NEWS

Tia Hong အထည်ချုပ်စက်ရုံတွင် အလုပ်သမား အခွင့်အရေးချိုးဖောက်မှုများ ရှိနေဟုဆို

CoverLogo
197 Views
 
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်က တိုင်ဟုန် (Tia Hong) အထည်ချုပ်စက်ရုံမှာ လုပ်ငန်းခွင်အတွင်း အလုပ်သမားတွေရဲ့ လွတ်လပ်ခွင့်တွေ ချိုးဖောက်ခံနေရပြီး ဥပဒေနဲ့မညီတဲ့ လုပ်ရပ်တွေ ရှိနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
စက်ရုံ Cutting Leader အမျိုးသားက အလုပ်သမားတွေကို ဓာတ်ပုံရိုက်ယူတာတွေ ပြုလုပ်နေလို့ အလုပ်သမားတွေမှာ လုပ်ငန်းခွင်အတွင်း နေထိုင်ရခက်ခဲမှုများ ကြုံတွေ့နေရတယ်လို့ ပြောပါတယ်။
 
"အိမ်သာသွားလည်း ဓာတ်ပုံရိုက်တယ်၊ အလုပ်လုပ်ရလွန်းလို့ ခဏလေးထိုင်မိရင်တောင် ဓာတ်ပုံရိုက်တယ်။ ဥပဒေအရ ခွင့်ယူရင်တောင် ဌာနပြောင်းမယ်လို့ မီတင်လုပ်တုန်းမှာ ပြောသေးတယ်" ဟု အမည်မဖော်လိုသူ အလုပ်သမားတစ်ဦးက ပြောသည်။
 
ဒါ့အပြင် လုပ်သားတွေရဲ့ ဆန္ဒမပါဘဲ အချိန်ပို ခိုင်းစေတဲ့အပြင် လုပ်သား "ကောင်တွေ၊ ကောင်မတွေ" ဆိုပြီး အလုပ်သမားတွေကို ပြောဆိုတယ်လို့ ဆက်ပြောပါတယ်။
 
Cutting Leader အမျိုးသားက လုပ်သက် တစ်လကျော်သာ ရှိသေးပြီး အဲလို လုပ်ရပ်တွေကြောင့် စက်ရုံလုပ်ငန်းခွင်အတွင်း လုပ်သားတွေအပေါ် ဖိအား ဖြစ်စေတယ်လို့ ပြောဆိုပါတယ်။
 
စက်ရုံအတွင်းလုပ်သားအင်အား လျော့နည်းနေပေမဲ့ ဖိအားပေး ခိုင်းစေလို့ ပိုမိုပင်းပန်းနေရသလို စက်ရုံ အုပ်ချုပ်မှု ပုံစံက အလုပ်သမားများအပေါ် အကြောက်တရားဖြင့် ဖိနှိပ် နေတာ ဖြစ်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
တိုင်ဟုန်စက်ရုံက အလုပ်သမားဥပဒေများကို ချိုးဖောက်ပြီး အလုပ်သမားကိုယ်စားလှယ် တစ်ဦး လစ်လပ်မှုကို အစားထိုး ခန့်အပ်ခြင်း မပြုတာ၊ နေ့စားအလုပ်သမားတွေကို သုံးလကျော်သည်အထိ လခစာစား အမြဲတမ်း ဝန်ထမ်းအဖြစ် ခန့်အပ်ခြင်းမရှိတဲ့ အပြင် အလုပ်က ထုတ်ပယ်တာတွေပါ ပြုလုပ်နေတယ်လို့ သိရပါတယ်။
ပုံဟောင်း - Tia Hong စက်ရုံအတွင်း (၂၀၁၆)

Related posts

Cover
ပုဂ္ဂလိကလုပ်ငန်းများရှိ လုပ်သားများ အတွက် အပိုထောက်ပံ့ကြေး ၁၀၀၀ ထပ်တိုးပေးကာ နေ့စဉ်လုပ်ခ ၇၈၀၀ ကျပ် အဖြစ် သတ်မှတ် (ရုပ်သံသတင်း)
Oct 15, 2025
Cover
ပုဂ္ဂလိကလုပ်ငန်းများရှိ လုပ်သားများ အတွက် အပိုထောက်ပံ့ကြေး ၁၀၀၀ ထပ်တိုးပေးကာ နေ့စဉ်လုပ်ခ ၇၈၀၀ ကျပ် အဖြစ် သတ်မှတ်
Oct 15, 2025
Cover
ထိုင်းနိုင်ငံ၊ Home Richfull စက်ရုံတွင် မြန်မာလုပ်သားများ အတင်းအကျပ် ခိုင်းစေခံနေရ
Oct 14, 2025
Cover
လာအိုနိုင်ငံ၊ TIAN TAI စက်ရုံမှ မြန်မာအလုပ်သမားများ အခွင့်အရေး ချိုးဖောက်ခံနေရ
Oct 14, 2025
Cover
အလုပ်သမားရေး တက်ကြွလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေး အပါအဝင် အကျဉ်းထောင် အချုပ်ခန်းရှိ အချုပ်သား များကို ကြိုတင်မဲထည့်ဖို့ ဖိအားပေးနေဟုဆို
Oct 13, 2025
Cover
လုပ်ငန်းခွင်ဆိုင်ရာချိုးဖောက်မှုတွေ ဖြေရှင်းပေးဖို့ လိုလားနေ
Oct 12, 2025
Cover
Handsome အထည်ချုပ်စက်ရုံတွင် အလုပ်သမားများ ထံမှ တရားမဝင် ငွေကောက်ခံမှုများ ပြုလုပ်နေ (ရုပ်သံသတင်း)
Oct 09, 2025
Cover
Myantex စက်ရုံ အလုပ်သမားခေါင်းဆောင် တချို့ အနိုင်ကျင့် လုပ်ခလစာဖြတ်တောက်နေ (ရုပ်သံသတင်း)
Oct 09, 2025