေ့တာကို လက်မခံတာပါ။ စက်ရုံက လူလျှော့ ချင်တာနဲ့ ကျွမ်းကျင်မှုမရှိတဲ့ အလုပ်တွေကို လုပ်ခိုင်းပြီး၊ မလိမ့်တပတ်နဲ့ အလုပ်သမားတွေကို အလုပ်ထွက်အောင် လုပ်နေတယ်။ “ လို့ ပြောပါတယ်။
 
လုပ်ငန်းလိုအပ်ချက်ဆိုပြီး စက်ရုံ အပေါ်ထပ်က အလုပ်သမားတွေကို အောက်ထပ်ပြောင်းရွှေ့ လုပ်ကိုင် ခိုင်းတာကို လက်မခံလို့ တောင်းဆိုမှု ဖြစ်ပွားခဲ့တာလို့ အလုပ်သမားတွေက ပြောပါတယ်။ ပြောင်းရွှေ့ လုပ်ကိုင်ရမဲ့ လုပ်ငန်းက ကျွမ်းကျင်မှု မရှိတာလို့ အလုပ်သမားတွေကို အလုပ်ထွက်စေချင်တဲ့ ရည်ရည်ချက်နဲ့ ပြောင်းရွှေ့ခိုင်းတာလို့ အလုပ်သမားတွေက ပြောပါတယ်။
 
“အလုပ်သမား ၃၀၀ ဝန်းကျင် ပါဝင်တောင်းဆိုနေတယ်။ လုပ်ငန်းတွေ လျှော့တယ်ဆိုပြီး အလုပ်သမားတွေကို အောက်ထပ်ဆင်းခိုင်းပြီး အလုပ်သဘောသဘာဝ မတူတဲ့ အလုပ်တွေ လုပ်ခိုင်းပြီး အလုပ်ထွက်အောင် ဖိအားပေးတာမျိုးကို လက်မခံတာပါ။ လူလျှော့ချင်ရင်လည်း နစ်နာကြေးပေးပြီး ဥပဒေအတိုင်းဆောင်ရွက်ဖို့ တောင်းဆိုတာပါ။” လို့ ပြောပါတယ်။
 
တောင်းဆိုမှုတွေကို WCC အဖွဲ့ ၊ စက်ရုံတာဝန်ရှိသူတွေနဲ့ တင်ပြဆွေးနွေးခဲ့ပေမဲ့ ပြေလည်မှု မရှိခဲ့ဘူးလို့လည်း ဆိုပါတယ်။ ထုတ်လုပ်မှု မန်နေဂျာ အမျိုးသမီးက အလုပ်သမားတချို့ကို ဖိအားပေးပြောဆိုခဲ့ပြီး တောင်းဆိုမှု ပြုလုပ်တဲ့ ဆဲဆိုခဲ့တယ်လို့ ပြောပါတယ်။
 
“စက်ရုံနဲ့ နေ့လယ် ၂ နာရီလောက်မှ ဆွေးနွေးတော့၊ သူတို့ကလည်း ညှိရဦးမယ်ပြောတယ်။ အလုပ်သမားတွေ ကလည်း သူတို့ ညှိတဲ့ကာလမှာ အလုပ် မလုပ်ဘဲ ဆက်တောင်းဆိုမယ်လို့ ပြောထားတယ်။ ထုတ်လုပ်မှု မန်နေဂျာက ဌာနထဲက အလုပ်သမားတချို့ကို အလုပ် ဆက်လုပ်မယ်ဆို အောက်ဆင်းဆိုပြီး ဖိအားပေးတယ်၊ တောင်းဆိုတဲ့ အလုပ်သမားတွေကို ‌ေ-ာက်နဲ့ နှိုင်းပြီး နှိမ်ချပြောခဲ့တယ်” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
စက်ရုံက ကျော်ပိုး အိပ်ချုပ်စက်ရုံဖြစ်ပြီး ၂ ထပ် အဆောက်အအုံ ဖြစ်တယ်လို့ ပြောပါ တယ်။ စက်ရုံ မြေညီထပ်မှာ Coach လက်ဆွဲ အိပ်တွေ ချုပ်လုပ်ပြီး၊ အပေါ်ထပ်ကတော့ LLB ကျောပိုး အိပ်တွေ အိပ်တွေ ချုပ်လုပ်နေတာလို့ အလုပ်သမားတွေက ပြောပါတယ်။
 
“စက်ရုံဘက်က ပထမတခါ အလုပ်သမား အယောက် ၁၀၀ ကို အောက်ထပ်ကို ရွှေ့ပြီးလုပ်ခိုင်းတယ်။ အပေါ်ထပ် အောက်ထပ်ဆိုပေမဲ့ ချုပ်တဲ့အမျိုးအစား မတူဘူး။ အခက်အခဲတွေ အများကြီး ဖြစ်ခဲ့ကြတယ်။ ရွှေ့ပြောင်းခံရတဲ့ အလုပ်သမား အယောက် ၁၀၀ မှာ အလုပ်ထွက်ကြတော့ အခုဆို ၁၀ ယောက်တောင် မပြည့်တော့ဘူး။” လို့ ပြောပါတယ်။
ဒီကနေ့ ဩဂုတ် ၁၀ ရက်မှာ ကုန်အမှတ်တံဆိပ်ကိုယ်စားလှယ်တွေက လာရောက်ညှိနှိုင်းပေးမယ်လို့ စက်ရုံဘက်က အကြောင်းပြန်ထားပြီး တောင်းဆိုမှုတွေကို အောင်မြင်တဲ့အထိ လုပ်ဆောင်သွားမှာလို့ အလုပ်သမားတွေက ပြောဆိုထားပါတယ်။
 
PK (PUNGKOOK Myanmar) အိပ်ချုပ်စက်ရုံက ပဲခူးမြို့၊ မြို့ရှောင်လမ်း၊ အနောက်မဲခုန်ရွာမှာ ရှိတယ်လို့ သိထားပါတယ်။

Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026